တစ်ပတ် ပေါင် ၄၀၀၀၀၀ တန် စာချုပ်သစ်ချုပ်ဆိုလာတော့မဲ့ အာလင်းဟာလန်း။ မန်စီးတီးနှင့် ချုပ်ဆိုလာမှာ မဟုတ်

မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းဟာ Nike နှင့်တန်ဖိုးကြီးစပွန်ဆာစာချုပ်ချုပ်ရန်အနီးစပ်ဆုံးအနေအထားသို့ရောက်နေပြီဖြစ်ကြောင်းသိရပါတယ်။

အသက်၂၂နှစ်ရှိနော်ဝေတိုက်စစ်မှူးဟာနွေရာသီတုန်းကဒေါ့မွန်မှမန်စီးတီးသို့ပေါင်၅၁သန်းဖြင့်ပြောင်းရွှေ့လာပြီးနောက်တစ်ပတ်လုပ်ခပေါင် ၃၇၅၀၀၀ ဖြင့်ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရရှိတဲ့ကစားသမားများထဲမှတစ်ဦးဖြစ်လာခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ယခုအခါသူဟာ Nike နှင့် စပွန်ဆာစာချုပ်သစ်ကြောင့်ဝင်ငွေပိုမိုမြင့်မားစွာရရှိလာတော့မှာလည်းဖြစ်ပါတယ်။

The Athletic ကအမေရိကန်အားကစားဝတ်စုံကုမ္ပဏီဟာအာလင်းဟာလန်းကိုစာချုပ်သစ်ချုပ်ဆိုရန်စိတ်အားထက်သန်နေပြီးတစ်ပတ်စပွန်ဆာကြေး ပေါင်၄၀၀၀၀၀အထိပေးလာမှာဖြစ်ကြောင်းသိရပါတယ်။

အာလင်းဟာလန်းဟာပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက Nike နှင့်စပွန်ဆာစာချုပ်သက်တမ်းကုန်ဆုံးလာတာဖြစ်ပြီး Puma နှင့် Adidas တို့ရဲ့ကမ်းလှမ်းမှုလည်းရရှိထားပါတယ်၊

ဒါပေမဲ့အာလင်းဟာလန်းဟာ Nike နှင့်ပဲဆက်လက်လက်တွဲရန်ဆုံးဖြတ်ခဲ့ပြီးတစ်ပတ်ပေါင်၄၀၀၀၀၀အထိရရှိလာမှာဖြစ်ကြောင်းသိရပါတယ်။

Nike ဟာမန်စီးတီးရဲ့အဓိကစပွန်ဆာရှင်ဖြစ်ပြီးကီဗင်ဒီဘရိုင်း၊ဖီးလ်ဖိုဒန်၊ဟယ်ရီကိန်း၊ရောဘတ်လီဝန်ဒေါ့စကီး၊ခရစ္စတီယာနိုရော်နယ်ဒိုတို့ကိုလည်းစပွန်ဆာပေးထားပါတယ်။

အာလင်းဟာလန်းဟာယခုရာသီတွင်မန်စီးတီးအတွက်ပရီးမီးယားလိဂ်ပွဲ၂၅ပွဲကစားထားရာမှာ၂၇ဂိုးသွင်းထားနိုင်ပြီးပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရရှိရန်သေချာနေပါတယ်။

ZawGyi

တစ္ပတ္ ေပါင္ ၄၀၀၀၀၀ တန္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုလာေတာ့မဲ့ အာလင္းဟာလန္း။ မန္စီးတီးႏွင့္ ခ်ဳပ္ဆိုလာမွာ မဟုတ္

မန္စီးတီးတိုက္စစ္မႉးအာလင္းဟာလန္းဟာ Nike ႏွင့္တန္ဖိုးႀကီးစပြန္ဆာစာခ်ဳပ္ခ်ဳပ္ရန္အနီးစပ္ဆုံးအေနအထားသို႔ေရာက္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၂ႏွစ္ရွိေနာ္ေဝတိုက္စစ္မႉးဟာေႏြရာသီတုန္းကေဒါ့မြန္မွမန္စီးတီးသို႔ေပါင္၅၁သန္းျဖင့္ေျပာင္းေ႐ႊ႕လာၿပီးေနာက္ တစ္ပတ္လုပ္ခေပါင္၃၇၅၀၀၀ ျဖင့္ ပရီးမီးယားလိဂ္ရဲ႕လုပ္ခအမ်ားဆုံးရရွိတဲ့ကစားသမားမ်ားထဲမွတစ္ဦးျဖစ္လာခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့ယခုအခါသူဟာ Nike ႏွင့္ စပြန္ဆာစာခ်ဳပ္သစ္ေၾကာင့္ဝင္ေငြပိုမိုျမင့္မားစြာရရွိလာေတာ့မွာလည္းျဖစ္ပါတယ္။

The Athletic ကအေမရိကန္အားကစားဝတ္စုံကုမၸဏီဟာအာလင္းဟာလန္းကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္စိတ္အားထက္သန္ေနၿပီးတစ္ပတ္စပြန္ဆာေၾကးေပါင္၄၀၀၀၀၀အထိေပးလာမွာျဖစ္ေၾကာင္းသိရပါတယ္။

အာလင္းဟာလန္းဟာၿပီးခဲ့တဲ့ဇန္နဝါရီလကတည္းက Nike ႏွင့္စပြန္ဆာစာခ်ဳပ္သက္တမ္းကုန္ဆုံးလာတာျဖစ္ၿပီး Puma ႏွင့္ Adidas တို႔ရဲ႕ကမ္းလွမ္းမႈလည္းရရွိထားပါတယ္၊

ဒါေပမဲ့အာလင္းဟာလန္းဟာ Nike ႏွင့္ပဲဆက္လက္လက္တြဲရန္ဆုံးျဖတ္ခဲ့ၿပီးတစ္ပတ္ေပါင္၄၀၀၀၀၀အထိရရွိလာမွာျဖစ္ေၾကာင္းသိရပါတယ္။

Nike ဟာမန္စီးတီးရဲ႕အဓိကစပြန္ဆာရွင္ျဖစ္ၿပီးကီဗင္ဒီဘ႐ိုင္း၊ဖီးလ္ဖိုဒန္၊ဟယ္ရီကိန္း၊ေရာဘတ္လီဝန္ေဒါ့စကီး၊ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ကိုလည္းစပြန္ဆာေပးထားပါတယ္။

အာလင္းဟာလန္းဟာယခုရာသီတြင္မန္စီးတီးအတြက္ပရီးမီးယားလိဂ္ပြဲ၂၅ပြဲကစားထားရာမွာ၂၇ဂိုးသြင္းထားႏိုင္ၿပီးပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုရရွိရန္ေသခ်ာေနပါတယ္။