Golden Boy ကို ဘာစီလိုနာမှာရတဲ့လုပ်ခရဲ့လေးဆအထိ တိုးပေးသွားမယ့် ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ Golden Boy ဆုရှင်ပီဒရိုကိုဘာစီလိုနာမှာရရှိနေတဲ့လုပ်ခထက်လေးဆပိုမိုမြင့်မားတဲ့လုပ်ခပေးကာကမ်းလှမ်းမှုပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။

ပီဒရိုဟာလက်စ်ပါးမက်စ်မှပြောင်းလာပြီးနောက်ဘာစီလိုနာတွင်ကစားတဲ့ပထမဆုံးရာသီမှာအဓိကနေရာမှခြေစွမ်းပြကစားခဲ့ပါတယ်။

သူဟာနွေရာသီတုန်းကစပိန်နှင့်အတူယူရိုပြိုင်ပွဲနှင့်အိုလံပစ်ပြိုင်ပွဲတို့တွင်အဓိကကစားသမားအဖြစ်ခြေစွမ်းပြကစားခဲ့ပါတယ်။သူဟာပြီးခဲ့တဲ့၁၁လအတွင်းမှာကလပ်နှင့်နိုင်ငံတို့မှာအရေးပါတဲ့သူအဖြစ်ပွဲ၇၀အထိကစားခဲ့သူလည်းဖြစ်ပါတယ်။

အသက်၁၈နှစ်ရှိပီဒရိုဟာဘာစီလိုနာနှင့်၂၀၂၆ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုထားပြီးစာချုပ်အတွင်းတွင်သူ့ကိုပေါင်သန်း၈၃၀ဖြင့်ခေါ်ယူရမယ့်အချက်ကိုထည့်သွင်းချုပ်ဆိုထားပါတယ်။

ဒါပေမယ့်ယင်းသို့များပြားလှတဲ့ပြောင်းရွှေ့ကြေးကိုစာချုပ်အတွင်းမှာထည့်သွင်းထားပေမယ့်ဘိုင်ယန်မြူးနစ်ရဲ့ပီဒရိုကိုခေါ်ယူရေးကိုဟန့်တားနိုင်ခြင်းမရှိပါဘူး။

AS သတင်းစာကဘိုင်ယန်မြူးနစ်ကိုပီဒရိုကိုဘာစီလိုနာမှာရရှိနေတဲ့လုပ်ခရဲ့လေးဆအထိတိုးမြှင့်ပေးသွားရန်အသင့်ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်ဟာပြောင်းရွှေ့ကြေးများစွာသုံးပြီးကစားသမားခေါ်ယူဖို့လက်တွန့်တဲ့အသင်းမျိုးမဟုတ်ပါဘူး။၎င်းတို့ဟာ၂၀၁၉ခုနှစ်တုန်းကလူးကပ်စ်ဟာနန်ဒက်စ်ကိုဘွန်ဒက်စ်လီဂါရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ်ယူရိုသန်း၈၀ပေးပြီးခေါ်ယူခဲ့ဖူးပါတယ်။

ပီဒရိုဟာလက်ရှိအချိန်တွင်အသက်၁၈နှစ်သာရှိသေးတာကြောင့်သူ့တွင် လှပတဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝ၁၅နှစ်အထိပိုင်ဆိုင်ထားတယ်လို့ယူဆနိုင်သူဖြစ်ပါတယ်။

သူဟာမကြာသေးမီတုန်းကးဂျူ့ဘယ်လင်ဂမ်ကိုကျော်ဖြတ်ကာအသက်၂၁နှစ်အောက်ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Golden Boy ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘာစီလိုနာနည်းပြဇာဗီးဟာလူငယ်ပါရမီရှင်တစ်ဦးကိုမဆုံးရှုံးလိုပေမယ့်ကလပ်ရဲ့ဘဏ္ဍာရေးပြဿနာကိုဖြေရှင်းနိုင်မယ့်ငွေကြေးများစွာရရှိလာမှာဖြစ်လို့လိုအပ်ပါကရောင်းချသွားဖို့ရှိပါတယ်။

ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာကိုဖြေရှင်းရန်ဒတ်ချ်လက်ရွေးစင်ဖရန်ကီဒီဂျောင်ကိုလည်းရောင်းချဖို့စီစဉ်နေပါတယ်။ဖရန့်ကီဒီဂျောင်ကိုမန်ယူ၊မန်စီးတီးတို့ကခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

ZawGyi

Golden Boy ကို ဘာစီလိုနာမွာရတဲ့လုပ္ခရဲ႕ေလးဆအထိ တိုးေပးသြားမယ့္ ဘိုင္ယန္ျမဴးနစ္

ဘိုင္ယန္ျမဴးနစ္ဟာ Golden Boy ဆုရွင္ပီဒ႐ိုကိုဘာစီလိုနာမွာရရွိေနတဲ့လုပ္ခထက္ေလးဆပိုမိုျမင့္မားတဲ့လုပ္ခေပးကာကမ္းလွမ္းမႈျပဳလုပ္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။

ပီဒ႐ိုဟာလက္စ္ပါးမက္စ္မွေျပာင္းလာၿပီးေနာက္ဘာစီလိုနာတြင္ကစားတဲ့ပထမဆုံးရာသီမွာအဓိကေနရာမွေျခစြမ္းျပကစားခဲ့ပါတယ္။

သူဟာေႏြရာသီတုန္းကစပိန္ႏွင့္အတူယူ႐ိုၿပိဳင္ပြဲႏွင့္အိုလံပစ္ၿပိဳင္ပြဲတို႔တြင္အဓိကကစားသမားအျဖစ္ေျခစြမ္းျပကစားခဲ့ပါတယ္။သူဟာၿပီးခဲ့တဲ့၁၁လအတြင္းမွာကလပ္ႏွင့္ႏိုင္ငံတို႔မွာအေရးပါတဲ့သူအျဖစ္ပြဲ၇၀အထိကစားခဲ့သူလည္းျဖစ္ပါတယ္။

အသက္၁၈ႏွစ္ရွိပီဒ႐ိုဟာဘာစီလိုနာႏွင့္၂၀၂၆ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုထားၿပီးစာခ်ဳပ္အတြင္းတြင္သူ႔ကိုေပါင္သန္း၈၃၀ျဖင့္ေခၚယူရမယ့္အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ဒါေပမယ့္ယင္းသို႔မ်ားျပားလွတဲ့ေျပာင္းေ႐ႊ႕ေၾကးကိုစာခ်ဳပ္အတြင္းမွာထည့္သြင္းထားေပမယ့္ဘိုင္ယန္ျမဴးနစ္ရဲ႕ပီဒ႐ိုကိုေခၚယူေရးကိုဟန႔္တားႏိုင္ျခင္းမရွိပါဘူး။

AS သတင္းစာကဘိုင္ယန္ျမဴးနစ္ကိုပီဒ႐ိုကိုဘာစီလိုနာမွာရရွိေနတဲ့လုပ္ခရဲ႕ေလးဆအထိတိုးျမႇင့္ေပးသြားရန္အသင့္ရွိေနပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာေျပာင္းေ႐ႊ႕ေၾကးမ်ားစြာသုံးၿပီးကစားသမားေခၚယူဖို႔လက္တြန႔္တဲ့အသင္းမ်ိဳးမဟုတ္ပါဘူး။၎တို႔ဟာ၂၀၁၉ခုႏွစ္တုန္းကလူးကပ္စ္ဟာနန္ဒက္စ္ကိုဘြန္ဒက္စ္လီဂါရဲ႕စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ယူ႐ိုသန္း၈၀ေပးၿပီးေခၚယူခဲ့ဖူးပါတယ္။

ပီဒ႐ိုဟာလက္ရွိအခ်ိန္တြင္အသက္၁၈ႏွစ္သာရွိေသးတာေၾကာင့္သူ႔တြင္ လွပတဲ့ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝ၁၅ႏွစ္အထိပိုင္ဆိုင္ထားတယ္လို႔ယူဆႏိုင္သူျဖစ္ပါတယ္။

သူဟာမၾကာေသးမီတုန္းကးဂ်ဴ႕ဘယ္လင္ဂမ္ကိုေက်ာ္ျဖတ္ကာအသက္၂၁ႏွစ္ေအာက္ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ Golden Boy ဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဘာစီလိုနာနည္းျပဇာဗီးဟာလူငယ္ပါရမီရွင္တစ္ဦးကိုမဆုံးရႈံးလိုေပမယ့္ကလပ္ရဲ႕ဘ႑ာေရးျပႆနာကိုေျဖရွင္းႏိုင္မယ့္ေငြေၾကးမ်ားစြာရရွိလာမွာျဖစ္လို႔လိုအပ္ပါကေရာင္းခ်သြားဖို႔ရွိပါတယ္။

ဘာစီလိုနာဟာဘ႑ာေရးျပႆနာကိုေျဖရွင္းရန္ဒတ္ခ်္လက္ေ႐ြးစင္ဖရန္ကီဒီေဂ်ာင္ကိုလည္းေရာင္းခ်ဖို႔စီစဥ္ေနပါတယ္။ဖရန႔္ကီဒီေဂ်ာင္ကိုမန္ယူ၊မန္စီးတီးတို႔ကေခၚယူရန္စိတ္ဝင္စားေနပါတယ္။