လူကာလော့ကေ့ချ်ချီလီဟာဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲအခမ်းအနားတွင်အသန့်ရှင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
လူကာလော့ကေ့ချ်ချီလီဟာပြိုင်ဘက်အသင်းကစားသမားရဲ့အသက်ကိုကယ်တင်မှုနှင့်အတူအထက်ပါဂုဏ်သိက္ခာမြင့်မားလွန်းလှတဲ့ဆုကိုဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။သူဟာပြိုင်ဘက်ကစားသမား ဩစတြီးယန်းဝီယံစတားဂျော့တီဂယ်ရဲ့အသက်ကိုကယ်တင်နိုင်မှုနဲ့အတူယင်းဆုကိုဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
တီဂယ်ဟာကွင်းအတွင်းမတော်တဆမှုကြောင့်မြက်ခင်းသို့မေ့လဲကျခဲ့ပြီးလျာခေါက်နေခဲ့ပါတယ်။ဒါပေမဲ့အလျှင်အမြန်စဉ်းစားနိုင်ခဲ့တဲ့လော့ကေ့ချ်ချီလီဟာတီဂယ်ရဲ့ပါးစပ်ကိုဟပြီးလျာကိုဖြန့်အောင်လုပ်ကာအသက်ရှူနိုင်အောင်လုပ်ဆောင်ပေးခဲ့ပါတယ်။
လော့ကေ့ချ်ချီလီဟာမကြာသေးမီတုန်းကစီးရီးအေကလပ်ခရီမိုနက်စ်သို့ပြောင်းကစားခဲ့သူဖြစ်ပါတယ်။သူဟာဩစတြီးယားကလပ်ဝုဖ်ဘာဂါတွင်က စားစဉ်တုန်းကအထက်ပါအတိုင်းပြိုင်ဘက်ကစားသမားရဲ့အသက်ကိုကယ်တင်ခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်ချိန်တွင်ကွင်းအတွင်းရှိကစားသမားများကကွင်းဘေးရှိဆေးအဖွဲ့ကိုလက်ပြခေါ်နေကြပြီးလော့ကေ့ချ်ချီလီကတော့တီဂယ်ကိုချက်ချင်းပင်အခြေအနေမှန်ကိုသိပြီးအသက်ကိုကယ်တင်လိုက်နိုင်ခဲ့ပါတယ်။
အထက်ပါအဖြစ်အပျက်နှင့်ပတ်သက်ပြီးလော့ကေ့ချ်ချီလီက “ကံကောင်းချင်တော့ဘာလုပ်ရမလဲဆိုတာချက်ချင်းသိလိုက်တာပါ။ဒီလိုအခြေအနေမျိုးမှာဘာလုပ်ရမယ်ဆိုတာလူတိုင်းသိတယ်။ကျွန်တော်ကသူလျာခေါက်နေတယ်လို့ထင်တယ်”လို့ ထိုစဉ်တုန်းကပြောကြားခဲ့ပါတယ်။
အခုအခါမှာတော့လော့ကေ့ချ်ချီလီဟာသူ့ရဲ့လုပ်ရပ်ကြောင့်တန်ပြန်အကျိုးသက်ရောက်မှုအနေဖြင့်ဖီဖာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုပေးပွဲအခမ်းအနားမှာအသန့်ရှင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်လိုက်ပြီဖြစ်ပါတယ်။
ဒါပေမဲ့သူဟာခရိုမိုနက်စ်မှာရိုးမားနှင့်ပွဲကစားရန်ရှိတာကြောင့်ဆုပေးပွဲအခမ်းအနားကိုတော့ကိုယ်တိုင်တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။
ZawGyi
ဖီဖာအကောင်းဆုံးကစားသမားဆုပေးပွဲတွင် အသန့်ရှင်းဆုံးကစားသမားဆုကို လူကာလော့ကေ့ခ်ျချီလီ ဘာကြောင့် ဆွတ်ခူးခဲ့သလဲ?
လူကာလော့ကေ့ခ်ျချီလီဟာဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲအခမ်းအနားတွင်အသန့်ရှင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
အခင်းဖြစ်ချိန်တွင်ကွင်းအတွင်းရှိကစားသမားများကကွင်းဘေးရှိဆေးအဖွဲ့ကိုလက်ပြခေါ်နေကြပြီးလော့ကေ့ခ်ျချီလီကတော့တီဂယ်ကိုချက်ချင်းပင်အခြေအနေမှန်ကိုသိပြီးအသက်ကိုကယ်တင်လိုက်နိုင်ခဲ့ပါတယ်။
အခုအခါမှာတော့လော့ကေ့ခ်ျချီလီဟာသူ့ရဲ့လုပ်ရပ်ကြောင့်တန်ပြန်အကျိုးသက်ရောက်မှုအနေဖြင့်ဖီဖာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုပေးပွဲအခမ်းအနားမှာအသန့်ရှင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်လိုက်ပြီဖြစ်ပါတယ်။