ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုနဲ့ပတ်သက်ပြီး ပထမဆုံးပြောကြားလာတဲ့ ဂွါဒီယိုလာ

ပက်ဂွါဒီယိုလာဟာပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်း၁၁၅ခုကိုချိုးဖောက်မှုအတွက်စွဲချက်တင်ခြင်းခံရမှုနဲ့ပတ်သက်ပြီးပထမဆုံးအကြိမ်အဖြစ်စကားပြောလာပါတယ်။

မန်စီးတီးဟာ၂၀၀၈ခုနှစ်မှ၂၀၁၈ခုနှစ်အတွင်းကိုးနှစ်တာကာလအတွင်းဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုများအတွက်စွဲချက်တင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ဒါ့အပြင်မန်စီးတီးဟာ၂၀၁၈ခုနှစ်မှ၂၀၂၂-၂၃ရာသီအထိငါးရာသီအတွင်းစာရွက်စာတမ်းများနှင့်ပတ်သက်ပြီးပူးပေါင်းပါဝင်လုပ်ဆောင်ခြင်းမရှိမှုအတွက်စွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။

ယခုအခါဂွါဒီယိုလာက “ပထမဆုံးတွေးမိတာကတော့ငါတို့တော့အပြစ်တင်ရှုံ့ချခံရပြီဆိုတာပါ။တနင်္လာနေ့နောက်ပိုင်းဖြစ်ပျက်တာကယူအီးအက်ဖ်အေနဲ့ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တုန်းကအတိုင်းဖြစ်လာတယ်။ကျွန်တော်တို့အပြစ်တင်ခံရတယ်။တကယ်တော့ကျွန်တော်တို့ကစွဲချက်တင်ခြင်းခံရရုံလေးပါ။ယူအီးအက်ဖ်အေရဲ့စွပ်စွဲမှုကိုမကာကွယ်ခင်မှာသူတို့(မန်စီးတီးတာဝန်ရှိသူတွေ)ဟာဘာလို့ပြောသင့်သလဲ။

ကလပ်ကလည်းကျွန်တော်တို့မှာအပြစ်မရှိကြောင်းသက်သေပြခဲ့တယ်။ဘာလို့ကျွန်တော်တို့အပြစ်တင်ခံရသင့်လဲ။ပရီးမီးယားလိဂ်ကအသင်း၁၉သင်းဟာကာကွယ်ဖို့အခွင့်အရေးတောင်မပေးဘဲကျွန်တော်တို့ကိုစွပ်စွဲနေတယ်။ကျွန်တော့်ဥက္ကဌကျွန်တော့်စီအီးအိုတို့ကတော့အားလုံးကိုရှင်းပြထားပြီးပြီ။ကျွန်တော်ဘယ်ဘက်မှာရှိတယ်ဆိုတာခင်ဗျားတို့သိပြီပေါ့”လို့ပြောကြားသွားပါတယ်။

မန်စီးတီးဟာလွန်ခဲ့တဲ့သုံးနှစ်တုန်းကယူအီးအက်ဖ်အေရဲ့ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုအတွက်စွဲချက်တင်ခြင်းခံခဲ့ရပေမဲ့အပြစ်မရှိကြောင်းသက် သေပြနိုင်မှုနဲ့အတူ လွတ်မြောက်သွားခဲ့ပါတယ်။

မန်စီးတီးဟာပရီးမီးယားလိဂ်ရဲ့အရေးယူခြင်းခံလာရပါက၂၀၀၉ခုနှစ်နောက်ပိုင်းပရီးမီးယားလိဂ်ဖလားဆွတ်ခူးထားနိုင်မှုအားလုံးကိုလက်လွှတ်လာရဖို့ရှိပါတယ်။

ဒါ့အပြင်ဂွါဒီယိုလာကယခုမန်စီးတီးစွဲချက်တင်ခြင်းခံရမှုမှာပရီးမီးယားလိဂ်ပြိုင်ဘက်များရဲ့လုပ်ရပ်ကြောင့်လို့ယုံကြည်သလားလို့မေးမြန်းလာမှုအား “ဥက္ကဌဆီသွား၊စီးအီးအိုတွေဆီသွား။ဒါနီရယ်လီဗိုင်းဆီသွား။သူတို့ကိုမေးကြည့်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဘ႑ာေရးစည္းမ်ဥ္းခ်ိဳးေဖာက္မႈနဲ႔ပတ္သက္ၿပီး ပထမဆုံးေျပာၾကားလာတဲ့ ဂြါဒီယိုလာ

ပက္ဂြါဒီယိုလာဟာပရီးမီးယားလိဂ္ရဲ႕ဘ႑ာေရးစည္းမ်ဥ္း၁၁၅ခုကိုခ်ိဳးေဖာက္မႈအတြက္စြဲခ်က္တင္ျခင္းခံရမႈနဲ႔ပတ္သက္ၿပီးပထမဆုံးအႀကိမ္အျဖစ္စကားေျပာလာပါတယ္။

မန္စီးတီးဟာ၂၀၀၈ခုႏွစ္မွ၂၀၁၈ခုႏွစ္အတြင္းကိုးႏွစ္တာကာလအတြင္းဘ႑ာေရးစည္းမ်ဥ္းခ်ိဳးေဖာက္မႈမ်ားအတြက္စြဲခ်က္တင္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ဒါ့အျပင္မန္စီးတီးဟာ၂၀၁၈ခုႏွစ္မွ၂၀၂၂-၂၃ရာသီအထိငါးရာသီအတြင္းစာ႐ြက္စာတမ္းမ်ားႏွင့္ပတ္သက္ၿပီးပူးေပါင္းပါဝင္လုပ္ေဆာင္ျခင္းမရွိမႈအတြက္စြဲခ်က္တင္ခံခဲ့ရတာျဖစ္ပါတယ္။

ယခုအခါဂြါဒီယိုလာက “ပထမဆုံးေတြးမိတာကေတာ့ငါတို႔ေတာ့အျပစ္တင္ရႈံ႕ခ်ခံရၿပီဆိုတာပါ။တနလၤာေန႔ေနာက္ပိုင္းျဖစ္ပ်က္တာကယူအီးအက္ဖ္ေအနဲ႔ျဖစ္ပ်က္ခဲ့တဲ့အျဖစ္အပ်က္တုန္းကအတိုင္းျဖစ္လာတယ္။ကြၽန္ေတာ္တို႔အျပစ္တင္ခံရတယ္။တကယ္ေတာ့ကြၽန္ေတာ္တို႔ကစြဲခ်က္တင္ျခင္းခံရ႐ုံေလးပါ။ယူအီးအက္ဖ္ေအရဲ႕စြပ္စြဲမႈကိုမကာကြယ္ခင္မွာသူတို႔(မန္စီးတီးတာဝန္ရွိသူေတြ)ဟာဘာလို႔ေျပာသင့္သလဲ။ကလပ္ကလည္းကြၽန္ေတာ္တို႔မွာအျပစ္မရွိေၾကာင္းသက္ေသျပခဲ့တယ္။ဘာလို႔ကြၽန္ေတာ္တို႔အျပစ္တင္ခံရသင့္လဲ။ပရီးမီးယားလိဂ္ကအသင္း၁၉သင္းဟာကာကြယ္ဖို႔အခြင့္အေရးေတာင္မေပးဘဲကြၽန္ေတာ္တို႔ကိုစြပ္စြဲေနတယ္။ကြၽန္ေတာ့္ဥကၠဌကြၽန္ေတာ့္စီအီးအိုတို႔ကေတာ့အားလုံးကိုရွင္းျပထားၿပီးၿပီ။ကြၽန္ေတာ္ဘယ္ဘက္မွာရွိတယ္ဆိုတာခင္ဗ်ားတို႔သိၿပီေပါ့”လို႔ေျပာၾကားသြားပါတယ္။

မန္စီးတီးဟာလြန္ခဲ့တဲ့သုံးႏွစ္တုန္းကယူအီးအက္ဖ္ေအရဲ႕ဘ႑ာေရးစည္းမ်ဥ္းခ်ိဳးေဖာက္မႈအတြက္စြဲခ်က္တင္ျခင္းခံခဲ့ရေပမဲ့အျပစ္မရွိေၾကာင္းသက္ေသျပႏိုင္မႈနဲ႔အတူ လြတ္ေျမာက္သြားခဲ့ပါတယ္။

မန္စီးတီးဟာပရီးမီးယားလိဂ္ရဲ႕အေရးယူျခင္းခံလာရပါက၂၀၀၉ခုႏွစ္ေနာက္ပိုင္းပရီးမီးယားလိဂ္ဖလားဆြတ္ခူးထားႏိုင္မႈအားလုံးကိုလက္လႊတ္လာရဖို႔ရွိပါတယ္။

ဒါ့အျပင္ဂြါဒီယိုလာကယခုမန္စီးတီးစြဲခ်က္တင္ျခင္းခံရမႈမွာပရီးမီးယားလိဂ္ၿပိဳင္ဘက္မ်ားရဲ႕လုပ္ရပ္ေၾကာင့္လို႔ယုံၾကည္သလားလို႔ေမးျမန္းလာမႈအား “ဥကၠဌဆီသြား၊စီးအီးအိုေတြဆီသြား။ဒါနီရယ္လီဗိုင္းဆီသြား။သူတို႔ကိုေမးၾကည့္”လို႔ေျပာၾကားသြားပါတယ္။