
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာနည်းပြလီယွန်နယ်စကာလိုနီကိုအသင်းအား၂၀၂၆ခုနှစ်အထိဦးဆောင်နိုင်စေမဲ့စာချုပ်အားချုပ်ဆိုလိုက်နိုင်ပြီဖြစ်ပါတယ်။
အသက်၄၄နှစ်ရှိစကာလိုနီဟာ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အာဂျင်တီးနားအသင်းကိုကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်ဦးဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။
သူဟာ၂၀၁၈ခုနှစ်တွင်အာဂျင်တီးနားနည်းပြအဖြစ်စတင်ခန့်အပ်ခြင်းခံခဲ့ရပြီးနောက်၂၀၂၁ခုနှစ်ကိုပါအမေရိကဖလားလည်းဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်ပါတယ်။
စကာလိုနီဟာယခုအခါအမေရိကန်၊ကနေဒါနှင့်မက္ကဆီကိုတို့ကပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမဲ့၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲအထိအာဂျင်တီးနားကိုဦးဆောင်လာတော့မှာဖြစ်ပါတယ်။
သူဟာမနေ့ညတုန်းကပဲရစ်တွင်ကျင်းပတဲ့ဖီဖာအကောင်းဆုံးဆုပေးပွဲအခမ်းအနားတွင်တစ်နှစ်တာအကောင်းဆုံးနည်းပြဆု(အမျိုးသား)အားဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာပဲရစ်သို့ရောက်နေစဉ်အတွင်းအာဂျင်တီးနားနှင့်စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။
ZawGyi
ဖီဖာတစ်နှစ်တာအကောင်းဆုံးနည်းပြဆုရ စကာလိုနီကို ၂၀၂၆ ခုနှစ်အထိ အာဂျင်တီးနားစာချုပ်သက်တမ်းတိုး