ဘွန်ဒက်စ်လီဂါရပ်ဝန်းဆီ ပျံသန်းလာမယ်

စနေညဂျာမန်ဘွန်ဒက်စ်လီဂါ တန်းတက်ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

ဟိုစတိန်း နှင့် ကိုလုံး (ည ၁၀း၃၀)(မော်ကွန်း)

ပထမအကျော့တုန်းကအဝေးကွင်းဖြစ်တာတောင်ဟိုစတိန်း ၁-၀ဂိုးနဲ့ အနိုင်ရရှိခဲ့တယ်။အဲဒီပွဲတုန်းကဟိုစတိန်းရဲ့ခံစစ်အစွမ်းပြသွားချက်ကအားရစရာပါ။အခုကစားရမှာကအိမ်ကွင်းဖြစ်လို့ ဟိုစတိန်းရဲ့အစွမ်းအစကို ပိုမြင်ရနိုင်တယ်။

ပထမအကျော့မှာအရေးနိမ့်ထားတာကြောင့်ကိုလုံးဟာဆိုရင်လည်းပွဲစတယ်ဆိုကတည်းကတိုက်စစ်ဦးစားပေးလာမှာပါ။ဒါပေမဲ့ဘယ်လိုပဲကြိုးစားကြိုးစား ကိုလုံးလှုပ်မရလောက်ဘူး။

မိနစ်၉၀အတွင်းသရေခံကစားနိုင်ရင်ဟိုစတိန်းကအပြည့်နီးပါးရရှိမှာပါ။ဟိုစတိန်းသေချာပေါက်အနိမ့်ဆုံးသရေရလဒ်ယူပြီးဘွန်ဒက်စ်လီဂါရပ်ဝန်းဆီ ပျံသန်းလာပါလိမ့်မယ်။

zawgyi




