ဈေးကွက်အမြင်၊ဈေးကွက်စကား

ဈေးကွက်အမြင်၊ဈေးကွက်စကား

ဇဝန

တနင်္ဂနွေညအတွက်ကျွန်တော်အကြံပြုပေးခဲ့ချင်တဲ့ရိုက်ကွက်ကတော့(အင်တာမီလန်ဘော်ဒီ)ပါပဲ။(အင်တာမီလန်)အသင်းက=-၃၅အရှုံး၊အကျောပေးထားပြီးဂိုးပေါင်းဈေးကွက်ကတော့၃+၄၀အနိုင်၊ဖွင့်လှစ်ပေးထားပါတယ်။စီးရီးအေမှာဈေးကွက်ဖြတ်ကျော်နိုင်မှုအားကောင်းလွန်းတဲ့(အေစီမီလန်) အသင်းကို(အင်တာမီလန်)အသင်းက=-၃၅အရှုံး၊အကျောပေးထားတာဟာနည်းနည်းတော့ရင့်ပါတယ်။

ဈေးကွက်ဖွင့်လှစ်မှုအရလည်း(အေစီမီလန်)အသင်းဘက်ဖိုက်တာတွေကိုဆွဲဆောင်သိမ်းသွင်းထားတယ်လို့ကောက်ချက်ဆွဲမိပါတယ်။ဒီရာသီ(စီးရီးအေ)မှာ(အေစီမီလန်)ရှုံးပွဲမရှိသေးသလို(အေစီမီလန်)အသင်းရဲ့တိုက်စစ်အားကလည်းမက်လောက်စရာဖြစ်တည်နေတာမို့(အင်တာမီလန်)အသင်းရဲ့ခံစစ်ပိုင်းအားနည်းချက်ရှိနေမှုမှာ(အေစီမီလန်)အသင်းဟာဆွဲဆောင်အားသိပ်ကောင်းနေပါတယ်။

ကျွန်တော့်အမြင်ကတော့ဒီပွဲစဉ်မှာ(အင်တာမီလန်)အသင်းအနိမ့်ဆုံး(သရေနဲ့အနိုင်)လို့ပဲညွှန်းပေးခဲ့ချင်ပါတယ်။ဒီပွဲစဉ်မျိုးဟာ(ဂိုးပေါ်)ဇယားကပိုပြီးလှလွန်းနေပေမယ့်ဂိုးပေါ်(စရိုက်)က အရမ်းကိုထင်းလွန်းနေတာမို့အန္တရာယ်များလွန်းနေတယ်လို့ ယူဆမိတာကြောင့်ဂိုးပေါင်းဇယားကိုလက်ရှောင်ပြီး ပြားစွန်းရင်းကြည့်ရမယ့်(အင်တာမီလန်ဘော်ဒီ)တစ်ပေါက်ထဲကိုပဲတနင်္ဂနွေညအတွက်အကောင်းဆုံးရိုက်ကွက်အဖြစ်ညီအစ်ကိုတွေအားလုံးအတွက် အကြံပြုပေးခဲ့ချင်ပါတယ်။

zawgyi


ဇဝန


