ဂိုးမလာ မိုးမရွာနိုင်တဲ့ အနောက်လန်ဒန်

သောကြာည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၅ ပွဲကြိုသုံးသပ်ချက်

ဖူလ်ဟမ် နှင့် ဝုဗ်(ည ၂း၃၀)(စိုင်းကိုတောင်ကြီး)

ဖူလ်ဟမ်ဟာပြီးခဲ့တဲ့အပတ်ကဘရိုက်တန်ကိုတစ်လုံးတည်းသောနောက်ကျအနိုင်ဂိုးနဲ့ အသည်းခွဲပြီးပရီးမီးယားလိဂ်မှာထိပ်ဆုံး၆သင်းစာရင်း၀င်ဖြစ် လာပါတယ်။မာကိုဆေးလ်ဗားရဲ့အသင်းဟာပရီးမီးယားလိဂ်မှာဂိုးအောက်တွေချည်းကန်နေတာ ၅ ပွဲဆက်တောင်ရှိနေပါပြီ။

၀ံပုလွေတွေကလိုပက်တီဂူလက်ထက်မှာပြန်ထောင်တက်လာပေမယ့်ပြီးခဲ့တဲ့အပတ်ကအိမ်ကွင်းမှာဘုန်းမောက်ကိုတစ်လုံးတည်းသောဂိုးနဲ့ မထင်မှတ်ဘဲဒူးထောက်ခဲ့ရပါတယ်။ဒါပေမဲ့ဝုဗ်ဟာဖူလ်ဟမ်နဲ့နောက်ဆုံးတွေ့ဆုံမှု ၁၅ ပွဲမှာ ၁၄ ပွဲမရှုံးခဲ့တဲ့အစဉ်အလာအားသာချက်တော့ရှိထားတာပါ။သူတို့နှစ်သင်းကြားကနောက်ဆုံးးတွေ့ဆုံမှု ၇ ပွဲစလုံးမှာလည်းဂိုးမများခဲ့ပါဘူး။အနောက်လန်ဒန်မှာဂိုးမလာမိုးမရွာနိုင်ပါ။

zawgyi




