အနိုင်ရရှိဖို့ဆိုတာ တကယ့်ကို အလွယ်လေးရယ်ပါ

ဗုဒ္ဓဟူးည ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အိုက်စလန် နှင့် ဂျာမနီ (ည ၁း၁၅)(ဖိုးရာဇာ)

တိုက်စစ်ပိုင်းအားကောင်းလာတဲ့ ဂျာမနီဟာအခုနောက်ပိုင်းကွင်းလယ်နဲ့ခံစစ်တည်ငြိမ်ထက်မြက်မှုရှိအောင်ကစားလာနိုင်တဲ့အသင်းပါ။အိုက်စလန်ဆိုတာကတော့ကစားကွက်ဖရိုဖရဲနိုင်လှပြီး ခံစစ်ကြောင်းကလည်းဘယ်လိုပြိုင်ဘက်မျိုးကိုမဆို ဟန့်တားနိုင်စွမ်းမရှိဘူး။

နှစ်သင်းကြားလူအင်အားနဲ့ခြေစွမ်း ကွာခြားလွန်းတာကြောင့်ပွဲချိန်တစ်လျှောက်လုံးဂျာမနီကချည်းပဲအဆက်မပြတ်တိုက်စစ်ဆင်ဖိအားပေးပါလိမ့်မယ်။ဂျာမနီအနိမ့်ဆုံး ၂ဂိုးပြတ်အနိုင်ရရှိဖို့ဆိုတာ တကယ့်ကို အလွယ်လေးရယ်ပါ။

zawgyi




