ရီးရဲလ် ဂိုးပြတ်နိုင်မယ်လို့ ယုံကြည်တယ်

ကြာသပတေးည စပိန်လာလီဂါ ပွဲစဉ်-၃၆ ပွဲကြိုသုံးသပ်ချက်

ဂရန်နာဒါ နှင့် ရီးရဲလ် (ည ၂း၃၀)(သတိုး-မှော်ဘီ)

တန်းတင်ဖို့ သေချာပြီးကတည်းကဥရောပဝင်ခွင့်မျှော်လင့်ချက်လည်းမရှိလို့ ဂရန်နာဒါအားထည့်ကစားခြင်းမရှိတော့ဘူး။ဒါကြောင့်လည်း သူတို့ရဲ့ နောက်ဆုံး၄ပွဲမှာ ဂရန်နာဒါ ရှုံးပွဲ ၃ပွဲအထိရင်ဆိုင်ထားရတာဖြစ်တယ်။

ခံစစ်ယိုယွင်းမှုကဂရန်နာဒါရဲ့အဓိကအားနည်းချက်လို့ဆိုရမယ်။ရီးရဲလ်ကတော့ချန်ပီယံဆုဆွတ်ခူးဖို့၊ ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်လက်မလွှတ်ရဖို့ စတာတွေအတွက် ကြိုးစားနေရတဲ့အသင်းဖြစ်တယ်။

ဘင်ဇီမာဦးဆောင်လာမယ့် ရီးရဲလ်တိုက်စစ်ကိုအိမ်ရှင်နောက်တန်း ဟန့်တားဖို့မလွယ်ဘူး။အမှတ်လိုနေတဲ့ ရီးရဲလ်အတွက်ဂရန်နာဒါနဲ့ ရင်ဆိုင်ရခြင်းက ရေကန်အသင့်ကြာအသင့်လို့ဆိုရမယ်။ရီးရဲလ် ဂိုးပြတ်နိုင်မယ်လို့ ယုံကြည်တယ်။

zawgyi




