နှစ်တိုင်းအမှတ်ပေးဖလားဆွတ်ခူးနိုင်ခဲ့တဲ့ကစားသမား

ဂျာမန်ထိပ်သီးကလပ်ဘိုင်ယန်မြူးနစ်နှင့်အတူဘွန်ဒက်စ်လီဂါအမှတ်ပေးဖလားကိုပူပူနွေးနွေးဆွတ်ခူးထားနိုင်ခဲ့တဲ့ကင်စလေကိုးမန်းဟာအသက်၂၄နှစ်တည်းသာရှိသေးပေမယ့်လည်းပရော်ဖက်ရှင်နယ်ကစားသမားဘဝသို့တက်လှမ်းလာပြီးနောက်နှစ်တိုင်းအမှတ်ပေးဖလားဆွတ်ခူးထားနိုင်တဲ့ကစားသမားအဖြစ်ထူးထူးခြားခြားရပ်တည်ထားနိုင်ပါတယ်။

ပြင်သစ်လက်ရွေးစင်ကစားသမားဟာအသက်၂၄နှစ်တည်းသာရှိသေးပေမယ့်လည်းဘဝတစ်လျှောက်ဆုဖလား၂၄ကြိမ်အထိဆွတ်ခူးထားနိုင်ပြီးယင်းတွင်အမှတ်ပေးဖလား၁၀ကြိမ်ပါဝင်ပါတယ်။

သူဟာပရော်ဖက်ရှင်နယ်ကစားသမားဘဝသို့တက်လှမ်းတဲ့၂၀၁၂-၁၃ရာသီမှာပီအက်စ်ဂျီနှင့်အတူအမှတ်ပေးဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာပရော်ဖက်ရှင်နယ်ကစားသမားဘဝသို့တက်လှမ်းတဲ့ယင်းနှစ်မှာဘဲပီအက်စ်ဂျီနှင့်အတူလီဂူး၁ဖလားဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

သူဟာပီအက်စ်ဂျီနှင့်အတူအမှတ်ပေးဖလားဆွတ်ခူးနိုင်ပြီးနောက်ဂျူဗင်တပ်သို့ပြောင်းခဲ့ပြီးယင်းတွင်စီးရီးအေဖလား၂နှစ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ယင်းနောက်သူဟာဘိုင်ယန်မြူးနစ်သို့ပြောင်းခဲ့ပြီးချန်ပီယံလိဂ်ဖလားအပါအဝင်အမှတ်ပေးဖလားကိုနှစ်တိုင်းဆွတ်ခူးနိုင်ခဲ့ပြန်ပါတယ်။

ကိုးမန်းဟာဆုဖလားတွေပြည့်နှက်နေတဲ့ကစားသမားကိုပိုင်ဆိုင်ထားတယ်ဆိုပေမယ့်လည်းတိုတောင်းတဲ့ကစားသမားဘဝအတွင်းမှာဒဏ်ရာပြဿနာပေါင်းများစွာရင်ဆိုင်လာရသူလည်းဖြစ်ပါတယ်။

အထူးသဖြင့်သူဟာဂျူဗင်တပ်၊ဘိုင်ယန်မြူးနစ်တို့မှာကစားနေစဉ်အတွင်းကြီးမားတဲ့ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်လာရသူလည်းဖြစ်ပါတယ်။သူဟာတိုတောင်းတဲ့ကစားသမားဘဝကာလအတွင်းမှာဒဏ်ရာပြဿနာပေါင်း၄၄ကြိမ်အထိကြုံဆုံခဲ့ရဖူးပါတယ်။ယင်းသို့ဒဏ်ရာပြဿနာပေါင်းများစွာကြုံဆုံရမှုနဲ့အတူသူဟာကစားသမားဘဝကနေအနားယူဖို့လည်းစဉ်းစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။

zawgyi

ႏွစ္တိုင္းအမွတ္ေပးဖလားဆြတ္ခူးႏိုင္ခဲ့တဲ့ကစားသမား

ဂ်ာမန္ထိပ္သီးကလပ္ဘိုင္ယန္ျမဴးနစ္ႏွင့္အတူဘြန္ဒက္စ္လီဂါအမွတ္ေပးဖလားကိုပူပူေႏြးေႏြးဆြတ္ခူးထားႏိုင္ခဲ့တဲ့ကင္စေလကိုးမန္းဟာအသက္၂၄ႏွစ္တည္းသာရွိေသးေပမယ့္လည္းပေရာ္ဖက္ရွင္နယ္ကစားသမားဘဝသို႔တက္လွမ္းလာၿပီးေနာက္ႏွစ္တိုင္းအမွတ္ေပးဖလားဆြတ္ခူးထားႏိုင္တဲ့ကစားသမားအျဖစ္ထူးထူးျခားျခားရပ္တည္ထားႏိုင္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကစားသမားဟာအသက္၂၄ႏွစ္တည္းသာရွိေသးေပမယ့္လည္းဘဝတစ္ေလွ်ာက္ဆုဖလား၂၄ႀကိမ္အထိဆြတ္ခူးထားႏိုင္ၿပီးယင္းတြင္အမွတ္ေပးဖလား၁၀ႀကိမ္ပါဝင္ပါတယ္။

သူဟာပေရာ္ဖက္ရွင္နယ္ကစားသမားဘဝသို႔တက္လွမ္းတဲ့၂၀၁၂-၁၃ရာသီမွာပီအက္စ္ဂ်ီႏွင့္အတူအမွတ္ေပးဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။သူဟာပေရာ္ဖက္ရွင္နယ္ကစားသမားဘဝသို႔တက္လွမ္းတဲ့ယင္းႏွစ္မွာဘဲပီအက္စ္ဂ်ီႏွင့္အတူလီဂူး၁ဖလားဆြတ္ခူးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

သူဟာပီအက္စ္ဂ်ီႏွင့္အတူအမွတ္ေပးဖလားဆြတ္ခူးႏိုင္ၿပီးေနာက္ဂ်ဴဗင္တပ္သို႔ေျပာင္းခဲ့ၿပီးယင္းတြင္စီးရီးေအဖလား၂ႏွစ္ဆက္တိုက္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ယင္းေနာက္သူဟာဘိုင္ယန္ျမဴးနစ္သို႔ေျပာင္းခဲ့ၿပီးခ်န္ပီယံလိဂ္ဖလားအပါအဝင္အမွတ္ေပးဖလားကိုႏွစ္တိုင္းဆြတ္ခူးႏိုင္ခဲ့ျပန္ပါတယ္။

ကိုးမန္းဟာဆုဖလားေတြျပည့္ႏွက္ေနတဲ့ကစားသမားကိုပိုင္ဆိုင္ထားတယ္ဆိုေပမယ့္လည္းတိုေတာင္းတဲ့ကစားသမားဘဝအတြင္းမွာဒဏ္ရာျပႆနာေပါင္းမ်ားစြာရင္ဆိုင္လာရသူလည္းျဖစ္ပါတယ္။

အထူးသျဖင့္သူဟာဂ်ဴဗင္တပ္၊ဘိုင္ယန္ျမဴးနစ္တို႔မွာကစားေနစဥ္အတြင္းႀကီးမားတဲ့ဒဏ္ရာျပႆနာမ်ားႏွင့္ရင္ဆိုင္လာရသူလည္းျဖစ္ပါတယ္။သူဟာတိုေတာင္းတဲ့ကစားသမားဘဝကာလအတြင္းမွာဒဏ္ရာျပႆနာေပါင္း၄၄ႀကိမ္အထိႀကဳံဆုံခဲ့ရဖူးပါတယ္။

ယင္းသို႔ဒဏ္ရာျပႆနာေပါင္းမ်ားစြာႀကဳံဆုံရမႈနဲ႔အတူသူဟာကစားသမားဘဝကေနအနားယူဖို႔လည္းစဥ္းစားခဲ့ဖူးသူလည္းျဖစ္ပါတယ္။