နာပိုလီ အဝေးကွင်းနိုင်မယ့်ပွဲ

တနင်္ဂနွေညအီတလီစီးရီးအေ ပွဲစဉ်-၂ သုံးသပ်ချက်

ဂျီနိုအာ နှင့် နာပိုလီ (ည ၁၁းဝဝ)(အိုဇုန်း)

နာပိုလီဟာခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ကစားခဲ့တဲ့နောက်ဆုံးအဝေးကွင်းခြောက်ပွဲဆက်တိုက်အနိုင်ကစားထားနိုင်ခဲ့တယ်။ ရာသီအဖွင့်ပွဲလည်းနိုင်ထားတယ်။

ဂျီနိုအာကတော့ရာသီအဖွင့်ပွဲမှာပဲအင်တာမီလန်ကို လေးဂိုးပြတ်ရှုံးထားတော့အခုအိမ်ကွင်းမှာ နာပိုလီကိုဘယ်လိုထပ်ပြီး ဧည့်ခံဦးမလဲ။

နာပိုလီဟာနောက်ဆုံး ၁၄ ပွဲဆက်မရှုံးအောင်ကစားထားနိုင်လို့ ဒီရာသီချိန်ပီယံလျာထားစာရင်းထဲထည့်ရမယ့်အသင်းဖြစ်ပြီးဂျီနိုအာနဲ့နောက်ဆုံးငါးပွဲမှာတစ်ပွဲသာရှုံးခဲ့လို့ ဒီပွဲ နာပိုလိအဝေးကွင်းနိုင်ပွဲရမယ်လို့ပဲမြင်မိတယ်။

zawgyi




