Fifa Club World Cup 2023 ကို ဆော်ဒီတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည်

ဆော်ဒီနိုင်ငံဟာဒီဇင်ဘာလ၁၂ရက်နေ့မှ၂၂ရက်နေ့အထိကျင်းပမဲ့ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလက်ခံကျင်းပရန်အိမ်ရှင်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်က Al Hilal ကိုမော်ရိုကိုတွင်၅-၃ဂိုးဖြင့်အနိုင်ရရှိကာဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားပြီးနောက်၃ရက်အကြာတွင်ဆော်ဒီကိုအိမ်ရှင်သစ်အဖြစ်ရွေးချယ်လာတာဖြစ်ပါတယ်။

Al Hilal ဟာကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်နိုင်တဲ့ပထမဆုံးဆော်ဒီကလပ်ဖြစ်လာခဲ့ပါတယ်။

ဆော်ဒီဟာ၂၀၀၀ခုနှစ်နောက်ပိုင်းတွင် အိမ်ရှင်အဖြစ်ရွေးချယ်ခြင်းခံရတဲ့ ဆဌမမြောက်နိုင်ငံလည်းဖြစ်လာပါတယ်။

ဆော်ဒီဟာနောက်ပိုင်းနှစ်များတွင်အားကစားလောကတွင်များစွာရင်းနှီးမြှပ်နှံလာတဲ့နိုင်ငံဖြစ်ပြီးနိုင်ငံ့ရဲ့လူ့အခွင်အရေးချိုးဖောက်မှုများကိုအရေခြုံကာကွယ်ရန်ကြိုးပမ်းနေတယ်လို့စွပ်စွဲခြင်းခံနေရပါတယ်။

ယခုလအစောပိုင်းတုန်းကလည်း၂၀၂၃ခုနှစ်အမျိုးသမီးကမ္ဘာ့ဖလားအိမ်ရှင်များဖြစ်ကြတဲ့ဩစတြေးလျနှင့်နယူးဇီလန်တို့ကအမျိုးသမီးကမ္ဘာ့ဖလားအဓိကစပွန်ဆာအဖြစ် ဆော်ဒီခရီးသွားလုပ်ငန်းကိုရွေးချယ်လာနိုင်မှုနှင့်ပတ်သက်ပြီးဖီဖာထံဖြေရှင်းချက်တောင်းခဲ့ကြပါတယ်။

ဖီဖာဟာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို၂၀၂၅ခုနှစ်မှစတင်ကာပြောင်းလဲကျင်းပရန်စီစဉ်ထားပြီးဥရောပအသင်း ၁၂ သင်းအထိပါဝင်ရန်စီစဉ်ထားပါတယ်။

တဖက်တွင်ဆော်ဒီဟာ၂၀၃၀ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်အီဂျစ်၊ဂရိတို့နှင့်ပူးတွဲလျှောက်ထားရန်စီစဉ်နေပါတယ်။

ZawGyi

Fifa Club World Cup 2023 ကို ေဆာ္ဒီတြင္ ပထမဆုံးအႀကိမ္အျဖစ္ က်င္းပမည္

ေဆာ္ဒီႏိုင္ငံဟာဒီဇင္ဘာလ၁၂ရက္ေန႔မွ၂၂ရက္ေန႔အထိက်င္းပမဲ့ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကိုလက္ခံက်င္းပရန္အိမ္ရွင္အျဖစ္ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

ရီးရဲလ္မက္ဒရစ္က Al Hilal ကိုေမာ္႐ိုကိုတြင္၅-၃ဂိုးျဖင့္အႏိုင္ရရွိကာဖီဖာကလပ္ကမာၻ႔ဖလားခ်န္ပီယံျဖစ္သြားၿပီးေနာက္၃ရက္အၾကာတြင္ေဆာ္ဒီကိုအိမ္ရွင္သစ္အျဖစ္ေ႐ြးခ်ယ္လာတာျဖစ္ပါတယ္။

Al Hilal ဟာကလပ္ကမာၻ႔ဖလားဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္တဲ့ပထမဆုံးေဆာ္ဒီကလပ္ျဖစ္လာခဲ့ပါတယ္။

ေဆာ္ဒီဟာ၂၀၀၀ခုႏွစ္ေနာက္ပိုင္းတြင္ အိမ္ရွင္အျဖစ္ေ႐ြးခ်ယ္ျခင္းခံရတဲ့ ဆဌမေျမာက္ႏိုင္ငံလည္းျဖစ္လာပါတယ္။

ေဆာ္ဒီဟာေနာက္ပိုင္းႏွစ္မ်ားတြင္အားကစားေလာကတြင္မ်ားစြာရင္းႏွီးျမႇပ္ႏွံလာတဲ့ႏိုင္ငံျဖစ္ၿပီးႏိုင္ငံ့ရဲ႕လူ႔အခြင္အေရးခ်ိဳးေဖာက္မႈမ်ားကိုအေရၿခဳံကာကြယ္ရန္ႀကိဳးပမ္းေနတယ္လို႔စြပ္စြဲျခင္းခံေနရပါတယ္။

ယခုလအေစာပိုင္းတုန္းကလည္း၂၀၂၃ခုႏွစ္အမ်ိဳးသမီးကမာၻ႔ဖလားအိမ္ရွင္မ်ားျဖစ္ၾကတဲ့ဩစေၾတးလ်ႏွင့္နယူးဇီလန္တို႔ကအမ်ိဳးသမီးကမာၻ႔ဖလားအဓိကစပြန္ဆာအျဖစ္ ေဆာ္ဒီခရီးသြားလုပ္ငန္းကိုေ႐ြးခ်ယ္လာႏိုင္မႈႏွင့္ပတ္သက္ၿပီးဖီဖာထံေျဖရွင္းခ်က္ေတာင္းခဲ့ၾကပါတယ္။

ဖီဖာဟာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကို၂၀၂၅ခုႏွစ္မွစတင္ကာေျပာင္းလဲက်င္းပရန္စီစဥ္ထားၿပီးဥေရာပအသင္း ၁၂ သင္းအထိပါဝင္ရန္စီစဥ္ထားပါတယ္။

တဖက္တြင္ေဆာ္ဒီဟာ၂၀၃၀ကမာၻ႔ဖလားအိမ္ရွင္အျဖစ္အီဂ်စ္၊ဂရိတို႔ႏွင့္ပူးတြဲေလွ်ာက္ထားရန္စီစဥ္ေနပါတယ္။