ရိုးရိုးလေးတွေးပြီး အမှတ်လိုနေတဲ့အသင်းပဲ အားပေးမှာပေါ့

ကြာသပတေးညဘွန်ဒက်စ်လီဂါ ပွဲစဉ်-၃၀ ပွဲကြိုသုံးသပ်ချက်

ဟာသာဘာလင် နှင့် ဖရိုင်းဘတ် (ည ၁၁းဝဝ)(မော်ကွန်း)

တန်းတင်ကျန်ရစ်ဖို့သေချာပြီးသားဖရိုင်းဘတ်မှာဥရောပဝင်ခွင့်မျှော်လင့်ချက်လည်းမရှိတော့ပါဘူး။ဒါကြောင့်ဖရိုင်းဘတ်ခပ်အေးအေးကစားနေပြီးသူတို့ရဲ့နောက်ဆုံး ၄ပွဲမှာနိုင်ပွဲတစ်ပွဲပဲရရှိထားတယ်။

ဟာသာဘာလင်ကတော့တန်းဆင်းဇုန်ကရုန်းထနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပြီးရလဒ်တွေလည်းမဆိုးလှဘူး။ဟာသာဘာလင်ခံစစ်ကြောင်းကယိုယွင်းသလောက်ကန်ဟာ၊ ကော်ဒိုဘာ၊ ပီတက်တို့ရဲ့တိုက်စစ်ကတော့ပုံမှန်ဂိုးသွင်းအား ရှိပါတယ်။

ခြေစွမ်းတည်ငြိမ်ပြီးအမှတ်လိုအပ်နေတဲ့ ဟာသာဘာလင်မှာအိမ်ရှင်အားသာချက်လည်းရှိနေတယ်။ရိုးရိုးလေးပဲတွေးပြီး ဟာသာဘာလင်ကိုလက်ခုပ်တီးပေးလိုက်ကြရပါစို့လား။

zawgyi




