ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်ကိုဝေဖန်အပြစ်တင်လာတဲ့ဂျော်ဂျီနာရိုဒရီဂွက်ဇ်

ဂျော်ဂျီနာရိုဒရီဂွက်ဇ်ဟာမော်ရိုကိုကိုရှုံးနိမ့်တဲ့ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုကိုအရန်ခုံသို့ပို့ထားမှုအတွက်ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်ကိုဝေဖန်အပြစ်တင်လာခဲ့ပါတယ်။

ဆန်းတို့စ်ဟာဆွစ်ဇာလန်ကို၆-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုကိုအရန်ခုံသို့ပို့ခဲ့ပါတယ်။သူ့နေရာတွင်အစားထိုးအသုံးပြုတဲ့ဂွန်ကာလိုရာမို့စ်မှာဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

ဆန်းတို့စ်ဟာမော်ရိုကိုအား၁-ဝဂိုးဖြင့်ရှုံးနိမ့်တဲ့ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင်လည်းခရစ္စတီယာနိုရော်နယ်ဒိုကိုအရန်ခုံသို့ဆက်ပို့ကာခဲ့ပါတယ်။
ဒါပေမဲ့ယူရို၂၀၁၆ချန်ပီယံဟာမော်ရိုကိုအား၁-ဝဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။မော်ရိုကိုဟာကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်တဲ့ပထမဆုံးအာဖရိကအသင်းဖြစ်လာခဲ့ပါတယ်။

Al Thumama Stadium တွင်ကစားတဲ့ပေါ်တူဂီနှင့်မော်ရိုကိုပွဲကိုဂျော်ဂျီနာရိုဒရီဂွက်ဇ်လည်းတက်ရောက်ခဲ့ပါတယ်။ပွဲအပြီးတွင်သူမဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဓာတ်ပုံကိုတင်ပြီး ယူနိုက်တက်ဂန္ထဝင်အသုံးပြုတဲ့ဆန်းတို့စ်ရဲ့ဆုံးဖြတ်ချက်ကိုဝေဖန်လာခဲ့ပါတယ်။

သူမက “ဒီနေ့မှာရှင့်သူငယ်ချင်းနဲ့နည်းပြဟာမှားယွင်းတဲ့ဆုံးဖြတ်ချက်ချခဲ့တယ်။ဒီသူငယ်ချင်းကရှင်အရမ်းလေးစားအားကျရတဲ့သူတွေစကားလုံးတွေအများကြီးပြောခဲ့တဲ့သူ”လို့တိုက်ခိုက်ရေးသားသွားပါတယ်။

မော်ရိုကိုဟာကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်တွင်ပြင်သစ်နှင့်ရင်ဆိုင်ကစားရပါမယ်။