ခြေပျက်နေတဲ့ ဟော့ဖန်ဟိန်း မနိုင်ဘူး

သောကြာနေ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၈)ပွဲကြိုသုံးသပ်ချက်

ဟော့ဖန်ဟိန်း နှင့် ကိုလုံး (ည ၁း၀၀)(မော်ကွန်း)

ဒီရာသီဘွန်ဒက်စ်လီဂါမှာကိုလုံးခြေတက်နေပါတယ်။ ဘိုင်ယန်မြူးနစ်ကို ၃-၂ဂိုးနဲ့ရှုံးပြီးနောက်ပိုင်းဘွန်ဒက်စ်လီဂါ ၅ပွဲဆက်တိုက်ကိုလုံးမရှုံးခဲ့ဘူး။ ဟော့ဖန်ဟိန်းကတော့ဒီရာသီမှာသိပ်မစွံလှပါဘူး။ နောက်ဆုံး ၆ပွဲမှာ ၁ပွဲပဲနိုင်ခဲ့တယ်။ ဒီရာသီ ၇ပွဲမှာလည်း ၂ပွဲပဲနိုင်ခဲ့ပါတယ်။ အိမ်ကွင်း၃ပွဲမှာ ၅ဂိုးပေးခဲ့ရတဲ့ခံစစ်ကစိတ်ပျက်စရာပါပဲ။

ဟော့ဖန်ဟိန်းရဲ့ဒီခံစစ်ကို ကိုလုံးထိုးဖောက်နိုင်ခြေရှိပါတယ်။ ကိုလုံးဟာဒီရာသီ အဝေးကွင်း ၃ပွဲစလုံးဂိုးရခဲ့ပြီးဘိုင်ယန်မြူးနစ်ကိုတောင် ၂ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အဝေးကွင်း၃ပွဲစလုံးကြေးအောင်ခဲ့တဲ့ကိုလုံးအနေနဲ့ ဟော့ဖန်ဟိန်းကိုအနိမ့်ဆုံးသရေကစားသွားနိုင်ခြေရှိပါတယ်။

zawgyi




