ကြက်ဖတွန်သံတွေ နားစွင့်ရင်း

အင်္ဂါည နိုင်ငံတကာခြေစမ်းပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပြင်သစ် နှင့် ဘူလ်ဂေးရီးယား (ည ၁း၄၀)(ဇေကြီး)

နှစ်သင်းကြားလက်ရှိခြေစွမ်းကအတော်လေးကို ကွာခြားလွန်းနေပါတယ်။ဒီမီထရော့ဗ်၊ ဘိုဇီကော့ဗ်တို့ရဲ့ ဘူလ်ဂေးရီးယားခံစစ်ကြောင်းကအမှားများလွန်းပြီး တိုက်စစ်ကဆိုရင်လည်း ဘယ်သူ့ကိုအားကိုးလို့ကိုးရမှန်းမသိဘူး။

အမှားများတဲ့ဘူလ်ဂေးရီးယားခံစစ်ကဂီရော့ဒ်၊ ဘင်ဇီမာ၊ ဂရစ်ဇ်မန်း၊ အမ်ဘက်ပီတို့လို ထိပ်သီးကြယ်ပွင့်တွေပါဝင်လာမယ့် ပြင်သစ်တိုက်စစ်ကိုထိန်းချုပ်ဖို့ခက်ပါလိမ့်မယ်။ဒါကြောင့်လည်း ပြင်သစ်ဘက်ကနေ ၂-၆၀အထိ အကျောပေးထားတာဖြစ်တယ်။

တွေ့ခဲ့ဖူးတဲ့စုစုပေါင်း ၁၆ပွဲမှာ ဘူလ်ဂေးရီးယားကိုပြင်သစ် ၃ဂိုးပြတ်နိုင်တာ ရှားရှားပါးပါး ၂ပွဲတည်းသာရှိခဲ့ပေမယ့်ဒီပွဲမှာတော့အနိမ့်ဆုံး ၃ဂိုးပြတ်အနိုင်ယူနိုင်မယ်လို့ယုံကြည်မိတယ်။ကြက်ဖတွန်သံတွေနားစွင့်ရင်းအရုဏ်တက်ချိန်ကို စောင့်မျှော်ကြတာပေါ့။

zawgyi



ပင်သစ် နှင့် ဘူလ်ဂေးရီးယား (ည ၁း၄၀)(ဇေကြီး)

