အမျိုးသမီးဘောလုံးပွဲတွင် ပင်နယ်တီမပေးမှုကြောင့် တစ်သင်းလုံးရဲ့ဝိုင်းလိုက်ခြင်းခံရပြီး တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ ဒိုင်လူကြီး

ဒိုင်လူကြီးလုပ်ရတာမလွယ်ကူပါဘူး။အခုလည်းအမျိုးသမီးဘောလုံးပွဲတစ်ပွဲမှာဒိုင်လူကြီးဟာတစ်သင်းလုံးရဲ့လိုက်လံတိုက်ခိုက်ခြင်းခံခဲ့ရပြီးခြေဖြင့်ကန်ကျောက်ခြင်း၊လက်သီးဖြင့်ထိုးခြင်းခံခဲ့ရပါတယ်။

DR ကွန်ဂိုမှ DC Montema Pembe မှကစားသမားတွေဟာပင်နယ်တီမရရှိမှုကြောင့်ဒေါသထွက်ကာဒိုင်လူကြီးကိုတိုက်ခိုက်ခဲ့ကြပါတယ်။

မီဒီယာများရဲ့ဖော်ပြချက်အရ DC Montema Pembe အမျိုးသမီးအသင်းမှကစားသမားများဟာ Mazembe ကို ၅-၁ဂိုးဖြင့်ရှုံးနိမ့်နေချိန်မှာပင်နယ်တီမရရှိမှုအတွက်အကြီးအကျယ်ဒေါသထွက်ခဲ့ကြပါတယ်။

ဒေါသထွက်နေတဲ့ DC Montema Pembe ကစားသမားများဟာကွင်းအပြင်သို့ထွက်ပြေးတဲ့ဒိုင်လူကြီးကို ကွင်းဘေးစည်းသို့အထိလိုက်လံတိုက်ခိုက်ခဲ့ကြပါတယ်။ဒိုင်လူကြီးဟာကွင်းဘေးစည်းတွင်ပတ်ပြေးနေခဲ့ပြီးဒိုင်လူကြီး Box အတွင်းတွင်ကန်ကျောက်ခြင်း၊လက်သီးဖြင့်ထိုးခြင်းခံခဲ့ရပါတယ်။

နောက်ဆုံးတွင်ဒိုင်လူကြီးဟာကွင်းဝန်ထမ်းတစ်ဦးရဲ့ကူညီပေးမှုကြောင့်ဥမင်လှိုဏ်ခေါင်းအတွင်းသို့ရှောင်ပြေးနိုင်ခဲ့ပါတယ်။ကစားသမားတွေဟာဒိုင် လူကြီးကိုဥမင်လှိုဏ်ခေါင်းသို့ထိပြေးလိုက်သွားကြတာတွေ့ရပါတယ်။

ယင်းအချိန်တွင်ပြိုင်ဘက်အသင်းမှကစားသမားတွေကတော့ကွင်းအတွင်းမှာကျန်နေခဲ့ကြပါတယ်။

ZawGyi

အမ်ိဳးသမီးေဘာလုံးပြဲတြင္ ပင္နယ္တီမေပးမႈေၾကာင့္ တစ္သင္းလုံးရဲ႕ဝိုင္းလိုက္ျခင္းခံရၿပီး တိုက္ခိုက္ျခင္းခံခဲ့ရတဲ့ ဒိုင္လူႀကီး

ဒိုင္လူႀကီးလုပ္ရတာမလြယ္ကူပါဘူး။အခုလည္းအမ်ိဳးသမီးေဘာလုံးပြဲတစ္ပြဲမွာဒိုင္လူႀကီးဟာတစ္သင္းလုံးရဲ႕လိုက္လံတိုက္ခိုက္ျခင္းခံခဲ့ရၿပီးေျချဖင့္ကန္ေက်ာက္ျခင္း၊လက္သီးျဖင့္ထိုးျခင္းခံခဲ့ရပါတယ္။

DR ကြန္ဂိုမွ DC Montema Pembe မွကစားသမားေတြဟာပင္နယ္တီမရရွိမႈေၾကာင့္ေဒါသထြက္ကာဒိုင္လူႀကီးကိုတိုက္ခိုက္ခဲ့ၾကပါတယ္။

မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရ DC Montema Pembe အမ်ိဳးသမီးအသင္းမွကစားသမားမ်ားဟာ Mazembe ကို ၅-၁ဂိုးျဖင့္ရႈံးနိမ့္ေနခ်ိန္မွာပင္နယ္တီမရရွိမႈအတြက္အႀကီးအက်ယ္ေဒါသထြက္ခဲ့ၾကပါတယ္။

ေဒါသထြက္ေနတဲ့ DC Montema Pembe ကစားသမားမ်ားဟာကြင္းအျပင္သို႔ထြက္ေျပးတဲ့ဒိုင္လူႀကီးကို ကြင္းေဘးစည္းသို႔အထိလိုက္လံတိုက္ခိုက္ခဲ့ၾကပါတယ္။ဒိုင္လူႀကီးဟာကြင္းေဘးစည္းတြင္ပတ္ေျပးေနခဲ့ၿပီးဒိုင္လူႀကီး Box အတြင္းတြင္ကန္ေက်ာက္ျခင္း၊လက္သီးျဖင့္ထိုးျခင္းခံခဲ့ရပါတယ္။

ေနာက္ဆုံးတြင္ဒိုင္လူႀကီးဟာကြင္းဝန္ထမ္းတစ္ဦးရဲ႕ကူညီေပးမႈေၾကာင့္ဥမင္လႈိဏ္ေခါင္းအတြင္းသို႔ေရွာင္ေျပးႏိုင္ခဲ့ပါတယ္။ကစားသမားေတြဟာဒိုင္လူႀကီးကိုဥမင္လႈိဏ္ေခါင္းသို႔ထိေျပးလိုက္သြားၾကတာေတြ႕ရပါတယ္။

ယင္းအခ်ိန္တြင္ၿပိဳင္ဘက္အသင္းမွကစားသမားေတြကေတာ့ကြင္းအတြင္းမွာက်န္ေနခဲ့ၾကပါတယ္။