အင်တာမီလန် ပဲဂိုးပြတ်နိုင်ပါလိမ့်မယ်

ဗုဒ္ဓဟူးည အီတလီစီးရီးအေပွဲကျန်များ ပွဲကြိုသုံးသပ်ချက်

အင်တာမီလန် နှင့် ဆက်ဆူအိုလို (ည ၁၁း၁၅)(မြန်မာပြည်ဂုရု)

ဆက်ဆူအိုလိုရဲ့နောက်ဆုံး ၈ ပွဲဆက်တိုက်ပထမပိုင်းကတည်းကသွင်းဂိုးတွေဖြစ်ပေါ်ခဲ့တာာချည်းပါပဲ။ လက်ရှိမှာဆက်ဆူအိုလိုဟာဘာရာဒီ၊ ကာပူတို တို့ရဲ့တိုက်စစ်ထက်မြက်သလောက်နောက်တန်းကတော့မလိုလားအပ်ဘဲဂိုးတွေအများကြီးပေးနေရတယ်။

အင်တာမီလန်ကတော့ဇယားထိပ်ဆုံးကအသင်းပီပီခြေစွမ်းထက်မြက်လွန်းပါတယ်။ လူကာကူ၊ မာတီနက်ဇ် တို့ရဲ့အင်တာတိုက်စစ်ကကြောက်စရာကောင်းလောက်အောင်ထက်မြက်ပြီးကွင်းလယ်နဲ့ခံစစ်ကလည်းမာကျောတည်ငြိမ်လှပါတယ်။ ပထမအကျော့တုန်းကအတိုင်းအင်တာမီလန်ပဲဂိုးပြတ်နိုင်ပါလိမ့်မယ်။

zawgyi




