ဘာမင်ဂမ် အနိမ့်ဆုံး သရေတစ်မှတ်ယူဖို့ မခက်ပါဘူး

အင်္ဂါည အင်္ဂလန်ချန်ပီယံရှစ် ပွဲစဉ်-၃၄ ပွဲကြိုသုံးသပ်ချက်

ဟက်ဒါဖီးလ် နှင့် ဘာမင်ဂမ် (ည ၁:၃၀)(ဇေကြီး)

ပြိုင်ပွဲစုံနောက်ဆုံး ၁၂ပွဲမှာနိုင်ပွဲတစ်ပွဲသာရရှိထားတဲ့ဟက်ဒါဖီးလ်ရဲ့ခြေစွမ်းကအရမ်းကိုစိတ်ပျက်စရာကောင်းလှပါတယ်။အဲဒီ ၁၂ပွဲမှာ ရှုံးပွဲကလည်း ၉ပွဲအထိတောင် ရှိထားခဲ့တာပါ။

ခံစစ်ယိုယွင်းမှုကို ပြင်ဆင်နိုင်ခြင်းမရှိသေးချိန်မှာကမ်းဘဲလ်၊ ကိုရိုမာတို့ရဲ့ဟက်ဒါဖီးလ်တိုက်စစ်ကလည်းအားရစရာကောင်းလာပါတယ်။ဘာမင်ဂမ်ကတော့မာကျောတဲ့ခြေစွမ်းကို ပြန်လည်ပိုင်ဆိုင်လာပြီး ချန်ပီယံရှစ်နောက်ဆုံး ၃ပွဲမှာအနိုင်ရလဒ် ၂ပွဲတောင်ရယူထားနိုင်ခဲ့တဲ့အသင်းပါ။အဝေးကွင်းဆိုပေမယ့်လည်းဘာမင်ဂမ်အနိမ့်ဆုံးသရေတစ်မှတ်ယူဖို့ မခက်ပါဘူး။

zawgyi




