Greenland ရဲ့ Arctic Circle မှာ ကျင်းပတဲ့ ကမ္ဘာ့အတိုတောင်းဆုံးဘောလုံးရာသီ

ဒါကကမ္ဘာ့ဘောလုံးလောကမှာကျင်းပတဲ့ဘောလုံးပြိုင်ပွဲထဲမှအံ့ဩစရာအကောင်းဆုံးပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။၁၉၇၁ခုနှစ်မှစတင်ပြီးနှစ်တိုင်းနှစ်တိုင်း Greenland မှအကောင်းဆုံးဘောလုံးသမားများဟာ Greenlandsbanken Final 6 မှာယှဉ်ပြိုင်ကစားကြပါတယ်။ယင်းပြိုင်ပွဲကိုတစ်ပတ်အတွင်းအပြီးကျင်းပ လေ့ရှိပြီးကမ္ဘာ့အတိုတောင်းဆုံးဘောလုံရာသီလည်းဖြစ်ပါတယ်။ယင်းပြိုင်ပွဲကို Arctic Circle မှာကျင်းပပါတယ်။

ဘောလုံးပွဲများကိုရေခဲဆောင်များနှင့်ဝေးရာရှေးကျတဲ့ကျွန်းမှာကျင်းပပါတယ်။ယင်းကျွန်းကနေလှမ်းကြည့်လိုက် ရင်ဝေလငါးတွေရေမှုတ်ထုတ်နေတာကိုလည်းမြင်တွေ့နိုင်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ယင်းလိဂ်ပြိုင်ပွဲမှာ Greenland မှာနေထိုင်တဲ့လူဦးရေရဲ့၁၀ရာခိုင်နှုန်းအထိပါဝင် ယှဉ်ပြိုင်တာဖြစ်ပါတယ်။

ရာသီတုကြောင့်ကွင်းကဆိုးရွားလှသလိုကစားသမားတွေဟာခြေထောက်ကျိုးခြင်းအပါအဝင်ဆိုးရွားတဲ့ဒဏ်ရာတွေ ရရှိကြလေ့ရှိပါတယ်။

တကယ်တော့ Greenland က ဂျာမနီ၊ပြင်သစ်၊စပိန်၊အီတလီတို့လိုကြီးမားတဲ့နိုင်ငံတစ်ခုပါ။ဒါပေမယ့်Greenland ဧရိယာရဲ့၂၀ရာခိုင်နှုန်းမှာဘဲလူတွေနေထိုင်နိုင်ပြီးကျန်မြေတွေကရေခဲပြင်အတိပြီးပါတယ်။

တစ်နှစ်ရဲ့၉လကဆောင်းရာသီဖြစ်ပြီးနွေရာသီမှာတောင်နှင်းထုကကြီးမားလှတာကြောင့်ဘောလုံးပြိုင်ပွဲတစ်ပွဲ ကျင်းပဆိုတာတကယ်ပဲခက်ခဲလွန်းလှပါတယ်။

ဒါပေမယ့် Greenland မှလူများရဲ့ဘောလုံးချစ်မြတ်နိုးစိတ်ကိုတားဆီးလို့မရပါဘူး။ Greenland မှာဘောလုံးသ မား၅၀၀၀အထိရှိပါတယ်။လူဦးရေရဲ့၁၀ရာခိုင်နှုန်းပါ။

ယခင်တုန်းက Greenland မှဘောလုံးပြိုင်ပွဲကိုသဲ၊ကျောက်ခဲများပြည့်နှက်နေတဲ့ ကွင်းမှာကစားပေမယ့် ကစားသမားတွေဆိုးဆိုးရွားရွားဒဏ် ရာရရှိပါတယ်။

ဒါပေမယ့်ယခုအခါမှာတော့ Disko Island မှာ Qeqertarsuaq အမည်ရှိ မြက်ခင်းတုကွင်းဖန်တီးကာကွင်း ကောင်းမှာကစားနေနိုင်ပြီဖြစ်ပါတယ်။ ယင်းကွင်းကို၂၀၁၆ခုနှစ်တည်းကဖန်တီးခဲ့တာပါ။

Greenland မှာဘောလုံးကွင်းတွေတည်ဆောက်ဖို့အတွက်ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ကလည်းအားသရော အကူအညီများပေးနေပါတယ်။၎င်းတို့ဟာ၂၀၂၁ခုနှစ်မှာမြက်ခင်းတုကွင်းခြောက်ကွင်းအထိဖန်တီးဖို့စီစဉ်ထား ပါတယ်။အခုအချိန်မှာဘောလုံးကစားဖို့အတွက်မြက်ခင်းတုကွင်းငယ်များစွာလည်းတည်ဆောက်ထားပြီးပြီလည်း ဖြစ်ပါတယ်။

ZawGyi

Greenland ရဲ႕ Arctic Circle မွာ က်င္းပတဲ့ ကမာၻ႔အတိုေတာင္းဆုံးေဘာလုံးရာသီ

ဒါကကမာၻ႔ေဘာလုံးေလာကမွာက်င္းပတဲ့ေဘာလုံးၿပိဳင္ပြဲထဲမွအံ့ဩစရာအေကာင္းဆုံးၿပိဳင္ပြဲတစ္ခု ျဖစ္ပါတယ္။၁၉၇၁ခုႏွစ္မွစတင္ၿပီးႏွစ္တိုင္းႏွစ္တိုင္း Greenland မွအေကာင္းဆုံးေဘာလုံးသမားမ်ားဟာ Greenlandsbanken Final 6 မွာယွဥ္ၿပိဳင္ကစားၾကပါတယ္။ယင္းၿပိဳင္ပြဲကိုတစ္ပတ္အတြင္းအၿပီးက်င္းပ ေလ့ရွိၿပီးကမာၻ႔အတိုေတာင္းဆုံးေဘာလုံရာသီလည္းျဖစ္ပါတယ္။ယင္းၿပိဳင္ပြဲကို Arctic Circle မွာက်င္းပပါတယ္။

ေဘာလုံးပြဲမ်ားကိုေရခဲေဆာင္မ်ားႏွင့္ေဝးရာေရွးက်တဲ့ကြၽန္းမွာက်င္းပပါတယ္။ယင္းကြၽန္းကေနလွမ္းၾကည့္လိုက္ ရင္ေဝလငါးေတြေရမႈတ္ထုတ္ေနတာကိုလည္းျမင္ေတြ႕ႏိုင္ပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ယင္းလိဂ္ၿပိဳင္ပြဲမွာ Greenland မွာေနထိုင္တဲ့လူဦးေရရဲ႕၁၀ရာခိုင္ႏႈန္းအထိပါဝင္ ယွဥ္ၿပိဳင္တာျဖစ္ပါတယ္။

ရာသီတုေၾကာင့္ကြင္းကဆိုး႐ြားလွသလိုကစားသမားေတြဟာေျခေထာက္က်ိဳးျခင္းအပါအဝင္ဆိုး႐ြားတဲ့ဒဏ္ရာေတြ ရရွိၾကေလ့ရွိပါတယ္။

တကယ္ေတာ့ Greenland က ဂ်ာမနီ၊ျပင္သစ္၊စပိန္၊အီတလီတို႔လိုႀကီးမားတဲ့ႏိုင္ငံတစ္ခုပါ။ဒါေပမယ့္Greenland ဧရိယာရဲ႕၂၀ရာခိုင္ႏႈန္းမွာဘဲလူေတြေနထိုင္ႏိုင္ၿပီးက်န္ေျမေတြကေရခဲျပင္အတိၿပီးပါတယ္။

တစ္ႏွစ္ရဲ႕၉လကေဆာင္းရာသီျဖစ္ၿပီးေႏြရာသီမွာေတာင္ႏွင္းထုကႀကီးမားလွတာေၾကာင့္ေဘာလုံးၿပိဳင္ပြဲတစ္ပြဲ က်င္းပဆိုတာတကယ္ပဲခက္ခဲလြန္းလွပါတယ္။

ဒါေပမယ့္ Greenland မွလူမ်ားရဲ႕ေဘာလုံးခ်စ္ျမတ္ႏိုးစိတ္ကိုတားဆီးလို႔မရပါဘူး။ Greenland မွာေဘာလုံးသ မား၅၀၀၀အထိရွိပါတယ္။လူဦးေရရဲ႕၁၀ရာခိုင္ႏႈန္းပါ။

ယခင္တုန္းက Greenland မွေဘာလုံးၿပိဳင္ပြဲကိုသဲ၊ေက်ာက္ခဲမ်ားျပည့္ႏွက္ေနတဲ့ ကြင္းမွာကစားေပမယ့္ ကစားသမားေတြဆိုးဆိုး႐ြား႐ြားဒဏ္ ရာရရွိပါတယ္။

ဒါေပမယ့္ယခုအခါမွာေတာ့ Disko Island မွာ Qeqertarsuaq အမည္ရွိ ျမက္ခင္းတုကြင္းဖန္တီးကာကြင္း ေကာင္းမွာကစားေနႏိုင္ၿပီျဖစ္ပါတယ္။ ယင္းကြင္းကို၂၀၁၆ခုႏွစ္တည္းကဖန္တီးခဲ့တာပါ။

Greenland မွာေဘာလုံးကြင္းေတြတည္ေဆာက္ဖို႔အတြက္ဒိန္းမတ္ေဘာလုံးအဖြဲ႕ခ်ဳပ္ကလည္းအားသေရာ အကူအညီမ်ားေပးေနပါတယ္။၎တို႔ဟာ၂၀၂၁ခုႏွစ္မွာျမက္ခင္းတုကြင္းေျခာက္ကြင္းအထိဖန္တီးဖို႔စီစဥ္ထား ပါတယ္။အခုအခ်ိန္မွာေဘာလုံးကစားဖို႔အတြက္ျမက္ခင္းတုကြင္းငယ္မ်ားစြာလည္းတည္ေဆာက္ထားၿပီးၿပီလည္း ျဖစ္ပါတယ္။