တုန်လှုပ်နာကျင်ခဲ့ရပြီးနောက် ပြင်သစ်အသင်းအနာဂတ်ကို အန်တိုနီယိုဂရက်ဇ်မန်း စဉ်းစားလာ

အန်တိုနီယိုဂရက်ဇ်မန်းဟာပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင်ရာထူးကိုရယူနိုင်ခဲ့ခြင်းမရှိပြီးနောက်ပြင်သစ်လက်ရွေးစင်အသင်းအနာဂတ်နှင့်ပတ်သက်ပြီးစဉ်းစားနေပြီဖြစ်ပါတယ်။

အသက်၃၂နှစ်ရှိအက်သလက်တီကိုစတားဟာပြင်သစ်နှင့်အတူ၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သူဖြစ်ပြီးကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းဗိုလ်လုပွဲသို့တက်ရောက်အောင်ကူညီခဲ့သူဖြစ်ပါတယ်။

ဒီဒီယာဒက်ချမ့်ဟာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကလက်ရွေးစင်ကစားသမားဘဝမှ အသင်းခေါင်းဆောင်ဟူလိုလိုရစ်အနားယူသွားပြီးနောက်အသင်းခေါင်း ဆောင်သစ်အဖြစ်ကိုင်လီယန်ဘက်ပေးကိုခန့်အပ်ခဲ့ပါတယ်။

ကိုင်လီယန်ဘက်ပေးဟာလာမယ်နယ်သာလန်၊အိုင်ယာလန်တို့နှင့်ကစားရမဲ့ယူရို၂၀၂၄ခြေစစ်ပွဲများမှစတင်ကာပြင်သစ်အသင်းခေါင်းဆောင်အဖြစ်တာ ဝန်ယူလာပါမယ်။

ဒက်ချမ့်ဟာအန်တိုနီဂရက်ဇ်မန်းကိုပြင်သစ်ရဲ့ဒုတိယအသင်းခေါင်းဆောင်အဖြစ်သာခန့်အပ်ခဲ့ပါတယ်။

ဒါကြောင့်လည်းဂရက်ဇ်မန်းဟာဒီဒီယာဒက်ချမ့်ရဲ့ဆုံးဖြတ်ချက်အပေါ်အံ့ဩတုန်လှုပ်ရတဲ့အပြင်နာကျင်နေရပါတယ်။

ဂရက်ဇ်မန်းဟာပြင်သစ်အသင်းအတွက်၁၁၇ပွဲကစားကာ၄၂ဂိုးသွင်းထားသူဖြစ်ပြီးပြင်သစ်ရဲ့စီနီယာကစားသမားများထဲမှတစ်ဦးဖြစ်ပါတယ်။

အသက်၂၄နှစ်ရှိဘက်ပေးမှာ၂၀၁၇ခုနှစ်တွင်စတင်ကစားခွင့်ရပြီးနောက်၆၆ပွဲကစားထားပါတယ်။

ZawGyi

တုန္လႈပ္နာက်င္ခဲ့ရၿပီးေနာက္ ျပင္သစ္အသင္းအနာဂတ္ကို အန္တိုနီယိုဂရက္ဇ္မန္း စဥ္းစားလာ

အန္တိုနီယိုဂရက္ဇ္မန္းဟာျပင္သစ္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ရာထူးကိုရယူႏိုင္ခဲ့ျခင္းမရွိၿပီးေနာက္ျပင္သစ္လက္ေ႐ြးစင္အသင္းအနာဂတ္ႏွင့္ပတ္သက္ၿပီးစဥ္းစားေနၿပီျဖစ္ပါတယ္။

အသက္၃၂ႏွစ္ရွိအက္သလက္တီကိုစတားဟာျပင္သစ္ႏွင့္အတူ၂၀၁၈ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့သူျဖစ္ၿပီးကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္းဗိုလ္လုပြဲသို႔တက္ေရာက္ေအာင္ကူညီခဲ့သူျဖစ္ပါတယ္။

ဒီဒီယာဒက္ခ်မ့္ဟာၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းကလက္ေ႐ြးစင္ကစားသမားဘဝမွ အသင္းေခါင္းေဆာင္ဟူလိုလိုရစ္အနားယူသြားၿပီးေနာက္ အသင္းေခါင္းေဆာင္သစ္အျဖစ္ကိုင္လီယန္ဘက္ေပးကိုခန႔္အပ္ခဲ့ပါတယ္။

ကိုင္လီယန္ဘက္ေပးဟာလာမယ္နယ္သာလန္၊အိုင္ယာလန္တို႔ႏွင့္ကစားရမဲ့ယူ႐ို၂၀၂၄ေျခစစ္ပြဲမ်ားမွစတင္ကာျပင္သစ္အသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူလာပါမယ္။

ဒက္ခ်မ့္ဟာအန္တိုနီဂရက္ဇ္မန္းကိုျပင္သစ္ရဲ႕ဒုတိယအသင္းေခါင္းေဆာင္အျဖစ္သာခန႔္အပ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းဂရက္ဇ္မန္းဟာဒီဒီယာဒက္ခ်မ့္ရဲ႕ဆုံးျဖတ္ခ်က္အေပၚအံ့ဩတုန္လႈပ္ရတဲ့အျပင္နာက်င္ေနရပါတယ္။

ဂရက္ဇ္မန္းဟာျပင္သစ္အသင္းအတြက္၁၁၇ပြဲကစားကာ၄၂ဂိုးသြင္းထားသူျဖစ္ၿပီးျပင္သစ္ရဲ႕စီနီယာကစားသမားမ်ားထဲမွတစ္ဦးျဖစ္ပါတယ္။

အသက္၂၄ႏွစ္ရွိဘက္ေပးမွာ၂၀၁၇ခုႏွစ္တြင္စတင္ကစားခြင့္ရၿပီးေနာက္၆၆ပြဲကစားထားပါတယ္။