ကစားသမားများအားလုပ်ခနှစ်လစာလျှော့ယူရန်အင်တာဥက္ကဌတောင်းဆို

အင်တာမီလန်ကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များဟာစီးရီးအေဖလားဆွတ်ခူးရယူပေးပြီးတစ်ပတ်ကျော်အကြာမှာဘဲလုပ်ခနှစ်လစာလျှော့ချရယူရန်အသင်းရဲ့တောင်းဆိုခြင်းခံခဲ့ရပါတယ်။

အန်တိုနီယိုကွန်တီဦးဆောင်တဲ့အင်တာမီလန်ဟာ၂၀၁၀ခုနှစ်နောက်ပိုင်းပထမဆုံးစကူဒက်တိုဖလားကိုဆွတ်ခူးနိုင်ခဲ့ပြီးဂျူဗင်တပ်ရဲ့၉နှစ်ဆက်တိုက်လွှမ်းမိုးလာခဲ့မှုကိုအဆုံးသတ်ခဲ့ပါတယ်။

ဒါပေမယ့်လည်းအင်တာမီလန်ဥက္ကဌစတီဗင်ကျောင်ဟာဘဏ္ဍာရေးပြဿနာများနှင့်ရင်ဆိုင်နေရမှုနဲ့အတူလုပ်ခနှစ်လစာလျှော့ယူပေးကြရန်တောင်းဆိုထားပါတယ်။

စတီဗင်ကျောင်ဟာအင်တာမီလန်ကစားသမားများနှင့်၄၅မိနစ်ကြာဆွေးနွေးမှုများပြုလုပ်ခဲ့စဉ်အတွင်းလုပ်ခလျှော့ယူပေးကြရန်တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။အခြားတစ်ဖက်တွင်အင်တာမီလန်ဥက္ကဌဟာကစားသမားတစ်ဦးချင်းစီတွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားဦးမှာလည်းဖြစ်ပါတယ်။

အစောပိုင်းတုန်းကအင်တာမီလန်ကစားသမားများဟာစကူဒက်တိုဖလားဆွတ်ခူးနိုင်မှုကြောင့်ရရှိလာမှုအပိုဆုကြေးများကိုဖြတ်ချရန်တောင်းဆိုခြင်းခံရကြောင်းသတင်းထွက်ခဲ့သော်လည်းအင်တာမီလန်စီအီးအိုဘက်ပီမာရော့တာကအပိုဆုကြေးငွေပေးသွားမယ်လို့ဆိုထားပါတယ်။အင်တာမီလန်ဟာကစားသမားများရဲ့လုပ်ခနှစ်လစာကိုလျှော့ချနိုင်မည်ဆိုပါကယူရို၂၅သန်းအထိသက်သာလာမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကအင်တာမီလန်ဂန္ထဝင်ကစားသမားနှင့်ဒါရိုက်တာဂျာဗီးယားဇနက်တီကအင်တာမီလန်မှာကြီးမားတဲ့ဘဏ္ဍာရေးပြဿနာနှင့်ရင်ဆိုင်နေရပြီးယင်းပြဿနာများကိုဟန်ချက်ညီညီဖြစ်လာရေးအတွက်နှစ်အနည်းငယ်အချိန်ယူရနိုင်ကြောင်းဖွင့်ဟခဲ့ဖူးပါတယ်။

zawgyi

ကစားသမားမ်ားအားလုပ္ခႏွစ္လေလွ်ာ့ယူရန္အင္တာဥကၠဌေတာင္းဆို

အင္တာမီလန္ကစားသမားမ်ားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားဟာစီးရီးေအဖလားဆြတ္ခူးရယူေပးၿပီးတစ္ပတ္ေက်ာ္အၾကာမွာဘဲလုပ္ခႏွစ္လစာေလွ်ာ့ခ်ရယူရန္အသင္းရဲ႕ေတာင္းဆိုျခင္းခံခဲ့ရပါတယ္။

အန္တိုနီယိုကြန္တီဦးေဆာင္တဲ့အင္တာမီလန္ဟာ၂၀၁၀ခုႏွစ္ေနာက္ပိုင္းပထမဆုံးစကူဒက္တိုဖလားကိုဆြတ္ခူးႏိုင္ခဲ့ၿပီးဂ်ဴဗင္တပ္ရဲ႕၉ႏွစ္ဆက္တိုက္လႊမ္းမိုးလာခဲ့မႈကိုအဆုံးသတ္ခဲ့ပါတယ္။

ဒါေပမယ့္လည္းအင္တာမီလန္ဥကၠဌစတီဗင္ေက်ာင္ဟာဘ႑ာေရးျပႆနာမ်ားႏွင့္ရင္ဆိုင္ေနရမႈနဲ႔အတူလုပ္ခႏွစ္လစာေလွ်ာ့ယူေပးၾကရန္ေတာင္းဆိုထားပါတယ္။

စတီဗင္ေက်ာင္ဟာအင္တာမီလန္ကစားသမားမ်ားႏွင့္၄၅မိနစ္ၾကာေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့စဥ္အတြင္းလုပ္ခေလွ်ာ့ယူေပးၾကရန္ေတာင္းဆိုခဲ့တာလည္းျဖစ္ပါတယ္။အျခားတစ္ဖက္တြင္အင္တာမီလန္ဥကၠဌဟာကစားသမားတစ္ဦးခ်င္းစီေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္သြားဦးမွာလည္းျဖစ္ပါတယ္။

အေစာပိုင္းတုန္းကအင္တာမီလန္ကစားသမားမ်ားဟာစကူဒက္တိုဖလားဆြတ္ခူးႏိုင္မႈေၾကာင့္ရရွိလာမႈအပိုဆုေၾကးမ်ားကိုျဖတ္ခ်ရန္ေတာင္းဆိုျခင္းခံရေၾကာင္းသတင္းထြက္ခဲ့ေသာ္လည္းအင္တာမီလန္စီအီးအိုဘက္ပီမာေရာ့တာကအပိုဆုေၾကးေငြေပးသြားမယ္လို႔ဆိုထားပါတယ္။

အင္တာမီလန္ဟာကစားသမားမ်ားရဲ႕လုပ္ခႏွစ္လစာကိုေလွ်ာ့ခ်ႏိုင္မည္ဆိုပါကယူ႐ို၂၅သန္းအထိသက္သာလာမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းကအင္တာမီလန္ဂႏၴဝင္ကစားသမားႏွင့္ဒါ႐ိုက္တာဂ်ာဗီးယားဇနက္တီကအင္တာမီလန္မွာႀကီးမားတဲ့ဘ႑ာေရးျပႆနာႏွင့္ရင္ဆိုင္ေနရၿပီးယင္းျပႆနာမ်ားကိုဟန္ခ်က္ညီညီျဖစ္လာေရးအတြက္ႏွစ္အနည္းငယ္အခ်ိန္ယူရႏိုင္ေၾကာင္းဖြင့္ဟခဲ့ဖူးပါတယ္။