ဖရန့်ဖတ်ကိုပဲ လက်ခုပ်တီးပေးချင်နေမိတယ်

တနင်္ဂနွေည ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်-၃၂ ပွဲကြိုသုံးသပ်ချက်

ဖရန့်ဖတ် နှင့် မိန့်ဇ် (ည ၈းဝဝ)(မော်ကွန်း)

တန်းတင်ကျန်ရစ်ရေးအတွက် မိန့်ဇ်ကြိုးစားကစားနေခဲ့ပြီးရလဒ်တွေလည်း ဆက်တိုက်ကောင်းမွန်ခဲ့တာကြောင့် အတော်လေး အခြေအနေကောင်းနေပါပြီ။အခုချိန်ထိ တန်းတင်ကျန်ရစ်ဖို့အမှတ်လိုအပ်နေသေးတာကြောင့်ဒီပွဲကိုလည်းမိန့်ဇ်ကြိုးစားကစားဦးမှာပါ။

ဒါပေမဲ့ ဖရန့်ဖတ်ကလည်းချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေပြီးတိုက်စစ်အားကောင်းလွန်းနေပါတယ်။ဖရန့်ဖတ်မှာအိမ်ရှင်အားသာချက်ရှိနေတာကြောင့် မိန့်ဇ်အတွက် မလွယ်ကူနိုင်ဘူး။မိန့်ဇ်ရဲ့မာဂုဏ်ကို လေးစားပေမယ့်လည်းဖရန့်ဖတ်ကိုပဲလက်ခုပ်တီးပေးချင်နေမိတယ်။

zawgyi




