သရေကျဖို့များပြီး ဂိုးတော့ပေါ်သွားပါလိမ့်မယ်

တနင်္ဂနွေည ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်-၄ ပွဲကြိုသုံးသပ်ချက်

ဖရန့်ဖတ် နှင့် စတုဂတ် (ည ၈းဝဝ)(မော်ကွန်း)

ရာသီအဖွင့်၃ပွဲဆက်တိုက်အနိုင်ရလဒ်တွေပျောက်ဆုံးထားတဲ့ဖရန့်ဖတ်ရဲ့အားနည်းချက်ကကွင်းလယ်နဲ့ခံစစ်ပိုင်းပါ။ဖရန့်ဖတ်ကွင်းလယ်ကရှေ့တန်းနဲ့ နောက်တန်းကိုဟန်ချက်ညီအောင်ထိန်းမပေးနိုင်ဘဲခံစစ်ကြောင်းကဆိုရင်လည်းဘယ်အသင်းနဲ့တွေ့တွေ့ ဂိုးအလှူပေးနေရတယ်။

စတုဂတ်ကလည်းပြီးခဲ့တဲ့ရာသီကတည်းကယိုယွင်းလွန်းခဲ့တဲ့ခံစစ်ကြောင်းကို ပြင်ဆင်နိုင်ခြင်းမရှိသေးဘူး။အညံ့နှစ်သင်းတွေ့ဆုံမှုဖြစ်လို့ သရေကျဖို့များပြီးဂိုးတော့ပေါ်သွားပါလိမ့်မယ်။

zawgyi




