ဖရုံသီး အမဲဖျက်ခံရမယ့်ည

တနင်္ဂနွေည အီတလီစီးရီးအေ ပွဲစဉ်-၃၇ ပွဲကြိုသုံးသပ်ချက်

ဖီအိုရင်တီးနား နှင့် နာပိုလီ (ညနေ ၅းဝဝ)(မြန်မာပြည်ဂုရု)

နာပိုလီရဲ့နောက်ဆုံး ၁၀ပွဲဆက်တိုက်ပထမပိုင်းမှာကတည်းက ဂိုးမြင်ရတာ ထူးခြားမှတ်တမ်းတစ်ခုပါ။အဓိကကကတော့ နာပိုလီရဲ့တိုက်စစ်အသားပေးနည်းဗျူဟာကြောင့်ဖြစ်ပြီးခံစစ်ကဂိုးပေးချင်ပေးရပါစေ ဂရုမစိုက်ဘဲ အင်ဆစ်ဂ်နီ၊ လိုဇာနို၊ အိုဆင်ဟန်တို့ရဲ့တိုက်စစ် ဂိုးရဖို့ အမြဲကြိုးစားတတ်ပါတယ်။

လက်ရှိမှာချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေရတဲ့ အခြေအနေကြောင့် နာပိုလီ ဖောင်ဖျက်တိုက်ပွဲဝင်လာဦးမှာပါ။ဖီအိုကတော့ လတ်တလောခြေစွမ်း မာကျောထက်မြက်နေတာမှန်ပေမယ့်တန်းတင်ကျန်ရစ်ခွင့်ရရှိပြီးသားမို့ အမှတ်မလိုအပ်တော့ဘဲခပ်အေးအေးဖြစ်နေပါတယ်။

ဒါဟာနာပိုလီအတွက်အထူးအခွင့်အရေးလို့ဆိုရမယ်။နာပိုလီရဲ့အနိုင်ရလဒ်ပြတ်ပြတ်သားသားဖြစ်သွားရင်အံ့သြစရာမရှိနိုင်ပါဘူး။ ဖရုံသီး အမဲဖျက်ခံရမယ့်ညပါ။

zawgyi




