ဟာဇက်ရဲ့တုံ့ပြန်မှုအပေါ် မက်ဒရစ်ပရိသတ်များပေါက်ကွဲ

ရီးရဲလ်မက်ဒရစ်ပရိသတ်များဟာချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်မယ့်အခွင့်အရေးကြီးလွဲချော်ခဲ့ရသော်လည်းပျော်ရွှင်နေခဲ့တဲ့အေဒင်ဟာဇက်အပေါ်တွင်အကြီးအကျယ်ပေါက်ကွဲလျက်ရှိကြကြောင်းသိရပါတယ်။

ဘယ်လ်ဂျီယံစတားအေဒင်ဟာဇက်ဟာ၂၀၁၉ခုနှစ်တွင်ချဲလ်ဆီးမှရီးရဲလ်မက်ဒရစ်သို့ယူရိုသန်း၁၀၀ဖြင့်ပြောင်းရွှေ့မှုပြုလုပ်ခဲ့ပြီးနောက်ပထမဆုံးအကြိမ်အဖြစ်စတမ်းဖို့ဒ်ဘရစ်ချ်တွင်ခြေချခွင့်ရရှိခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းဟာယခုရာသီတွင်ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်ရကာရီးရဲလ်မက်ဒရစ်အတွက်၇၅၅မိနစ်တည်းသာကစားခွင့်ရရှိထားတဲ့အေဒင်ဟာဇက်ဟာအသင်းဟောင်းချဲလ်ဆီးနှင့်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာကစားနိုင်မယ့်အခွင့်အရေးပေးခဲ့ပါတယ်။

ဒါပေမယ့်အေဒင်ဟာဇက်ဟာအသင်းဟောင်းချဲလ်ဆီးနှင့်ပွဲစဉ်မှာခြေစွမ်းပြကစားနိုင်ခဲ့ခြင်းမရှိဘဲခြေစွမ်းဆိုးရွားမှုကြောင့်ပွဲနှောင်းပိုင်းတွင်လူစားလဲခြင်းခံခဲ့ရပါတယ်။ရီးရဲလ်မက်ဒရစ်ဟာလည်းချဲလ်ဆီးကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ကာပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။

ပွဲပြီးခရာမှုတ်ပြီးချိန်တွင်အေဒင်ဟာဇက်ဟာစတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမြက်ခင်းအတွင်းသို့ဝင်ရောက်လာပြီးချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ခွင့်လွဲမှုအတွက်တစ်စုံတစ်ရာစိတ်ပျက်ခြင်းမရှိကြောင်းပြသခဲ့ပါတယ်။

သူဟာကစားဖော်ဟောင်းဖြစ်တဲ့ကတ်ဇူးမားနှင့်ရယ်မောကာစကားပြောနေခဲ့တဲ့အပြင်ချဲလ်ဆီးအသင်းခေါင်းဆောင်အက်ဇ်ပီလီကူတာနှင့်ဖက်ခြင်း၊စကားပြောခြင်းတို့ပြုလုပ်ခဲ့ပါတယ်။သူ့ရဲ့ဓာတ်ပုံများနှင့်ဗီဒီယိုဖိုင်တို့ဟာဆိုရှယ်မီဒီယာမှာပျံ့နှံ့နေပြီးရီးရဲလ်မက်ဒရစ်ပရိသတ်များကအပြင်းအထန်ဝေဖန်နေကြပါတယ်။ချဲလ်ဆီးဟာလာမယ့်မေလ၂၉ရက်နေ့မှာအစ္စတန်ဘူလ်မှာချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ်မန်စီးတီးအသင်းနှင့်ရင်ဆိုင်ကစားရပါမယ်။

 

zawgyi

ဟာဇက္ရဲ႕တုံ႔ျပန္မႈအေပၚ မက္ဒရစ္ပရိသတ္မ်ားေပါက္ကြဲ

ရီးရဲလ္မက္ဒရစ္ပရိသတ္မ်ားဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္မယ့္အခြင့္အေရးႀကီးလြဲေခ်ာ္ခဲ့ရေသာ္လည္းေပ်ာ္႐ႊင္ေနခဲ့တဲ့ေအဒင္ဟာဇက္အေပၚတြင္အႀကီးအက်ယ္ေပါက္ကြဲလ်က္ရွိၾကေၾကာင္းသိရပါတယ္။

ဘယ္လ္ဂ်ီယံစတားေအဒင္ဟာဇက္ဟာ၂၀၁၉ခုႏွစ္တြင္ခ်ဲလ္ဆီးမွရီးရဲလ္မက္ဒရစ္သို႔ယူ႐ိုသန္း၁၀၀ျဖင့္ေျပာင္းေ႐ႊ႕မႈျပဳလုပ္ခဲ့ၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္စတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ေျခခ်ခြင့္ရရွိခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပဇီဒန္းဟာယခုရာသီတြင္ဒဏ္ရာျပႆနာမ်ားႏွင့္ရင္ဆိုင္ရကာရီးရဲလ္မက္ဒရစ္အတြက္၇၅၅မိနစ္တည္းသာကစားခြင့္ရရွိထားတဲ့ေအဒင္ဟာဇက္ဟာအသင္းေဟာင္းခ်ဲလ္ဆီးႏွင့္ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့ပြဲစဥ္မွာကစားႏိုင္မယ့္အခြင့္အေရးေပးခဲ့ပါတယ္။

ဒါေပမယ့္ေအဒင္ဟာဇက္ဟာအသင္းေဟာင္းခ်ဲလ္ဆီးႏွင့္ပြဲစဥ္မွာေျခစြမ္းျပကစားႏိုင္ခဲ့ျခင္းမရွိဘဲေျခစြမ္းဆိုး႐ြားမႈေၾကာင့္ပြဲေႏွာင္းပိုင္းတြင္လူစားလဲျခင္းခံခဲ့ရပါတယ္။ရီးရဲလ္မက္ဒရစ္ဟာလည္းခ်ဲလ္ဆီးကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ကာၿပိဳင္ပြဲမွထြက္ခြာခဲ့ရပါတယ္။

ပြဲၿပီးခရာမႈတ္ၿပီးခ်ိန္တြင္ေအဒင္ဟာဇက္ဟာစတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းျမက္ခင္းအတြင္းသို႔ဝင္ေရာက္လာၿပီးခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔တက္ခြင့္လြဲမႈအတြက္တစ္စုံတစ္ရာစိတ္ပ်က္ျခင္းမရွိေၾကာင္းျပသခဲ့ပါတယ္။

သူဟာကစားေဖာ္ေဟာင္းျဖစ္တဲ့ကတ္ဇူးမားႏွင့္ရယ္ေမာကာစကားေျပာေနခဲ့တဲ့အျပင္ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္အက္ဇ္ပီလီကူတာႏွင့္ဖက္ျခင္း၊စကားေျပာျခင္းတို႔ျပဳလုပ္ခဲ့ပါတယ္။သူ႔ရဲ႕ဓာတ္ပုံမ်ားႏွင့္ဗီဒီယိုဖိုင္တို႔ဟာဆိုရွယ္မီဒီယာမွာပ်ံ႕ႏွံ႔ေနၿပီးရီးရဲလ္မက္ဒရစ္ပရိသတ္မ်ားကအျပင္းအထန္ေဝဖန္ေနၾကပါတယ္။

ခ်ဲလ္ဆီးဟာလာမယ့္ေမလ၂၉ရက္ေန႔မွာအစၥတန္ဘူလ္မွာခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္မန္စီးတီးအသင္းႏွင့္ရင္ဆိုင္ကစားရပါမယ္။