အာဂျင်တီးနားနှင့်ပြင်သစ်တို့ရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ကိုင်တွယ်မဲ့ ဒိုင်လူကြီး

တနင်္ဂနွေနေ့ညတွင်အာဂျင်တီးနားနှင့်ပြင်သစ်တို့ရင်ဆိုင်ကစားမဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲအားကြီးကြပ်မဲ့ဒိုင်လူကြီးအားကြေညာလာပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့ညတွင် Lusail Stadiumတွင်ကစားလာမဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုပိုလန်ဒိုင်လူကြီးဆိုင်မွန်မာစီနီယာကကြီးကြပ်လာပါမယ်။

ဖီဖာဒိုင်လူကြီးဥက္ကဌပီယာလူဂီကိုလီနာဟာကမ္ဘာ့အကြီးကျယ်ဆုံးဘောလုံးပွဲအားကြီးကြပ်ရန်ပိုလန်ဒိုင်လူကြီးကိုရွေးချယ်လိုက်ကြောင်း Sports Center ကဖော်ပြသွားပါတယ်။

အသက်၄၁နှစ်ရှိပိုလန်ဒိုင်လူကြီးဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပွဲနှစ်ပွဲကြီးကြပ်ထားပြီးလည်းဖြစ်ပါတယ်။

သူဟာပြင်သစ်ကဒိန်းမတ်ကို၂-၁ဖြင့်အနိုင်ရရှိတဲ့ကမ္ဘာ့ဖလားအုပ်စုပွဲနှင့်အာဂျင်တီးနားကဩစတြေးလျကို၂-၁ဖြင့်အနိုင်ရတဲ့၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တို့ကိုကြီးကြပ်ခဲ့ပါတယ်။

သူဟာကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်အသင်းနှစ်သင်းလုံးကိုကြီးကြပ်ဖူးတဲ့အတွေ့အကြုံရှိမှုနဲ့အတူ ဗိုလ်လုပွဲအတွက်အသင့်တော်ဆုံးဒိုင်လူကြီးလို့ယူဆခြင်းခံထားရပါတယ်။

zawgyi

အာဂ်င္တီးနားႏွင့္ျပင္သစ္တို႔ရဲ႕ကမာၻ႔ဖလားဗိုလ္လုပြဲကို ကိုင္တြယ္မဲ့ ဒိုင္လူႀကီး

တနဂၤေႏြေန႔ညတြင္အာဂ်င္တီးနားႏွင့္ျပင္သစ္တို႔ရင္ဆိုင္ကစားမဲ့ကမာၻ႔ဖလားဗိုလ္လုပြဲအားႀကီးၾကပ္မဲ့ဒိုင္လူႀကီးအားေၾကညာလာၿပီျဖစ္ပါတယ္။

တနဂၤေႏြေန႔ညတြင္ Lusail Stadiumတြင္ကစားလာမဲ့ကမာၻ႔ဖလားဗိုလ္လုပြဲကိုပိုလန္ဒိုင္လူႀကီးဆိုင္မြန္မာစီနီယာကႀကီးၾကပ္လာပါမယ္။

ဖီဖာဒိုင္လူႀကီးဥကၠဌပီယာလူဂီကိုလီနာဟာကမာၻ႔အႀကီးက်ယ္ဆုံးေဘာလုံးပြဲအားႀကီးၾကပ္ရန္ပိုလန္ဒိုင္လူႀကီးကိုေ႐ြးခ်ယ္လိုက္ေၾကာင္း Sports Center ကေဖာ္ျပသြားပါတယ္။

အသက္၄၁ႏွစ္ရွိပိုလန္ဒိုင္လူႀကီးဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ပြဲႏွစ္ပြဲႀကီးၾကပ္ထားၿပီးလည္းျဖစ္ပါတယ္။

သူဟာျပင္သစ္ကဒိန္းမတ္ကို၂-၁ျဖင့္အႏိုင္ရရွိတဲ့ကမာၻ႔ဖလားအုပ္စုပြဲႏွင့္အာဂ်င္တီးနားကဩစေၾတးလ်ကို၂-၁ျဖင့္အႏိုင္ရတဲ့၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တို႔ကိုႀကီးၾကပ္ခဲ့ပါတယ္။

သူဟာကမာၻ႔ဖလားဗိုလ္လုပြဲေရာက္အသင္းႏွစ္သင္းလုံးကိုႀကီးၾကပ္ဖူးတဲ့အေတြ႕အႀကဳံရွိမႈနဲ႔အတူ ဗိုလ္လုပြဲအတြက္အသင့္ေတာ္ဆုံးဒိုင္လူႀကီးလို႔ယူဆျခင္းခံထားရပါတယ္။