သရဲနီတို့သိမ်းပိုက်နိုင်မယ့် လန်ဒန်ည

တနင်္ဂနွေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၁၆ ပွဲကြိုသုံးသပ်ချက်

ဖူလ်ဟမ် နှင့် မန်ယူ(ည ၁၁း၀၀)(စိုင်းကိုတောင်​ကြီး)

ပြီးခဲ့တဲ့အပတ်ကအီတီဟတ်ကဖူလ်ဟမ်ရဲ့အရှုံးဟာအတော်ကံဆိုးခဲ့လို့ဖြစ်ပြီးဟာလန်းရဲ့နောက်ဆုံးမိနစ်ပင်နယ်တီအနိုင်ဂိုးကြောင့်သူတို့ရဲ့ ၄ ပွဲဆက်ရှုံးပွဲမရှိမှုအဆုံးသတ်ခဲ့ရတယ်။နည်းပြမာကိုဆေးလ်ဗားရဲ့အသင်းမှာပွဲပယ်နဲ့ဒဏ်ရာပြသနာတွေရှိနေပြီးအထူးသဖြင့်ဆားဘီးယားဂိုးသွင်းစက်မီထရိုဗစ်ဒဏ်ရာရနေတာဟာသူတို့အတွက်ကြီးမားတဲ့ထိုးနှက်ချက်ပါ။

သရဲနီတို့ကတော့အဆင့် ၄ အတွင်းပြန်၀င်ချင်ရင်လိဂ်မှာအဝေးကွင်း ၂ ပွဲဆက်နိုင်ပွဲပျောက်မှုကိုအဆုံးသတ်နိုင်ဖို့ လိုပါတယ်။ဖူလ်ဟမ်နဲ့အဝေးကွင်းတွေ့ဆုံမှုနောက်ဆုံး ၅ ပွဲစလုံးကိုနိုင်ထားတဲ့အစဉ်အလာအားသာချက်ကတော့ယူနိုက်တက်ဘက်မှာရှိထားတာပါ။သရဲနီတို့ သိမ်းပိုက်နိုင်မယ့်လန်ဒန်ညပါ။

zawgyi




