Hotel Rwanda သူရဲကောင်း ထောင်ချခံရပြီးနောက် ရဝမ်ဒါအစိုးရထံမှ ငွေမယူတော့ရန် အာဆင်နယ်တောင်းဆိုခံရ

Hotel Rwanda သူရဲကောင်းပေါလ်ရပ်စ်ဆာဘာဂီနာရဲ့သမီးဖြစ်သူကအာဆင်နယ်အသင်းအား စစ်အာဏာရှင်ရဝမ်ဒါအစိုးရထံမှငွေကြေးရယူမှုရပ်ဆိုင်းရန်တောင်းဆိုလာပါတယ်။

အာဆင်နယ်ဟာ Visit Rwanda နှင့်တစ်နှစ်လျှင်ပေါင်၁၀သန်းတန်ဖိုးရှိတဲ့လေးနှစ်စပွန်ဆာစာချုပ်ချုပ်ဆိုထားပါတယ်။

Hotel Rwanda သူရဲကောင်းဟာအကြမ်းဖက်ဥပဒေဖြင့်ထောင်ဒဏ်၂၅နှစ်အထိကျခံရန်ရဝမ်ဒါအစိုးရကအမိန့်ချမှတ်ထားပါတယ်။

အသက်၆၇နှစ်ရှိရပ်စ်ဆာဘာဂီဟာ၁၉၉၄ခုနှစ်တုန်းကရဝမ်ဒါတွင်မျိုးတုံးသတ်ဖြတ်မှုဖြစ်စဉ်ကလူပေါင်းများစွာတို့ကိုကယ်တင်မှုကြောင့် Hotel Rwanda အဖြစ်၂၀၀၄ခုနှစ်တုန်းကရုပ်ရှင်ရိုက်ကူးခြင်းခံခဲ့ရတဲ့ငြိမ်းချမ်းရေးလိုလားသူတစ်ဦးဖြစ်ပါတယ်။

သူဟာလွန်ခဲ့တဲ့နှစ်တုန်းကဖမ်းဆီးခြင်းခံခဲ့ရပြီးရဝမ်ဒါတရားရုံးတစ်ခုကအကြမ်းဖက်သမားအဖြစ်ထောင်ဒဏ်၂၅နှစ်ချမှတ်ခဲ့ပါတယ်။

ယခုအခါသမီးဖြစ်သူကာနမ်ဘီကတရားမျှတမှုမရှိတဲ့ရဝမ်ဒါအစိုးရရဲ့လုပ်ရပ်ကိုကန့်ကွက်တဲ့အနေဖြင့်အာဆင်နယ်အနေဖြင့် ရဝမ်ဒါအစိုးရနှင့်အလုပ်ဆက်လုပ်မှုကိုရပ်ဆိုင်းရန်တိုက်တွန်းလာခဲ့တာလည်းဖြစ်ပါတယ်။

၁၉၉၄ခုနှစ်၊ဧပြီလမှရက်ပေါင်း၁၀၀အတွင်းတွင် Tutsi လူမျိုးပေါင်း၈၀၀၀၀ခန့်တို့ဟာ Hutu လူမျိုးတို့ရဲ့မျိုးတုံးသတ်ဖြတ်မှုနဲ့ကြုံခဲ့ရပြီး ရပ်စ်ဆာဘာဂီနာဟာလူပေါင်း၁၀၀၀ တို့အားသူ့ဟိုတယ်တွင်ကယ်တင်ပေးခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

Hotel Rwanda သူရဲေကာင္း ေထာင္ခ်ခံရၿပီးေနာက္ ရဝမ္ဒါအစိုးရထံမွ ေငြမယူေတာ့ရန္ အာဆင္နယ္ေတာင္းဆိုခံရ

Hotel Rwanda သူရဲေကာင္းေပါလ္ရပ္စ္ဆာဘာဂီနာရဲ႕သမီးျဖစ္သူကအာဆင္နယ္အသင္းအား စစ္အာဏာရွင္ရဝမ္ဒါအစိုးရထံမွေငြေၾကးရယူမႈရပ္ဆိုင္းရန္ေတာင္းဆိုလာပါတယ္။

အာဆင္နယ္ဟာ Visit Rwanda ႏွင့္တစ္ႏွစ္လွ်င္ေပါင္၁၀သန္းတန္ဖိုးရွိတဲ့ေလးႏွစ္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။

Hotel Rwanda သူရဲေကာင္းဟာအၾကမ္းဖက္ဥပေဒျဖင့္ေထာင္ဒဏ္၂၅ႏွစ္အထိက်ခံရန္ရဝမ္ဒါအစိုးရကအမိန႔္ခ်မွတ္ထားပါတယ္။

အသက္၆၇ႏွစ္ရွိရပ္စ္ဆာဘာဂီဟာ၁၉၉၄ခုႏွစ္တုန္းကရဝမ္ဒါတြင္မ်ိဳးတုံးသတ္ျဖတ္မႈျဖစ္စဥ္ကလူေပါင္းမ်ားစြာတို႔ကိုကယ္တင္မႈေၾကာင့္ Hotel Rwanda အျဖစ္၂၀၀၄ခုႏွစ္တုန္းက႐ုပ္ရွင္႐ိုက္ကူးျခင္းခံခဲ့ရတဲ့ၿငိမ္းခ်မ္းေရးလိုလားသူတစ္ဦးျဖစ္ပါတယ္။

သူဟာလြန္ခဲ့တဲ့ႏွစ္တုန္းကဖမ္းဆီးျခင္းခံခဲ့ရၿပီးရဝမ္ဒါတရား႐ုံးတစ္ခုကအၾကမ္းဖက္သမားအျဖစ္ေထာင္ဒဏ္၂၅ႏွစ္ခ်မွတ္ခဲ့ပါတယ္။

ယခုအခါသမီးျဖစ္သူကာနမ္ဘီကတရားမွ်တမႈမရွိတဲ့ရဝမ္ဒါအစိုးရရဲ႕လုပ္ရပ္ကိုကန႔္ကြက္တဲ့အေနျဖင့္အာဆင္နယ္အေနျဖင့္ ရဝမ္ဒါအစိုးရႏွင့္အလုပ္ဆက္လုပ္မႈကိုရပ္ဆိုင္းရန္တိုက္တြန္းလာခဲ့တာလည္းျဖစ္ပါတယ္။

၁၉၉၄ခုႏွစ္၊ဧၿပီလမွရက္ေပါင္း၁၀၀အတြင္းတြင္ Tutsi လူမ်ိဳးေပါင္း၈၀၀၀၀ခန႔္တို႔ဟာ Hutu လူမ်ိဳးတို႔ရဲ႕မ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ႀကဳံခဲ့ရၿပီး ရပ္စ္ဆာဘာဂီနာဟာလူေပါင္း၁၀၀၀ တို႔အားသူ႔ဟိုတယ္တြင္ကယ္တင္ေပးခဲ့သူလည္းျဖစ္ပါတယ္။