အနိုင်သေချာလို့ လက်ခုပ်တီးပေးကြပါဦး

တနင်္လာည စပိန်လာလီဂါ ပွဲစဉ်-၄ ပွဲကြိုသုံးသပ်ချက်

ဂီတာဖေး နှင့် အယ်ချီ (ည ၁၂း၃၀)(သတိုး မှော်ဘီ)

ရှုံးပွဲတွေချည်းဆက်တိုက်ရင်ဆိုင်ထားရတဲ့ဂီတာဖေးရဲ့ခြေစွမ်းက အတော်လေးစိတ်ပျက်စရာကောင်းလှတယ်။ဒါပေမဲ့သေချာကြည့်ရင်ဗလင်စီယာ၊ ဆီဗီလာနဲ့ ဘာစီလိုနာတို့လို ခြေစွမ်းထက်အသင်းတွေကိုရင်ဆိုင်ခဲ့ရတာကြောင့်လို့ ဆိုတာလည်း တွေ့ရမှာပါ။

အခုပွဲမှာတော့အယ်ချီကိုရင်ဆိုင်ရမှာဖြစ်လို့ ဂီတာဖေးအနေနဲ့အိမ်ကွင်းမှာဒီရာသီပထမဆုံးနိုင်ပွဲရယူနိုင်ဖို့ အခွင့်ကောင်းပါပဲ။ရာသီကြိုပြင်ဆင်မှုအားနည်းထားတဲ့ အယ်ချီကတော့ ဒီရာသီမှာ နိုင်ပွဲပျောက်ဆုံးနေတဲ့အသင်းဖြစ်တယ်။

အဖွင့်၃ပွဲမှာစုစုပေါင်း တစ်ဂိုးတည်းသာသွင်းထားနိုင်တဲ့တိုက်စစ်ကစိတ်ပျက်စရာပါ။သူတို့သည်လည်းပဲပွဲကျပ်တာကြောင့်လို့ ဆိုနိုင်ပေမယ့်ခြေစွမ်းခြေစကဂီတာဖေးထက်ပိုမိုဆိုးရွားနေတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။အနိုင်သေချာလို့ ဂီတာဖေးကို လက်ခုပ်တီးပေးလိုက်ကြပါ။

zawgyi

အႏိုင္ေသခ်ာလို႔ လက္ခုပ္တီးေပးၾကပါဦး

တနလၤာည စပိန္လာလီဂါ ပြဲစဥ္-၄ ပြဲႀကိဳသုံးသပ္ခ်က္

ဂီတာေဖး ႏွင့္ အယ္ခ်ီ (ည ၁၂း၃၀)(သတိုး ေမွာ္ဘီ)

ရႈံးပြဲေတြခ်ည္း ဆက္တိုက္ရင္ဆိုင္ထားရတဲ့ ဂီတာေဖးရဲ႕ေျခစြမ္းက အေတာ္ေလး စိတ္ပ်က္စရာေကာင္းလွတယ္။ဒါေပမဲ့ ေသခ်ာၾကည့္ရင္ ဗလင္စီယာ၊ ဆီဗီလာနဲ႔ ဘာစီလိုနာတို႔လို ေျခစြမ္းထက္အသင္းေတြကို ရင္ဆိုင္ခဲ့ရတာေၾကာင့္လို႔ ဆိုတာလည္း ေတြ႕ရမွာပါ။အခုပြဲမွာေတာ့ အယ္ခ်ီကိုရင္ဆိုင္ရမွာျဖစ္လို႔ ဂီတာေဖးအေနနဲ႔ အိမ္ကြင္းမွာ ဒီရာသီပထမဆုံးႏိုင္ပြဲရယူႏိုင္ဖို႔ အခြင့္ေကာင္းပါပဲ။

ရာသီႀကိဳျပင္ဆင္မႈအားနည္းထားတဲ့ အယ္ခ်ီကေတာ့ ဒီရာသီမွာ ႏိုင္ပြဲေပ်ာက္ဆုံးေနတဲ့အသင္းျဖစ္တယ္။အဖြင့္ ၃ပြဲမွာ စုစုေပါင္း တစ္ဂိုးတည္းသာသြင္းထားႏိုင္တဲ့တိုက္စစ္က စိတ္ပ်က္စရာပါ။သူတို႔သည္လည္းပဲ ပြဲက်ပ္တာေၾကာင့္လို႔ ဆိုႏိုင္ေပမယ့္ ေျခစြမ္းေျခစက ဂီတာေဖးထက္ ပိုမိုဆိုး႐ြားေနတယ္ဆိုတာကိုေတာ့ ျငင္းလို႔မရပါဘူး။အႏိုင္ေသခ်ာလို႔ ဂီတာေဖးကို လက္ခုပ္တီးေပးလိုက္ၾကပါ။