Golden Boy 2021 အတွက် ဆန်ကာတင်စာရင်းတွင် ဆာကာ၊ ဂရင်းဝုဒ်တို့နှင့်အတူ အာဆင်နယ်အပယ်ခံ ဆာလီဘာပါဝင်

Golden Boy 2021 ဆုအတွက်ဆန်ကာတင်စာရင်းထုတ်ပြန်ကြေညာလာရာမှာအင်္ဂလန်လူငယ်စတားများဖြစ်ကြတဲ့ဘူကာယိုဆာကာ၊မေဆင်ဂရင်းဝုဒ်နှင့်ဂျူ့ဘယ်လင်ဂမ်တို့ပါဝင်လာပါတယ်။

ဒါ့အပြင် Golden Boy 2021 အတွက်ဆန်ကာတင်ကစားသမား၂၀ဦးစာရင်းတွင် အာဆင်နယ်အပယ်ခံဝီလီယမ်ဆာလီဘာလည်းပါဝင်လာပါတယ်။ဆာဘီဘာဟာအာဆင်နယ်အတွက်တစ်ပွဲမျှကစားရခြင်းမရှိသေးဘဲမာဆေးလ်သို့အငှားချခြင်းခံနေရသူဖြစ်ပါတယ်။

Golden Boy ဆုမှာအသက်၂၁နှစ်အောက်ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်ပြီးလက်ရှိယင်းဆုပိုင်ရှင်မှာဒေါ့မွန်စူပါစတားအာလင်းဟာလန်းဖြစ်ပါတယ်။ Golden Boy 2021 ဆုကိုယခုနှစ်မကုန်မီကြေညာချီးမြှင့်သွားပါမယ်။

Golden Boy 2021 ဆုအတွက်ဆန်ကာတင်စာရင်းတွင် ဘာစီလိုနာလူငယ်စတားများဖြစ်ကြတဲ့ပီဒရီ၊ဂါဗီ၊ရီးရဲလ်မက်ဒရစ်မှရိုဒရီဂိုနှင့်ကာမာဗင်ဂါတို့ပါဝင်သလိုဗီလာရီးရဲလ်မှယီရီမီပီနိုတို့ပါဝင်ပါတယ်။

ဒါ့အပြင်ဘိုင်ယန်မြူးနစ်မှမူစီယေလာ၊အေစီမီလန်မှမာလ်ဒီနီရဲ့သားဒါနီရယ်မာလ်ဒီနီ၊အတ္တလန္တာမှရောဘတ်တိုပီကိုလီ၊ဒေါ့မွန်မှရေနာ၊လေဗာကူဆင်မှဝါ့ဇ်နှင့်အေဂျက်စ်မှဂရာဗန်ဗစ်ချ်နှင့်ဂျော်ရီယန်တမ်ဘာတို့လည်းပါဝင်ပါတယ်။

ZawGyi

Golden Boy 2021 အတြက္ ဆန္ကာတင္စာရင္းတြင္ ဆာကာ၊ ဂရင္းဝုဒ္တို႔ႏွင့္အတူ အာဆင္နယ္အပယ္ခံ ဆာလီဘာပါဝင္

Golden Boy 2021 ဆုအတြက္ဆန္ကာတင္စာရင္းထုတ္ျပန္ေၾကညာလာရာမွာအဂၤလန္လူငယ္စတားမ်ားျဖစ္ၾကတဲ့ဘူကာယိုဆာကာ၊ေမဆင္ဂရင္းဝုဒ္ႏွင့္ဂ်ဴ႕ဘယ္လင္ဂမ္တို႔ပါဝင္လာပါတယ္။

ဒါ့အျပင္ Golden Boy 2021 အတြက္ဆန္ကာတင္ကစားသမား၂၀ဦးစာရင္းတြင္ အာဆင္နယ္အပယ္ခံဝီလီယမ္ဆာလီဘာလည္းပါဝင္လာပါတယ္။ဆာဘီဘာဟာအာဆင္နယ္အတြက္တစ္ပြဲမွ်ကစားရျခင္းမရွိေသးဘဲမာေဆးလ္သို႔အငွားခ်ျခင္းခံေနရသူျဖစ္ပါတယ္။

Golden Boy ဆုမွာအသက္၂၁ႏွစ္ေအာက္ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္ၿပီးလက္ရွိယင္းဆုပိုင္ရွင္မွာေဒါ့မြန္စူပါစတားအာလင္းဟာလန္းျဖစ္ပါတယ္။ Golden Boy 2021 ဆုကိုယခုႏွစ္မကုန္မီေၾကညာခ်ီးျမႇင့္သြားပါမယ္။

Golden Boy 2021 ဆုအတြက္ဆန္ကာတင္စာရင္းတြင္ ဘာစီလိုနာလူငယ္စတားမ်ားျဖစ္ၾကတဲ့ပီဒရီ၊ဂါဗီ၊ရီးရဲလ္မက္ဒရစ္မွ႐ိုဒရီဂိုႏွင့္ကာမာဗင္ဂါတို႔ပါဝင္သလိုဗီလာရီးရဲလ္မွယီရီမီပီႏိုတို႔ပါဝင္ပါတယ္။

ဒါ့အျပင္ဘိုင္ယန္ျမဴးနစ္မွမူစီေယလာ၊ေအစီမီလန္မွမာလ္ဒီနီရဲ႕သားဒါနီရယ္မာလ္ဒီနီ၊အတၱလႏၲာမွေရာဘတ္တိုပီကိုလီ၊ေဒါ့မြန္မွေရနာ၊ေလဗာကူဆင္မွဝါ့ဇ္ႏွင့္ေအဂ်က္စ္မွဂရာဗန္ဗစ္ခ်္ႏွင့္ေဂ်ာ္ရီယန္တမ္ဘာတို႔လည္းပါဝင္ပါတယ္။