ခါရာဘောင်ဖလားဗိုလ်လုပွဲအတွက် ယူနိုက်တက်လူစာရင်းတွင် မားကပ်စ်ရက်ဖို့ဒ်ပါဝင်

မားကပ်စ်ရက်ဖို့ဒ်ဟာယနေ့ညတွင်နယူးကာဆယ်နှင့်ခါရာဘောင်ဖလားဗိုလ်လုပွဲကစားမဲ့ယူနိုက်တက်အသင်းတွင်ပါဝင်လာခဲ့ပါတယ်။

အစောပိုင်းတုန်းကအင်္ဂလန်တိုက်စစ်မှူးဟာဒဏ်ရာကြောင့်ယင်းပွဲတွင်ပါဝင်ရန်မရေမရာဖြစ်နေခဲ့သူဖြစ်ပြီးယခုသတင်းမှာယူနိုက်တက်ပရိသတ်များအ တွက်သတင်းကောင်းတစ်ခုဖြစ်နေပါတယ်။

အသက်၂၅နှစ်ရှိရက်ဖို့ဒ်ဟာကြားရက်တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်ဘာစီလိုနာကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဒဏ်ရာရရှိကာလူစားလဲခဲ့ရပါတယ်။

ယင်းနောက်ပွဲပြီးချိန်တွင်ရက်ဖို့ဒ်ရဲ့ဒဏ်ရာအခြေအနေကိုစစ်ဆေးထားပြီးစောင့်ဆိုင်းရဦးမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ယခုအခါမှာတော့ရက်ဖို့ဒ်ဟာနယူးကာဆယ်နှင့်ရင်ဆိုင်ကစားရမဲ့ယူနိုက်တက်အသင်းနှင့်အတူလိုက်ပါကာလန်ဒန်သို့ရောက်ရှိနေပြီဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်နှင့်ကစားသမားများဟာယုံကြည်မှုအပြည့်ရှိတဲ့ပုံစံမျိုးဖြင့်လန်ဒန်သို့ရောက်နေတာဖြစ်ပါတယ်။

ZawGyi

ခါရာေဘာင္ဖလားဗိုလ္လုပြဲအတြက္ ယူႏိုက္တက္လူစာရင္းတြင္ မားကပ္စ္ရက္ဖို႔ဒ္ပါဝင္

မားကပ္စ္ရက္ဖို႔ဒ္ဟာယေန႔ညတြင္နယူးကာဆယ္ႏွင့္ခါရာေဘာင္ဖလားဗိုလ္လုပြဲကစားမဲ့ယူႏိုက္တက္အသင္းတြင္ပါဝင္လာခဲ့ပါတယ္။

အေစာပိုင္းတုန္းကအဂၤလန္တိုက္စစ္မႉးဟာဒဏ္ရာေၾကာင့္ယင္းပြဲတြင္ပါဝင္ရန္မေရမရာျဖစ္ေနခဲ့သူျဖစ္ၿပီးယခုသတင္းမွာယူႏိုက္တက္ပရိသတ္မ်ားအတြက္သတင္းေကာင္းတစ္ခုျဖစ္ေနပါတယ္။

အသက္၂၅ႏွစ္ရွိရက္ဖို႔ဒ္ဟာၾကားရက္တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္ဘာစီလိုနာကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဒဏ္ရာရရွိကာလူစားလဲခဲ့ရပါတယ္။

ယင္းေနာက္ပြဲၿပီးခ်ိန္တြင္ရက္ဖို႔ဒ္ရဲ႕ဒဏ္ရာအေျခအေနကိုစစ္ေဆးထားၿပီးေစာင့္ဆိုင္းရဦးမွာျဖစ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့ယခုအခါမွာေတာ့ရက္ဖို႔ဒ္ဟာနယူးကာဆယ္ႏွင့္ရင္ဆိုင္ကစားရမဲ့ယူႏိုက္တက္အသင္းႏွင့္အတူလိုက္ပါကာလန္ဒန္သို႔ေရာက္ရွိေနၿပီျဖစ္ပါတယ္။

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ႏွင့္ကစားသမားမ်ားဟာယုံၾကည္မႈအျပည့္ရွိတဲ့ပုံစံမ်ိဳးျဖင့္လန္ဒန္သို႔ေရာက္ေနတာျဖစ္ပါတယ္။