ပြင်သစ်လက်ရွေးစင်ကစားသမားဘဝမှ ယူနိုက်တက်စတားရာဖေးလ်ဗာရန်းအနားယူ

ပြင်သစ်နှင့်မန်ချက်စတာယူနိုက်တက်စတားရာဖေးလ်ဗာရန်းကလက်ရွေးစင်ကစားသမားဘဝမှအနားယူပြီဖြစ်ကြောင်းကြေညာလာပါတယ်။

အသက်၂၉နှစ်ရှိဗာရန်းဟာပြင်သစ်နှင့်အတူ၂၀၁၈ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သလို၂၀၂၂ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့လည်းတက်ရောက်ခဲ့သူဖြစ်ပါတယ်။

သူဟာ၂၀၁၃ခုနှစ်တွင်ပြင်သစ်အတွက်ပထမဆုံးပွဲကစားပြီးနောက်၉၃ပွဲကစားကာ၅ဂိုးသွင်းပေးခဲ့ပါတယ်။

ဗာရန်းဟာပြင်သစ်လက်ရွေးစင်ကစားသမားဘဝမှနောက်ဆုံးအနားယူလာသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကလည်းပြင်သစ်အသင်းခေါင်း ဆောင်ဟူဂိုလိုရစ်လက်ရွေးစင်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။

ဗာရန်းဟာလိုရစ်ရဲ့ပြင်သစ်အသင်းခေါင်းဆောင်ရာထူးကိုဆက်ခံမဲ့သူအဖြစ်သတ်မှတ်ခြင်းခံထားရသူလည်းဖြစ်ပါတယ်။

ZawGyi





