ယူရို ၂ သိန်းလှူဒါန်းလိုက်တဲ့ ဟာဗတ်စ်

ချဲလ်ဆီးစတားကိုင်ဟာဗတ်ဇ်ဟာပြီးခဲ့ရက်သတ္တပတ်များအတွင်းတွင်ဂျာမနီနိုင်ငံတလွှားရေလွှမ်းမိုးမှုကြောင့်အခက်အခဲများကြုံနေရတဲ့ဂျာမန်ပြည်သူများကိုကူညီရန် Red Cross သို့ယူရို၂သိန်းလှူဒါန်းလိုက်ပါတယ်။

အသက်၂၂နှစ်ရှိဂျာမနီလက်ရွေးစင်ဟာပြီးခဲ့တဲ့ရက်သတ္တပတ်များအနည်းငယ်တုန်းကဖြစ်ပျက်ခဲ့တဲ့ဂျာမနီနိုင်ငံမှရေလွှမ်းမိုးမှုအပေါ်အကြီးအကျယ်တုန်လှုပ်ခဲ့ရပါတယ်။အထူးသဖြင့်သူဟာမွေးရပ်မြေ Rhineland ဒေသမှရေလွှမ်းမိုးမှုကြောင့်အကြီးအကျယ်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ဂျာမနီနိုင်ငံသူနိုင်ငံသားများဟာရေလွှမ်းမိုးမှုမှအမြန်ဆုံးနလန်ထူနိုင်ရေးအတွက်အစွမ်းကုန်လုပ်ဆောင်နေကြပြီးငွေကြေးလှူဒါန်းသူလည်းအမြောက်အမြားရှိနေပါတယ်။

ဟာဗတ်စ်ဟာရေလွှမ်းမိုးမှုအမြန်ဆုံးနလန်ထူနိုင်ရန်အတွက်ယူရို၂သိန်းလှူဒါန်းမှုပြုလုပ်ခဲ့တဲ့အပြင်သူပိုင်ဖိနပ်၁၀၀တို့ကိုလည်းရောင်းချကာရန်ပုံငွေပိုမိုရရှိရေးကြိုးပမ်းသွားပါမယ်။

ဇူလိုင်လတုန်းကဂျာမနီနိုင်ငံတွင်မိုးအကြီးအကျယ်ရွာသွန်းမှုဖြစ်ပွားပြီးနောက်ရေလွှမ်းမိုးမှုဖြစ်ပျက်ခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါရေလွှမ်းမိုးမှုမှာနှစ်ပေါင်း၆၀အတွင်းတွင်ဂျာမနီနိုင်ငံအတွင်းအဆိုးရွားဆုံးသဘာဝဘေးအန္တရာယ်ကြုံခဲ့ရတာဖြစ်ပြီးလူပေါင်း၂၃၀ဦးအထိသေဆုံးခဲ့ကြောင်းသိရပါတယ်။ယင်းအထဲမှာ Rhineland မှအများဆုံးသေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ေမြးရပ္ေျမ ေရလႊမ္းမိုးမႈဒုကၡသည္မ်ားအား ကူညီရန္ ယူ႐ို ၂ သိန္းလႉဒါန္းလိုက္တဲ့ ဟာဗတ္စ္

ခ်ဲလ္ဆီးစတားကိုင္ဟာဗတ္ဇ္ဟာၿပီးခဲ့ရက္သတၱပတ္မ်ားအတြင္းတြင္ဂ်ာမနီႏိုင္ငံတလႊားေရလႊမ္းမိုးမႈေၾကာင့္အခက္အခဲမ်ားႀကဳံေနရတဲ့ဂ်ာမန္ျပည္သူမ်ားကိုကူညီရန္ Red Cross သို႔ယူ႐ို၂သိန္းလႉဒါန္းလိုက္ပါတယ္။

အသက္၂၂ႏွစ္ရွိဂ်ာမနီလက္ေ႐ြးစင္ဟာၿပီးခဲတဲ့ရက္သတၱပတ္မ်ားအနည္းငယ္တုန္းကျဖစ္ပ်က္ခဲ့တဲ့ဂ်ာမနီႏိုင္ငံမွေရလႊမ္းမိုးမႈအေပၚအႀကီးအက်ယ္တုန္လႈပ္ခဲ့ရပါတယ္။အထူးသျဖင့္သူဟာေမြးရပ္ေျမ Rhineland ေဒသမွေရလႊမ္းမိုးမႈေၾကာင့္အႀကီးအက်ယ္စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။

ဂ်ာမနီႏိုင္ငံသူႏိုင္ငံသားမ်ားဟာေရလႊမ္းမိုးမႈမွအျမန္ဆုံးနလန္ထူႏိုင္ေရးအတြက္အစြမ္းကုန္လုပ္ေဆာင္ေနၾကၿပီးေငြေၾကးလႉဒါန္းသူလည္းအေျမာက္အျမားရွိေနပါတယ္။

ဟာဗတ္စ္ဟာေရလႊမ္းမိုးမႈအျမန္ဆုံးနလန္ထူႏိုင္ရန္အတြက္ယူ႐ို၂သိန္းလႉဒါန္းမႈျပဳလုပ္ခဲ့တဲ့အျပင္သူပိုင္ဖိနပ္၁၀၀တို႔ကိုလည္းေရာင္းခ်ကာရန္ပုံေငြပိုမိုရရွိေရးႀကိဳးပမ္းသြားပါမယ္။

ဇူလိုင္လတုန္းကဂ်ာမနီႏိုင္ငံတြင္မိုးအႀကီးအက်ယ္႐ြာသြန္းမႈျဖစ္ပြားၿပီးေနာက္ေရလႊမ္းမိုးမႈျဖစ္ပ်က္ခဲ့တာလည္းျဖစ္ပါတယ္။အဆိုပါေရလႊမ္းမိုးမႈမွာႏွစ္ေပါင္း၆၀အတြင္းတြင္ဂ်ာမနီႏိုင္ငံအတြင္းအဆိုး႐ြားဆုံးသဘာဝေဘးအႏၲရာယ္ႀကဳံခဲ့ရတာျဖစ္ၿပီးလူေပါင္း၂၃၀ဦးအထိေသဆုံးခဲ့ေၾကာင္းသိရပါတယ္။ယင္းအထဲမွာ Rhineland မွအမ်ားဆုံးေသဆုံးခဲ့တာလည္းျဖစ္ပါတယ္။