Indie Rock ရှိုးပွဲရှိနေမှုကြောင့် မန်ယူနှင့် ဗီလာပွဲအား ပွဲချိန်ရွှေ့ဆိုင်း

စက်တင်ဘာလ ၂၅ ရက်နေ့တွင်အိုးထရက်ဖို့ဒ်ကွင်းမှာမန်ယူနှင့်ဗီလာတို့ကစားမယ့်ပွဲစဉ်အားနေ့လည်ပိုင်းအချိန်သို့ပြောင်းလဲကစားသွားမှာဖြစ်ကြောင်းသိရပါတယ်။

အစောပိုင်းတုန်းကမန်ယူနှင့်ဗီလာပွဲကိုညနေပိုင်းတွင်ကစားရန်စီစဉ်ထားသော်လည်းယခုအခါနေ့လည်ပိုင်းသို့ပြောင်းလဲကစားသွားတော့မှာဖြစ်ပါတယ်။

မန်ယူဟာအိုးထရက်ဖို့ဒ်ကွင်းအနီးရှိခရစ်ကတ်ကွင်းတွင် Indie Rock Band တစ်ခုဖြစ်တဲ့ The Courteeners ကရှိုးပွဲကျင်းပမှာဖြစ်တာကြောင့်လူစုလူဝေးအလွန်များမှု၊ယာဉ်ကြောပိတ်ဆို့မှုတို့ဖြစ်လာနိုင်မယ့်အရေးကိုရှောင်လွဲနိုင်ရန်အချိန်ပြောင်းလဲကစားခွင့်ပေးရန်ပရီးမီးယားလိဂ်ထံသို့တင်ပြခဲ့ပါတယ်။

ယခုအခါပရီးမီးယားလိဂ်ကမန်ယူရဲ့တင်ပြမှုကိုလက်ခံလိုက်ပြီဖြစ်တာကြောင့်မန်ယူကဗီလာနှင့်ပရီးမီးယားလိဂ်ပွဲအားလက်ခံကျင်းပပြီးနောက်နာရီအနည်းငယ်အကြာတွင် The Courteeners ကအိုးထရက်ဖို့ဒ်ခရစ်ကတ်ကွင်းတွင်ရှိုးပွဲကျင်းပသွားမှာဖြစ်ပါတယ်။

ZawGyi

Indie Rock ရႈိးပြဲရွိေနမႈေၾကာင့္ မန္ယူႏွင့္ ဗီလာပြဲအား ပြဲခ်ိန္ေ႐ႊ႕ဆိုင္း

စက္တင္ဘာလ ၂၅ ရက္ေန႔တြင္အိုးထရက္ဖို႔ဒ္ကြင္းမွာမန္ယူႏွင့္ဗီလာတို႔ကစားမယ့္ပြဲစဥ္အားေန႔လည္ပိုင္းအခ်ိန္သို႔ေျပာင္းလဲကစားသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

အေစာပိုင္းတုန္းကမန္ယူႏွင့္ဗီလာပြဲကိုညေနပိုင္းတြင္ကစားရန္စီစဥ္ထားေသာ္လည္းယခုအခါေန႔လည္ပိုင္းသို႔ေျပာင္းလဲကစားသြားေတာ့မွာျဖစ္ပါတယ္။

မန္ယူဟာအိုးထရက္ဖို႔ဒ္ကြင္းအနီးရွိခရစ္ကတ္ကြင္းတြင္ Indie Rock Band တစ္ခုျဖစ္တဲ့ The Courteeners ကရႈိးပြဲက်င္းပမွာျဖစ္တာေၾကာင့္လူစုလူေဝးအလြန္မ်ားမႈ၊ယာဥ္ေၾကာပိတ္ဆို႔မႈတို႔ျဖစ္လာႏိုင္မယ့္အေရးကိုေရွာင္လြဲႏိုင္ရန္အခ်ိန္ေျပာင္းလဲကစားခြင့္ေပးရန္ပရီးမီးယားလိဂ္ထံသို႔တင္ျပခဲ့ပါတယ္။

ယခုအခါပရီးမီးယားလိဂ္ကမန္ယူရဲ႕တင္ျပမႈကိုလက္ခံလိုက္ၿပီျဖစ္တာေၾကာင့္မန္ယူကဗီလာႏွင့္ပရီးမီးယားလိဂ္ပြဲအားလက္ခံက်င္းပၿပီးေနာက္နာရီအနည္းငယ္အၾကာတြင္ The Courteeners ကအိုးထရက္ဖို႔ဒ္ခရစ္ကတ္ကြင္းတြင္ရႈိးပြဲက်င္းပသြားမွာျဖစ္ပါတယ္။