အိမ်ကွင်းမှာ ဂိုးပြတ်၊မပြတ်ကိုသာ ကြည့်ရမယ့် ဖီအိုရင်တီးနား

တနင်္ဂနွေည အီတလီစီးရီးအေ ပွဲစဉ်-၁၁ ပွဲကြိုသုံးသပ်ချက်

ဖီအိုရင်တီးနား နှင့် စပီဇီယာ(ည ၈း၃၀)(ရွှေဘိုသား)

နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလာဇီယိုကိုပတ်ဒရိုရဲ့တစ်လုံးတည်းသောဂိုးနဲ့ အရေးနိမ့်ခဲ့လို့ဖီအိုရင်တီးနားအတွက်နောက်ဆုံးစီးရီးအေ ၄ ပွဲမှာ ၃ ပွဲမြောက်အရှုံးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဖီအိုရင်တီးနားဟာဒီရာသီစီးရီးအေအိမ်ကွင်း၄ပွဲမှာအင်တာမီလန်နဲ့နာပိုလီတို့ကိုသာရှုံးခဲ့ပြီးကျန်တဲ့၂ ပွဲအနိုင်ရထားပါတယ်။

စပီဇီယာကတော့နောက်ဆုံးစီးရီးအေအဝေးကွင်း၄ပွဲမှာ၃ ပွဲရှုံးထားပြီးဒီရာသီအဝေးကွင်းပွဲစဉ်အများစုမှာအနိမ့်ဆုံး၂ ဂိုးနှုန်းပေးခဲ့ရတာပါ။အိမ်ကွင်းမှာဖီအိုရင်တီးနားဂိုးပြတ်၊ မပြတ်ကိုသာကြည့်ရမှာပါ။

zawgyi




