နှစ်သင်းကြားခြေစွမ်း ကွာခြားလွန်းနေတော့

သောကြာည ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်

ဂရူသာဖတ် နှင့် ဘိုင်ယန်မြူးနစ် (ည ၁းဝဝ)(မော်ကွန်း)

အမှတ်ပေးဇယားအောက်ဆုံးကချာတူးအလန်ဆုံးဂရူသာဖတ်နဲ့ ထိပ်ဆုံးကဦးဆောင်နေတဲ့ဘိုင်ယန်မြူးနစ်တို့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပါတယ်။ရှုံးပွဲတွေ ဆက်တိုက်ရင်ဆိုင်နေရတဲ့ ဂရူသာဖတ်ရဲ့ကွင်းလယ်နဲ့တိုက်စစ်ပိုင်းကအားပျော့လွန်းပြီး နောက်တန်းကလည်းဂိုးအလှူပေးလွန်းနေတယ်။

ဘိုင်ယန်မြူးနစ်ကတော့ခံစစ်နဲ့ကွင်းလယ်ပိုင်းလုံခြုံမာကျောလွန်းပြီးတိုက်စစ်လည်း ထက်မြက်လွန်းနေတဲ့အသင်းပါ။ခြေစွမ်းကွာခြားလွန်းလို့ဘိုင်ယန်ရဲ့အနိုင်ရလဒ်ကပေးဂိုးမရှိမှုနဲ့အတူ ပြတ်ပြတ်သားသား ဖြစ်သွားပါလိမ့်မယ်။

zawgyi




