ဂိုးသွင်းပိုကောင်းတဲ့ ဖူလ်ဟမ်ကို ရွေးချယ်ရမယ်

စနေည အင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်

ဖူလ်ဟမ် နှင့် စတုတ်စီးတီး (ည ၈း၃၀)(ဇေကြီး)

ပရီးမီးယားလိဂ်ကတန်းဆင်းသွားရတဲ့ဖူလ်ဟမ်မှာထိပ်တန်းကစားသမားတွေရှိနေဆဲ့ဖြစ်လို့ ချန်ပီယံရှစ်မှာရှုံးပွဲမရှိသေးဘဲ သုံးပွဲနိုင်၊ တစ်ပွဲသရေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကဦးဆောင်နေပါတယ်။

ဖူလ်ဟမ်ဟာကြားရက်ဘာမင်ဂမ်နဲ့ လိဂ်ဖလားပွဲမှာလည်းအနိုင်ရခဲ့တဲ့အတွက်နောက်ဆုံးလေးပွဲဆက်အနိုင်ရထားပါတယ်။ စတုတ်ကလည်း ဘာမင် ဂမ်နဲ့တစ်ပွဲသရေကျတာကလွဲလို့ ကျန်ပွဲကုန်နိုင်ထားပြီး ဖူလ်ဟမ်နဲ့ ရမှတ်တူနေတယ်။ ခြေစွမ်းကောင်းရနေတာချင်းအတူတူ ဂိုးသွင်းပိုကောင်းတဲ့ ဖူလ်ဟမ်ကိုရွေးချယ်ရမယ်။

zawgyi




