အမှတ်ဗလာ ဖြစ်သွားမှာ

တနင်္လာည စပိန်လာလီဂါ ပွဲစဉ်-၂ ပွဲကြိုသုံးသပ်ချက်

ဂီတာဖေး နှင့် ဆီဗီလာ (ည ၁၂း၃၀)(သတိုး မှော်ဘီ)

အရင်ဦးဆုံးကြုံလို့ပြောရရင်ဆီဗီလာရဲ့နောက်ဆုံး၈ပွဲဆက်တိုက်ပထမပိုင်းမှာသွင်းယူတဲ့ဂိုးထက်ဒုတိယပိုင်းမှာသွင်းယူတဲ့ဂိုးကပိုလို့တောင် များပြားခဲ့ပါတယ်။ဗယ်လီကာနိုကို ၃ဂိုးပြတ်အနိုင်ယူပြီး တာထွက်လှပခဲ့တဲ့ဆီဗီလာဟာရာသီကြိုပြင် ဆင်မှုအားကောင်းထားပြီးခြေစွမ်းခြေစကလည်းနဂိုကတည်းကမာကျောထက်မြက်ပြီးသားပါ။

အစဉ်အလာကိုကြည့်မယ်ဆိုရင်ဆီဗီလာကို အိမ်ကွင်းမှာရင်ဆိုင်ခဲ့တဲ့နောက်ဆုံး ၅ပွဲအနက်ဂီတာဖေး နိုင်ပွဲတစ်ပွဲသာရခဲ့တယ်။နောက်ပြီးတော့ဆီဗီလာနဲ့ စုစုပေါင်းတွေ့ဆုံခဲ့တဲ့နောက်ဆုံး ၅ပွဲမှာလည်းဂီတာဖေးအသင်းတစ်ပွဲတည်းနိုင်ခဲ့တာပါ။ဂီတာဖေးရဲ့ပြင်ဆင်မှုကအားရစရာရှိခဲ့ပေမယ့်အဖွင့်ပွဲစဉ်မှာဗလင်စီယာကို အရေးနိမ့်ခဲ့ရတယ်။

အခုပွဲမှာရင်ဆိုင်ရမယ့်ဆီဗီလာဆိုတာကလည်း ခြေစွမ်းမာကျောထက်မြက်တဲ့အသင်းဖြစ်လို့ ဂီတာဖေးအတွက်ဘယ်လိုမှမလွယ်ကူနိုင်ဘူး။အိမ်ကွင်းဆိုပေမယ့်လည်းဂီတာဖေးအမှတ်ဗလာဖြစ်သွားမှာပါ။ ဂိုးတော့နည်းလိမ့်မယ်။

zawgyi

အမှတ်ဗလာ ဖြစ်သွားမှာ



