Freedom of Southwark Borough ချီးမြှင့်ခံရမယ့် အင်္ဂလန်သူရဲကောင်းဆန်ချို

အင်္ဂလန်စတားဂျာဒွန်ဆန်ချိုဟာ Freedom of Southwark Borough ချီးမြှင့်ခံရမှာဖြစ်ကြောင်းသိရပါတယ်။အဆိုပါဆုအတွက် အင်္ဂလန်စတားဆာကာ တင်သွင်းခြင်းခံရပြီးနောက်ဆန်ချိကိုလည်းချီးမြှင့်မယ်လို့ကြေညာလာတာဖြစ်ပါတယ်။

အသက်၂၁နှစ်ရှိအင်္ဂလန်တောင်ပံကစားသမားဟာတနင်္ဂနွေနေ့တုန်းကအီတလီအားရှုံးနိမ့်တဲ့ယူရို၂၀၂၀ဗိုလ်လုပွဲတွင်ဆာကာ၊ရပ်ရှ်ဖို့ဒ်တို့နှင့်အတူပင်နယ်တီလွဲပြီးနောက် လူမျိုးရေးခွဲခြားတိုက်ခိုက်မှုခံခဲ့ရသူလည်းဖြစ်ပါတယ်။

သူဟာအင်္ဂလန်အသင်းကို၅၅နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်နိုင်ငံတကာပြိုင်ပွဲဗိုလ်လုပွဲသို့တက်ရောက်နိုင်အောင်ကူညီနိုင်မှုနဲ့အတူ Southwark Council ရဲ့Freedom of Borough ဆုချီးမြှင့်ရန်ဆုံးဖြတ်လာတာဖြစ်ပါတယ်။ Southwark Council ဟာဆန်ချိုရဲ့အားကစားစွမ်းဆောင်ရည်အတွက်ဆုချီးမြှင်ရန်ဆုံးဖြတ်လာတာလည်းဖြစ်ပါတယ်။

Southwark မြို့တော်ဝန်ဘာရီရာဟာဂရော့ဗ်က “ယူရိုပြိုင်ပွဲမှာဆန်ချိုအရမ်းကောင်းခဲ့ပါတယ်။သူက Southwark သရဖူကစိန်ပွင့်တစ်ပွင့်လို ဒေသခံလိုတွေလိုကျွန်တော်ခံစားရပါတယ်။သူ့ရဲ့နိုင်ငံအတွက်စွမ်းဆောင်ပေးပြီးလူတွေအားလုံးလိုအပ်နေတဲ့ပျော်ရွှင်မှုယူဆောင်ပေးခဲ့တဲ့အတွက်အရမ်းဂုဏ်ယူရပါတယ်။ဒါကြောင့်လည်းသူ့ကို Freedom of Borough ချီးမြှင့်ဖို့ထောက်ခံလိုက်တာပါ”လို့ဆိုသွားပါတယ်။

ဆန်ချိုကိုလန်ဒန်တောင်ပိုင်းရှိချမ်ဘာဝဲလ်တွင်မွေးဖွားခဲ့တာဖြစ်ပြီး Southwark ယူ-၁၁ အသင်းကို၂၀၁၁လန်ဒန်လူငယ်အားကစားပြိုင်ပွဲတွင်အနိုင်ရရှိအောင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။သူဟာအသက်၇နှစ်အရွယ်မှာဝက်ဖို့ဒ်သို့ပြောင်းခဲ့ပြီးယင်းမှတစ်ဆင့် မန်စီးတီအကယ်ဒမီသို့ပြောင်းခဲ့သူဖြစ်ပါတယ်။

သူဟာ၂၀၁၇ခုနှစ်တွင်ဒေါ့မွန်သို့ပြောင်းခဲ့ပြီးယင်းတွင်စတားကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။သူဟာယခုနွေရာသီမှာမန်ယူသို့ရောက်လာတော့မှာဖြစ်ပါတယ်။

ZawGyi

Freedom of Southwark Borough ခ်ီးျမႇင့္ခံရမယ့္ အဂၤလန္သူရဲေကာင္းဆန္ခ်ိဳ

အဂၤလန္စတားဂ်ာဒြန္ဆန္ခ်ိဳဟာ Freedom of Southwark Borough ခ်ီးျမႇင့္ခံရမွာျဖစ္ေၾကာင္းသိရပါတယ္။အဆိုပါဆုအတြက္ အဂၤလန္စတားဆာကာ တင္သြင္းျခင္းခံရၿပီးေနာက္ဆန္ခ်ိကိုလည္းခ်ီးျမႇင့္မယ္လို႔ေၾကညာလာတာျဖစ္ပါတယ္။

အသက္၂၁ႏွစ္ရွိအဂၤလန္ေတာင္ပံကစားသမားဟာတနဂၤေႏြေန႔တုန္းကအီတလီအားရႈံးနိမ့္တဲ့ယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္ဆာကာ၊ရပ္ရွ္ဖို႔ဒ္တို႔ႏွင့္အတူပင္နယ္တီလြဲၿပီးေနာက္ လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈခံခဲ့ရသူလည္းျဖစ္ပါတယ္။

သူဟာအဂၤလန္အသင္းကို၅၅ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္ႏိုင္ငံတကာၿပိဳင္ပြဲဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ေအာင္ကူညီႏိုင္မႈနဲ႔အတူ Southwark Council ရဲ႕Freedom of Borough ဆုခ်ီးျမႇင့္ရန္ဆုံးျဖတ္လာတာျဖစ္ပါတယ္။ Southwark Council ဟာဆန္ခ်ိဳရဲ႕အားကစားစြမ္းေဆာင္ရည္အတြက္ဆုခ်ီးျမႇင္ရန္ဆုံးျဖတ္လာတာလည္းျဖစ္ပါတယ္။

Southwark ၿမိဳ႕ေတာ္ဝန္ဘာရီရာဟာဂေရာ့ဗ္က “ယူ႐ိုၿပိဳင္ပြဲမွာဆန္ခ်ိဳအရမ္းေကာင္းခဲ့ပါတယ္။သူက Southwark သရဖူကစိန္ပြင့္တစ္ပြင့္လို ေဒသခံလိုေတြလိုကြၽန္ေတာ္ခံစားရပါတယ္။သူ႔ရဲ႕ႏိုင္ငံအတြက္စြမ္းေဆာင္ေပးၿပီးလူေတြအားလုံးလိုအပ္ေနတဲ့ေပ်ာ္႐ႊင္မႈယူေဆာင္ေပးခဲ့တဲ့အတြက္အရမ္းဂုဏ္ယူရပါတယ္။ဒါေၾကာင့္လည္းသူ႔ကို Freedom of Borough ခ်ီးျမႇင့္ဖို႔ေထာက္ခံလိုက္တာပါ”လို႔ဆိုသြားပါတယ္။

ဆန္ခ်ိဳကိုလန္ဒန္ေတာင္ပိုင္းရွိခ်မ္ဘာဝဲလ္တြင္ေမြးဖြားခဲ့တာျဖစ္ၿပီး Southwark ယူ-၁၁ အသင္းကို၂၀၁၁လန္ဒန္လူငယ္အားကစားၿပိဳင္ပြဲတြင္အႏိုင္ရရွိေအာင္ကူညီခဲ့သူလည္းျဖစ္ပါတယ္။သူဟာအသက္၇ႏွစ္အ႐ြယ္မွာဝက္ဖို႔ဒ္သို႔ေျပာင္းခဲ့ၿပီးယင္းမွတစ္ဆင့္ မန္စီးတီအကယ္ဒမီသို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။

သူဟာ၂၀၁၇ခုႏွစ္တြင္ေဒါ့မြန္သို႔ေျပာင္းခဲ့ၿပီးယင္းတြင္စတားကစားသမားတစ္ဦးျဖစ္လာခဲ့ပါတယ္။သူဟာယခုေႏြရာသီမွာမန္ယူသို႔ေရာက္လာေတာ့မွာျဖစ္ပါတယ္။