
လီယွန်နယ်မက်ဆီဟာပထမဆုံးအကြိမ်အဖြစ်လီဂူး၁ တစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးလာနိုင်ခဲ့ပါတယ်။
အသက်၃၅နှစ်ရှိအာဂျင်တီးနားစတားဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက လီဂူး၁တွင်ရုန်းကန်ခဲ့ရပေမဲ့လည်းယခုရာသီတွင်မူအကောင်းဆုံးပုံစံရရှိလျက်ရှိနေပါတယ်။
သူဟာယခုရာသီတွင်ပြိုင်ပွဲအရပ်ရပ်တွင်ပီအက်စ်ဂျီအတွက်၉ဂိုးသွင်းပြီး၁၀ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။
သူဟာစက်တင်ဘာလတုန်းကလီဂူး၁ပွဲစဉ်များတွင်၃ကြိမ်ဖန်တီးနိုင်ခဲ့တဲ့အပြင် တစ်ဂိုးလည်းသွင်းယူနိုင်ခဲ့ပြီးနောက် စက်တင်ဘာလအတွက်လီဂူး၁ တစ်လတာအကောင်းဆုံးကစားသမားဆုကိုရရှိလာပါတယ်။
Get French Football News ရဲ့ဖော်ပြမှုအရမက်ဆီဟာ ပြင်သစ်ပရော်ဖက်ရှင်နယ်ကစားသမားများသမဂ္ဂမှကစားသမားများရဲ့မဲ ၅၈ရာခိုင်နှုန်းရရှိကာစက်တင်ဘာလအတွက်တစ်လတာအကောင်းဆုံးကစားသမားဆုရရှိလာကြောင်းသိရပါတယ်။
သူဟာလိုရီယန့်မှဒန်ဂိုအူယက်တာရာနှင့်လိုင်လီမှဂျိုနသန်ဒါးဗီးစ်တို့ကိုကျော်ဖြတ်ကာဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာဩဂုတ်လတုန်းကလည်းလီဂူး၁တစ်လတာအကောင်းဆုံးကစားသမားဆုအတွက်ဆန်ကာတင်စာရင်းတွင်ပါဝင်ခဲ့ပေမဲ့ ပီအက်စ်ဂျီကစားဖော်နေမာကမဲအများဆုံးရရှိကာဆွတ်ခူးသွားခဲ့ပါတယ်။
မက်ဆီကပြင်သစ်တွင်ကစားတဲ့တစ်နှစ်ခွဲကာလအတွင်းပထမဆုံးအကြိမ်အဖြစ်လီဂူး၁တစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးချိန်တွင်သူနဲ့ GOAT ပြိုင်ဘက် ယူနိုက်တက်စတားခရစ္စတီယာနိုရော်နယ်ဒိုကတော့ကစားသမားဘဝအနိမ့်ဆုံးအနေအထားသို့ရောက်နေပါတယ်။
ရော်နယ်ဒိုဟာကြားရက်တုန်းကစပါးစ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်နောက်ကျအရန်အဖြစ်ဝင်ကစားရန်ငြင်းဆိုပြီးပွဲမပြီးမီအရန်ခုံမှထွက်ခွာသွားမှုကြောင့်ယူနိုက်တက်တွင်တကိုယ်တည်းလေ့ကျင့်ခန်းဆင်းနေရသလို ချဲလ်ဆီးနှင့်ပွဲလူစာရင်းတွင်လည်းချန်လှပ်ခံထားခဲ့ရပါတယ်။
ZawGyi
GOAT ၿပိဳင္ဘက္ ေရာ္နယ္ဒိုရဲ႕ကစားသမားဘဝအနိမ့္ဆုံးသို႔ ေရာက္ေနခ်ိန္တြင္ ျပင္သစ္မွာဆုတစ္ဆု ရရွိလာတဲ့ မက္ဆီ
လီယြန္နယ္မက္ဆီဟာပထမဆုံးအႀကိမ္အျဖစ္လီဂူး၁ တစ္လတာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးလာႏိုင္ခဲ့ပါတယ္။
အသက္၃၅ႏွစ္ရွိအာဂ်င္တီးနားစတားဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက လီဂူး၁တြင္႐ုန္းကန္ခဲ့ရေပမဲ့လည္းယခုရာသီတြင္မူအေကာင္းဆုံးပုံစံရရွိလ်က္ရွိေနပါတယ္။
သူဟာယခုရာသီတြင္ၿပိဳင္ပြဲအရပ္ရပ္တြင္ပီအက္စ္ဂ်ီအတြက္၉ဂိုးသြင္းၿပီး၁၀ႀကိမ္ဖန္တီးမႈျပဳလုပ္ထားႏိုင္ပါတယ္။
သူဟာစက္တင္ဘာလတုန္းကလီဂူး၁ပြဲစဥ္မ်ားတြင္၃ႀကိမ္ဖန္တီးႏိုင္ခဲ့တဲ့အျပင္ တစ္ဂိုးလည္းသြင္းယူႏိုင္ခဲ့ၿပီးေနာက္ စက္တင္ဘာလအတြက္လီဂူး၁ တစ္လတာအေကာင္းဆုံးကစားသမားဆုကိုရရွိလာပါတယ္။
Get French Football News ရဲ႕ေဖာ္ျပမႈအရမက္ဆီဟာ ျပင္သစ္ပေရာ္ဖက္ရွင္နယ္ကစားသမားမ်ားသမဂၢမွကစားသမားမ်ားရဲ႕မဲ ၅၈ရာခိုင္ႏႈန္းရရွိကာစက္တင္ဘာလအတြက္တစ္လတာအေကာင္းဆုံးကစားသမားဆုရရွိလာေၾကာင္းသိရပါတယ္။
သူဟာလိုရီယန႔္မွဒန္ဂိုအူယက္တာရာႏွင့္လိုင္လီမွဂ်ိဳနသန္ဒါးဗီးစ္တို႔ကိုေက်ာ္ျဖတ္ကာဆြတ္ခူးသြားခဲ့တာျဖစ္ပါတယ္။
မက္ဆီဟာဩဂုတ္လတုန္းကလည္းလီဂူး၁တစ္လတာအေကာင္းဆုံးကစားသမားဆုအတြက္ဆန္ကာတင္စာရင္းတြင္ပါဝင္ခဲ့ေပမဲ့ ပီအက္စ္ဂ်ီကစားေဖာ္ေနမာကမဲအမ်ားဆုံးရရွိကာဆြတ္ခူးသြားခဲ့ပါတယ္။
မက္ဆီကျပင္သစ္တြင္ကစားတဲ့တစ္ႏွစ္ခြဲကာလအတြင္းပထမဆုံးအႀကိမ္အျဖစ္လီဂူး၁တစ္လတာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးခ်ိန္တြင္သူနဲ႔ GOAT ၿပိဳင္ဘက္ ယူႏိုက္တက္စတားခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့ကစားသမားဘဝအနိမ့္ဆုံးအေနအထားသို႔ေရာက္ေနပါတယ္။
ေရာ္နယ္ဒိုဟာၾကားရက္တုန္းကစပါးစ္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ေနာက္က်အရန္အျဖစ္ဝင္ကစားရန္ျငင္းဆိုၿပီးပြဲမၿပီးမီအရန္ခုံမွထြက္ခြာသြားမႈေၾကာင့္ယူႏိုက္တက္တြင္တကိုယ္တည္းေလ့က်င့္ခန္းဆင္းေနရသလို ခ်ဲလ္ဆီးႏွင့္ပြဲလူစာရင္းတြင္လည္းခ်န္လွပ္ခံထားခဲ့ရပါတယ္။