FIFA The Best ဆုအတွက် ကစားဖော်ဘန်ဇီးမားကို မရွေးဘဲ လီယွန်နယ်မက်ဆီအား ရွေးချယ်မှုအပေါ် အလာဘာရှင်းလင်းလာ

ရီးရဲလ်မက်ဒရစ်နောက်ခံလူဒေးဗစ်အလာဘာဟာFIFA The Best ဆုအတွက်ရီးရဲလ်မက်ဒရစ်ကစားဖော်ကာရမ်ဘန်ဇီးမားကိုမဲမပေးဘဲပီအက်စ်ဂျီနှင့်အာဂျင်တီးနားစတားလီယွန်နယ်မက်ဆီကိုမဲပေးမှုကြောင့်အပြင်းအထန်ဝေဖန်မှုများနှင့်ရင်ဆိုင်ရပြီးနောက်တွစ်တာကိုအသုံးပြုပြီးရှင်းလင်းမှုပြုလုပ်လာပါတယ်။

ဒေးဗစ်အလာဘာဟာဩစတြီးယားအသင်းခေါင်းဆောင်ဖြစ်ရာ FIFA The Best ဆုအတွက်မဲပေးခွင့်ရှိနေသူလည်းဖြစ်ပါတယ်။သူဟာFIFA The Best မဲပေးရာတွင်လီယွန်နယ်မက်ဆီကိုနံပါတ်၁နေရာအတွက်လည်းကောင်း၊ကာရမ်ဘန်ဇီးမားကိုနံပါတ်၂နေရာအတွက်လည်းကောင်း၊ကိုင်လီယန်ဘက်ပေးကိုနံပါတ်၃နေရာအတွက်လည်းကောင်းမဲပေးခဲ့ပါတယ်။

FIFA The Bestဆုကိုတနင်္လာနေ့ညတုန်းကပဲရစ်တွင်ကျင်းပခဲ့ရာလီယွန်နယ်မက်ဆီကကိုင်လီယန်ဘက်ပေးနှင့်ကာရမ်ဘန်ဇီးမားတို့ကိုကျော်ဖြတ်ကာဆွတ်ခူးသွားခဲ့ပါတယ်။

အသက်၃၀နှစ်ရှိအလာဘာဟာကစားဖော်ကာရမ်ဘန်ဇီးမားကိုမဲမပေးဘဲလီယွန်နယ်မက်ဆီကိုဦးစားပေးအဖြစ်မဲပေးခဲ့မှုနှင့်အွန်လိုင်းတွင်တိုက်ခိုက်မှုများခံလာခဲ့ရပါတယ်။

ယခုအခါအလာဘာဟာမက်ဆီကိုမဲပေးခဲ့မှုနှင့်ပတ်သက်ပြီး “FIFA The Best Awardနဲ့ပတ်သက်ပြီးဩစတြီးယားအသင်းဟာအသင်းတစ်သင်းအနေနဲ့မဲပေးခဲ့တာပါ။ကျွန်တော့်အနေနဲ့မဲပေးခဲ့တာမဟုတ်ပါဘူး။အသင်းကောင်စီမှာရှိတဲ့သူတိုင်းမဲပေးခွင့်ရှိပါတယ်။ပြီးတော့မှဘယ်သူ့ကိုမဲပေးမလဲဆိုတာဆုံးဖြတ်တာပါ။လူတိုင်းလည်းသိပါတယ်။ကာရမ်ကိုကျွန်တော်ဘယ်လောက်လေးစားအားကျတယ်ဆိုတာ။သူ့စွမ်းဆောင်ရည်အပေါ်မှာအားကျတယ်။ကျွန်တော့်အတွက်သာဆိုရင်သူကကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးပါ။သံသယဖြစ်စရာမရှိပါဘူး”လို့ရှင်းလင်းသွားခဲ့ပါတယ်။

တကယ်လို့များအလာဘာသာကာရမ်ဘန်ဇီးမားကိုဦးစားပေးအဖြစ်မဲပေးခဲ့ပါကလည်းမက်ဆီပင်လျှင် ဆွတ်ခူးသွားဦးသွားမှာဖြစ်ပါတယ်။မက်ဆီဟာ၅၂မှတ်ဖြင့်ပြတ်ပြတ်သားသားရရှိခဲ့ပြီးဘက်ပေးက၄၄မှတ်ဖြင့်ဒုတိယ၊ဘန်ဇီးမားက၃၂မှတ်ဖြင့်တတိယရရှိခဲ့တာပါ။

ZawGyi

FIFA The Best ဆုအတြက္ ကစားေဖာ္ဘန္ဇီးမားကို မေ႐ြးဘဲ လီယြန္နယ္မက္ဆီအား ေ႐ြးခ်ယ္မႈအေပၚ အလာဘာရွင္းလင္းလာ

ရီးရဲလ္မက္ဒရစ္ေနာက္ခံလူေဒးဗစ္အလာဘာဟာFIFA The Best ဆုအတြက္ရီးရဲလ္မက္ဒရစ္ကစားေဖာ္ကာရမ္ဘန္ဇီးမားကိုမဲမေပးဘဲပီအက္စ္ဂ်ီႏွင့္အာဂ်င္တီးနားစတားလီယြန္နယ္မက္ဆီကိုမဲေပးမႈေၾကာင့္အျပင္းအထန္ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ရၿပီးေနာက္တြစ္တာကိုအသုံးျပဳၿပီးရွင္းလင္းမႈျပဳလုပ္လာပါတယ္။

ေဒးဗစ္အလာဘာဟာဩစႀတီးယားအသင္းေခါင္းေဆာင္ျဖစ္ရာ FIFA The Best ဆုအတြက္မဲေပးခြင့္ရွိေနသူလည္းျဖစ္ပါတယ္။သူဟာFIFA The Best မဲေပးရာတြင္လီယြန္နယ္မက္ဆီကိုနံပါတ္၁ေနရာအတြက္လည္းေကာင္း၊ကာရမ္ဘန္ဇီးမားကိုနံပါတ္၂ေနရာအတြက္လည္းေကာင္း၊ကိုင္လီယန္ဘက္ေပးကိုနံပါတ္၃ေနရာအတြက္လည္းေကာင္းမဲေပးခဲ့ပါတယ္။

FIFA The Bestဆုကိုတနလၤာေန႔ညတုန္းကပဲရစ္တြင္က်င္းပခဲ့ရာလီယြန္နယ္မက္ဆီကကိုင္လီယန္ဘက္ေပးႏွင့္ကာရမ္ဘန္ဇီးမားတို႔ကိုေက်ာ္ျဖတ္ကာဆြတ္ခူးသြားခဲ့ပါတယ္။

အသက္၃၀ႏွစ္ရွိအလာဘာဟာကစားေဖာ္ကာရမ္ဘန္ဇီးမားကိုမဲမေပးဘဲလီယြန္နယ္မက္ဆီကိုဦးစားေပးအျဖစ္မဲေပးခဲ့မႈႏွင့္အြန္လိုင္းတြင္တိုက္ခိုက္မႈမ်ားခံလာခဲ့ရပါတယ္။

ယခုအခါအလာဘာဟာမက္ဆီကိုမဲေပးခဲ့မႈႏွင့္ပတ္သက္ၿပီး “FIFA The Best Awardနဲ႔ပတ္သက္ၿပီးဩစႀတီးယားအသင္းဟာအသင္းတစ္သင္းအေနနဲ႔မဲေပးခဲ့တာပါ။ကြၽန္ေတာ့္အေနနဲ႔မဲေပးခဲ့တာမဟုတ္ပါဘူး။အသင္းေကာင္စီမွာရွိတဲ့သူတိုင္းမဲေပးခြင့္ရွိပါတယ္။ၿပီးေတာ့မွဘယ္သူ႔ကိုမဲေပးမလဲဆိုတာဆုံးျဖတ္တာပါ။လူတိုင္းလည္းသိပါတယ္။ကာရမ္ကိုကြၽန္ေတာ္ဘယ္ေလာက္ေလးစားအားက်တယ္ဆိုတာ။သူ႔စြမ္းေဆာင္ရည္အေပၚမွာအားက်တယ္။ကြၽန္ေတာ့္အတြက္သာဆိုရင္သူကကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးပါ။သံသယျဖစ္စရာမရွိပါဘူး”လို႔ရွင္းလင္းသြားခဲ့ပါတယ္။

တကယ္လို႔မ်ားအလာဘာသာကာရမ္ဘန္ဇီးမားကိုဦးစားေပးအျဖစ္မဲေပးခဲ့ပါကလည္းမက္ဆီပင္လွ်င္ ဆြတ္ခူးသြားဦးသြားမွာျဖစ္ပါတယ္။မက္ဆီဟာ၅၂မွတ္ျဖင့္ျပတ္ျပတ္သားသားရရွိခဲ့ၿပီးဘက္ေပးက၄၄မွတ္ျဖင့္ဒုတိယ၊ဘန္ဇီးမားက၃၂မွတ္ျဖင့္တတိယရရွိခဲ့တာပါ။