Freedom Of London ဆုချီးမြှင့်ခြင်းခံရမယ့် ဟယ်ရီကိန်း

စပါးစ်နှင့်အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းဟာ City Of London ရဲ့ Freedom Of London ဆုချီးမြှင့်ခြင်းခံလာရပါမယ်။

အသက်၂၉နှစ်ရှိအင်္ဂလန်အသင်းခေါင်းဆောင်ဟာ သူ့ရဲ့အားကစားတွင်ထူးချွန်စွာလုပ်ဆောင်နိုင်မှုအတွက်လာမယ့်ဇန်နဝါရီလတွင် အထူးပွဲတစ်ပွဲတွင်ဂုဏ်ပြုချီးမြှင့်ခြင်းခံလာရမှာလည်းဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာအင်္ဂလန်အသင်းအတွက်၅၁ဂိုးသွင်းယူထားသူဖြစ်ပြီး အင်္ဂလန်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားတဲ့ဝိန်းရွန်းနီ(၅၃)စံချိန်ကိုလိုက်မီရန်၂ဂိုးသာလိုပါတော့တယ်။

သူဟာယခုလတွင်ကျင်းပမဲ့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အင်္ဂလန်အသင်းကိုဦးဆောင်လာပါမယ်။

မြောက်လန်ဒန်ရှိဝယ်သမ်စတော်တွင်မွေးဖွားတဲ့ဟယ်ရီကိန်းက ” City Of London ရဲ့Freedom ဆုချီးမြှင့်ခံရမှာဖြစ်လို့အရမ်းပဲဂုဏ်ယူရပါတယ်။ကျွန်တော့်အတွက်ရောမိသားစုအတွက်အရမ်းဂုဏ်ယူရတဲ့အခိုက်အတန့်လေးပါ။ကျွန်တော်ကြီးပြင်းလာတဲ့မြို့ရဲ့အသိအမှတ်ပြုခြင်းခံရတဲ့အတွက်တကယ့်ပဲဂုဏ်ယူစရာပါ။ဆုပေးပွဲမှာကျွန်တော့်ကိုဆန်ကာတင်စာရင်းမှာထည့်သွင်းခဲ့တဲ့သူတွေနဲ့တွေ့ချင်နေပါတယ်”လို့ပြောကြားသွားပါတယ်။

Freedom ဆုမှာ လန်ဒန်မြို့တော်ရဲ့အစဉ်အလာကြီးမားတဲ့ဆုတစ်ခုဖြစ်ပြီး၁၂၃၇ခုနှစ်တွင်စတင်ချီးမြှင့်တာလို့ယူဆရပါတယ်။

ZawGyi

Freedom Of London ဆုခ်ီးျမႇင့္ျခင္းခံရမယ့္ ဟယ္ရီကိန္း

စပါးစ္ႏွင့္အဂၤလန္တိုက္စစ္မႉးဟယ္ရီကိန္းဟာ City Of London ရဲ႕ Freedom Of London ဆုခ်ီးျမႇင့္ျခင္းခံလာရပါမယ္။

အသက္၂၉ႏွစ္ရွိအဂၤလန္အသင္းေခါင္းေဆာင္ဟာ သူ႔ရဲ႕အားကစားတြင္ထူးခြၽန္စြာလုပ္ေဆာင္ႏိုင္မႈအတြက္လာမယ့္ဇန္နဝါရီလတြင္ အထူးပြဲတစ္ပြဲတြင္ဂုဏ္ျပဳခ်ီးျမႇင့္ျခင္းခံလာရမွာလည္းျဖစ္ပါတယ္။

ဟယ္ရီကိန္းဟာအဂၤလန္အသင္းအတြက္၅၁ဂိုးသြင္းယူထားသူျဖစ္ၿပီး အဂၤလန္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ဝိန္း႐ြန္းနီ(၅၃)စံခ်ိန္ကိုလိုက္မီရန္၂ဂိုးသာလိုပါေတာ့တယ္။

သူဟာယခုလတြင္က်င္းပမဲ့ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အဂၤလန္အသင္းကိုဦးေဆာင္လာပါမယ္။

ေျမာက္လန္ဒန္ရွိဝယ္သမ္စေတာ္တြင္ေမြးဖြားတဲ့ဟယ္ရီကိန္းက ” City Of London ရဲ႕Freedom ဆုခ်ီးျမႇင့္ခံရမွာျဖစ္လို႔အရမ္းပဲဂုဏ္ယူရပါတယ္။ကြၽန္ေတာ့္အတြက္ေရာမိသားစုအတြက္အရမ္းဂုဏ္ယူရတဲ့အခိုက္အတန႔္ေလးပါ။ကြၽန္ေတာ္ႀကီးျပင္းလာတဲ့ၿမိဳ႕ရဲ႕အသိအမွတ္ျပဳျခင္းခံရတဲ့အတြက္တကယ့္ပဲဂုဏ္ယူစရာပါ။ဆုေပးပြဲမွာကြၽန္ေတာ့္ကိုဆန္ကာတင္စာရင္းမွာထည့္သြင္းခဲ့တဲ့သူေတြနဲ႔ေတြ႕ခ်င္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

Freedom ဆုမွာ လန္ဒန္ၿမိဳ႕ေတာ္ရဲ႕အစဥ္အလာႀကီးမားတဲ့ဆုတစ္ခုျဖစ္ၿပီး၁၂၃၇ခုႏွစ္တြင္စတင္ခ်ီးျမႇင့္တာလို႔ယူဆရပါတယ္။