”နှစ်သင်းကြားခြေစွမ်းနဲ့ လူအင်အား အရမ်းကိုကွာခြားလွန်းလို့”

သောကြာည အင်္ဂလန်ချန်ပီယံရှစ် ပွဲစဉ်-၃၅ ပွဲကြိုသုံးသပ်ချက်

ဟက်ဒါဖီးလ် နှင့် ကာဒစ်ဖ် (ည ၂:၁၅)(ဇေကြီး)

နှစ်သင်းကြားလက်ရှိခြေစွမ်းကအရမ်းကိုကွာခြားလွန်းနေပါတယ်။ဟက်ဒါဖီးလ်ဆိုတာကရလဒ်ဆိုးတွေဆက်တိုက်ကြုံပြီးတန်းဆင်းဇုန်ကို မျက်စောင်းထိုးလာတဲ့အသင်းပါ။

ခံစစ်ယိုယွင်းမှုနဲ့အတူဟက်ဒါဖီးလ်ဟာ သူတို့ရဲ့နောက်ဆုံး ၁၃ပွဲမှာ နိုင်ပွဲဆိုလို့ ရှားရှားပါးပါး တစ်ပွဲသာရယူထားနိုင်ခဲ့ပါတယ်။ဟက်ဒါဖီးလ်ခံစစ်ကြောင်းက နောက်ဆုံး ၁၅ပွဲဆက်တိုက်ဂိုးပေးထားရပြီး ဘယ်လိုပဲလုပ်လုပ်ပြင်ဆင်နိုင်ခြင်းမရှိသေးဘူး။

ကာဒစ်ဖ်ကတော့ဇန်နဝါရီအပြောင်းအရွှေ့ပြီးကတည်းကစုဖွဲ့မှုအင်အားတောင့်တင်းပြီး ချန်ပီယံရှစ်နောက်ဆုံး ၁၀ပွဲဆက်တိုက်အရှုံးမရှိအောင်စွမ်းဆောင်ထားနိုင်တယ်။အဲဒီ၁၀ပွဲမှာ နိုင်ပွဲကလည်း ၇ပွဲအထိတောင်ရရှိခဲ့တာပါ။

မူရီ၊ ဝယ်ဆန်တို့ရဲ့ကာဒစ်ဖ်တိုက်စစ်ကိုအမှားများတဲ့ဟက်ဒါဖီးလ်ခံစစ်ကြောင်းထိန်းချုပ်ဟန့်တားဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။နှစ်သင်းကြားခြေစွမ်းနဲ့ လူအင်အား အရမ်းကိုကွာခြားလွန်းလို့ ဂိုးမပြတ်ဘူးဆိုရင်တောင်ကာဒစ်ဖ်အနိုင်သေချာတယ်။

zawgyi

”ႏွစ္သင္းၾကားေျခစြမ္းနဲ႔ လူအင္အား အရမ္းကိုကြာျခားလြန္းလို႔”

ေသာၾကာည အဂၤလန္ခ်န္ပီယံရွစ္ ပြဲစဥ္-၃၅ ပြဲႀကိဳသုံးသပ္ခ်က္

ဟက္ဒါဖီးလ္ ႏွင့္ ကာဒစ္ဖ္ (ည ၂:၁၅)(ေဇႀကီး)

ႏွစ္သင္းၾကားလက္ရွိေျခစြမ္းက အရမ္းကိုကြာျခားလြန္းေနပါတယ္။ဟက္ဒါဖီးလ္ဆိုတာက ရလဒ္ဆိုးေတြဆက္တိုက္ႀကဳံၿပီး တန္းဆင္းဇုန္ကို မ်က္ေစာင္းထိုးလာတဲ့အသင္းပါ။ခံစစ္ယိုယြင္းမႈနဲ႔အတူ ဟက္ဒါဖီးလ္ဟာ သူတို႔ရဲ႕ေနာက္ဆုံး ၁၃ပြဲမွာ ႏိုင္ပြဲဆိုလို႔ ရွားရွားပါးပါး တစ္ပြဲသာ ရယူထားႏိုင္ခဲ့ပါတယ္။ဟက္ဒါဖီးလ္ခံစစ္ေၾကာင္းက ေနာက္ဆုံး ၁၅ပြဲဆက္တိုက္ ဂိုးေပးထားရၿပီး ဘယ္လိုပဲလုပ္လုပ္ ျပင္ဆင္ႏိုင္ျခင္းမရွိေသးဘူး။

ကာဒစ္ဖ္ကေတာ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ၿပီးကတည္းက စုဖြဲ႕မႈအင္အားေတာင့္တင္းၿပီး ခ်န္ပီယံရွစ္ေနာက္ဆုံး ၁၀ပြဲဆက္တိုက္ အရႈံးမရွိေအာင္ စြမ္းေဆာင္ထားႏိုင္တယ္။အဲဒီ ၁၀ပြဲမွာ ႏိုင္ပြဲကလည္း ၇ပြဲအထိေတာင္ရရွိခဲ့တာပါ။မူရီ၊ ဝယ္ဆန္တို႔ရဲ႕ကာဒစ္ဖ္တိုက္စစ္ကို အမွားမ်ားတဲ့ဟက္ဒါဖီးလ္ခံစစ္ေၾကာင္း ထိန္းခ်ဳပ္ဟန႔္တားဖို႔ ဘယ္လိုမွမျဖစ္ႏိုင္ပါဘူး။ႏွစ္သင္းၾကားေျခစြမ္းနဲ႔ လူအင္အား အရမ္းကိုကြာျခားလြန္းလို႔ ဂိုးမျပတ္ဘူးဆိုရင္ေတာင္ ကာဒစ္ဖ္ အႏိုင္ေသခ်ာတယ္။