ဂွါဒီယိုလာရဲ့သမီးနှင့်အနမ်းပန်းတွေချွေနေခဲ့တဲ့ဒီလီအယ်လီ

စပါးစ်စတားဒီလီအယ်လီဟာတိုက်ခေါင်မိုးဘားတစ်ခုတွင်မန်စီးတီးနည်းပြပက်ဂွါဒီယိုလာရဲ့သမီးဖြစ်သူမာရီယာဂွါဒီယိုလာနှင့်ချစ်ကြည်နူးကာအနမ်းပန်းချွေနေခဲ့ကြကြောင်းသိရပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကလန်ဒန်ရှိခေါင်မိုးဘားတစ်ခုတွင်အသက်၂၀နှစ်ရှိမာရီယာဂွါဒီယိုလာနှင့်ချစ်ကြည်နူးနေခဲ့တာလည်းဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အလယ်တန်းကစားသမားဟာယခုနှစ်အစောပိုင်းတုန်းကမော်ဒယ်ရူဘီမယ်နှင့်လမ်းခွဲခဲ့သူဖြစ်ပါတယ်။ရူဘီမယ်ဟာအယ်လီကသူမထက်Fortnite ဂိမ်းကစားရေးကိုသာဦးစားပေးနေမှုနဲ့အတူလမ်းခွဲရန်ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

အယ်လီနှင့်မာရီယာတို့ရဲ့ချစ်ကြည်နူးနေမှုကိုမြင်တွေ့လိုက်သူတစ်ဦးက “ဒီလီနဲ့မာရီယာတို့ဟာတစ်ကမ္ဘာလုံးကိုမေ့နေခဲ့ကြပါတယ်။ ဒီဂျေရှေ့မှာသူတို့ရှိနေတာတောင်သူတို့ကိုဘယ်သူတွေကြည့်နေမလဲဆိုတာဂရုမစိုက်ကြပါဘူး။ရာချီပြီးကြည့်နေတာပါ။သူတို့နှစ်ဦးလုံးမျက်ကန်းတွေလိုထင်တိုင်းကြဲနေခဲ့ကြတယ်”လို့ပြောကြားသွားပါတယ်။

အသက်၂၅နှစ်ရှိအယ်လီဟာယခုရာသီတွင်မော်ရင်ဟိုရဲ့အရန်ခုံသို့ပို့ခြင်းခံရမှုနဲ့အတူပရီးမီးယားလိဂ်ပွဲ၁၂ပွဲတည်းသာကစားခွင့်ရထားပါတယ်။ဒါပေမယ့်သူဟာယာယီနည်းပြရိုင်ယန်မာဆင်ရဲ့လက်ထက်မှာတော့ပွဲထွက်ခွင့်ရရှိလာပါတယ်။

zawgyi

ဂြါဒီယိုလာရဲ႕သမီးႏွင့္အနမ္းပန္းေတြေခြၽေနခဲ့တဲ့ဒီလီအယ္လီ

စပါးစ္စတားဒီလီအယ္လီဟာတိုက္ေခါင္မိုးဘားတစ္ခုတြင္မန္စီးတီးနည္းျပပက္ဂြါဒီယိုလာရဲ႕သမီးျဖစ္သူမာရီယာဂြါဒီယိုလာႏွင့္ခ်စ္ၾကည္ႏူးကာအနမ္းပန္းေခြၽေနခဲ့ၾကေၾကာင္းသိရပါတယ္။

အဂၤလန္လက္ေ႐ြးစင္ကစားသမားဟာၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကလန္ဒန္ရွိေခါင္မိုးဘားတစ္ခုတြင္အသက္၂၀ႏွစ္ရွိမာရီယာဂြါဒီယိုလာႏွင့္ခ်စ္ၾကည္ႏူးေနခဲ့တာလည္းျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္အလယ္တန္းကစားသမားဟာယခုႏွစ္အေစာပိုင္းတုန္းကေမာ္ဒယ္႐ူဘီမယ္ႏွင့္လမ္းခြဲခဲ့သူျဖစ္ပါတယ္။႐ူဘီမယ္ဟာအယ္လီကသူမထက္Fortnite ဂိမ္းကစားေရးကိုသာဦးစားေပးေနမႈနဲ႔အတူလမ္းခြဲရန္ဆုံးျဖတ္လိုက္တာလည္းျဖစ္ပါတယ္။

အယ္လီႏွင့္မာရီယာတို႔ရဲ႕ခ်စ္ၾကည္ႏူးေနမႈကိုျမင္ေတြ႕လိုက္သူတစ္ဦးက “ဒီလီနဲ႔မာရီယာတို႔ဟာတစ္ကမာၻလုံးကိုေမ့ေနခဲ့ၾကပါတယ္။ ဒီေဂ်ေရွ႕မွာသူတို႔ရွိေနတာေတာင္သူတို႔ကိုဘယ္သူေတြၾကည့္ေနမလဲဆိုတာဂ႐ုမစိုက္ၾကပါဘူး။ရာခ်ီၿပီးၾကည့္ေနတာပါ။သူတို႔ႏွစ္ဦးလုံးမ်က္ကန္းေတြလိုထင္တိုင္းႀကဲေနခဲ့ၾကတယ္”လို႔ေျပာၾကားသြားပါတယ္။

အသက္၂၅ႏွစ္ရွိအယ္လီဟာယခုရာသီတြင္ေမာ္ရင္ဟိုရဲ႕အရန္ခုံသို႔ပို႔ျခင္းခံရမႈနဲ႔အတူပရီးမီးယားလိဂ္ပြဲ၁၂ပြဲတည္းသာကစားခြင့္ရထားပါတယ္။ဒါေပမယ့္သူဟာယာယီနည္းျပ႐ိုင္ယန္မာဆင္ရဲ႕လက္ထက္မွာေတာ့ပြဲထြက္ခြင့္ရရွိလာပါတယ္။