ချန်ပီယံလိဂ်ညမှာအင်တာမီလန်ပန်းကန်ပြားပျံတွေရေတွက်လို့မဆုံး

Play Maker 3D

🔴 ဟန်စိုးသွေး၊ Nကြယ်မင်း၊ မင်းနဒီ

ဒီကမ္ဘာကြီးထဲကိုယ်ဖြစ်ချင်တာတွေနံပါတ်စဉ်ချရေးလိုက်လျှင်ဘယ်လောက်တောင်များပြားသွားမလဲမပြောတတ်ပါ။သို့သော်အဲ့ဒီထဲကဘယ်နှစ်ခုကိုရောကိုယ်ဖြစ်စေချင်သည့်အတိုင်းပိုင်ဆိုင်နိုင်ခဲ့ကြလို့လဲ။အုပ်စုအဆင့်ပွဲစဉ်တွေပြီးဆုံးရန်နှစ်ပွဲစီသာကစားရဖို့ကျန်ရှိနေချိန်အထိနိုင်ပွဲမရသေးသည့်အသင်း(၇)သင်းတိတိမြင်တွေ့ရနိုင်ပါသေးသည်။

အဲ့ဒါဆန်းလို့လား။အားကြီးသည့်သူတွေသာရှင်သန်ကြမြဲမဟုတ်လား။သို့သော် အဲ့ဒီ(၇)သင်းထဲလိုက်ပ်ဇစ်၊အေစီမီလန်၊ဆီဗီလာတို့ပါဝင်နေတာကတော့ အံ့သြစရာဖြစ်ရပြန်သည်။အဲ့ဒါကပဲချန်ပီယံလိဂ်ညများ၏မှော်ဆန်မှုကိုထိစမ်းမိသွားကြပြန်သည့်သဘောမဟုတ်လား။အဲ့ဒီ(၇)သင်းအုပ်စုထဲရှက်တာဒိုးနက်ပါဝင်နေတာကတော့ပြောစရာဖြစ်ရသည့်တိုင်သိပ်တော့မထူးဆန်းဘူးထင်သည်။

အဲ့ဒီယူကရိန်းတွေဒီတစ်ပတ်အင်တာမီလန်နှင့်တွေ့ရမတဲ့။နိုင်ပွဲကင်းမဲ့ဝဋ်ထဲကဒင်းတို့ ဒီတစ်ပတ်ပဲကျွတ်လွတ်မည်ဟုဘယ်သူကအာမခံနိုင်မှာတဲ့လဲ။ ဆရာဟန်စိုးသွေးကအဲ့ဒီမေးခွန်းကိုဒီတစ်ပတ်ချခင်းပေးလိုက်ပါသည်။သူကိုယ်တိုင်၊ ပြီးတော့သူ့မိတ်ဆွေနှစ်ယောက်ကဘယ်လိုများသဘောထားရှိကြမည်တဲ့လဲ..။

အင်တာမီလန် – ရှက်တာဒိုးနက်(2+90)

🔴 Nကြယ်မင်

အောက်တိုဘာ၁၆တုန်းကလာဇီယိုကိုနောက်ဆုံးရှုံးခဲ့တာမှတ်မိနေပါသေးတယ်။အဲ့ဒီနောက်မှာတော့မာရသွန်အင်ဇာဂီကိုတွေ့ကြရတော့တာပဲ။အဲ့ဒီနောက်ကစားတဲ့၇ပွဲမှာ၅ပွဲနိုင်၊၂ပွဲသရေကစားခဲ့တယ်။

ရီးယဲလ်ကိုတောင်တက်နိုင်ထားတဲ့ရှရစ်ဖ်တွေကိုနှစ်ပွဲလုံး(3-1)နဲ့မော်လ်ဒိုဗာချွတ်ခန်းလုပ်ခဲ့တယ်။အဲ့ဒီ၇ပွဲထဲမှာပဲအမ်ပိုလီနဲ့ အူဒီးနီးစ်ကို(2-0)တွေချည်းကစားခဲ့တာဘာဆန်းတော့သလဲဆိုရင်တောင်ဂျူဗီနဲ့ မီလန်ကိုသရေကစားပြီးနာပိုလီကိုပထမဆုံးအရှုံးနဲ့မိတ်ဆက်ပေးနိုင်ခဲ့တာတွေဟာရဲရင့်ပါတယ်။

ရှက်တာဟာမာလော့စ်လောက်နဲ့ ဥရောပကိုသိမ်းချင်လို့မရကြောင်း၊ချန်ပီယံလိဂ်ဟာယူကရိန်းနဲ့ခြားနားကြောင်းဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့လောက်အောင်သင်ယူနေရပြန်တယ်။အခုလည်းအိမ်ကွင်းမှာသရေကစားခဲ့တာကလွဲရင်ပွဲတိုင်းရှုံးတယ်။၄ပွဲမှာတစ်ဂိုးပဲရပြီး ၉ဂိုးပေးခဲ့ရတယ်။အဲ့ဒီလောက်နဲ့ အင်တာကိုဘယ်လိုများယှဉ်မှာလဲ။

လက်ကျန်နှစ်ပွဲလုံးအနိုင်ယူပြီးယူရိုပါလိဂ်ဆင်းကစားချင်ဦးမလားဆိုပေမယ့်အဲ့ဒါကမလွယ်ကူတော့ပါဘူး။ မျှော်လင့်ချက်ကင်းမဲ့မှုကသူတို့ကို အဆိပ်ထုတ်ပြီးသားလည်းဖြစ်စေပါလိမ့်မယ်။၂၀၂၀၊ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တုန်းကအင်တာတွေ ၅ဂိုးပြတ်ကစားခဲ့တာကိုလည်းလက်ရှိမြေပြင်အခြေအနေတွေကသတိရစေပါလိမ့်မယ်။အင်တာဟာအုပ်စုဗိုလ်ဖြစ်လိုမှုအတွက်ရီးယဲလ်ကွင်းသွားမကစားခင်ဒီပွဲကိုအပြတ်ဖြတ်ပါလိမ့်မယ်။အင်တာပဲကောင်းပါတယ်။

🔴  ဟန်စိုးသွေး

အင်တာဟာပြီးခဲ့တဲ့ချန်ပီယံလိဂ်၂ပွဲမှာရှာရစ်ကိုနှစ်ကြော့စလုံးအနိုင်ရခဲ့လို့နောက်တစ်ဆင့်တက်ခွင့်ရဖို့အခြေအနေကောင်းသွားခဲ့တယ်။အဲဒီ၂ပွဲစလုံးအင်တာခြေစွမ်းအတော်ကောင်းခဲ့ပြီးဂိုးကန်သွင်းခွင့်တွေအများအပြားရခဲ့ကာ၃-၁ ၁-၃ နဲ့ ဂိုးပြတ်တွေနဲ့အနိုင်ရခဲ့တာဖြစ်တယ်။အခုဆိုရင်၇မှတ်ပိုင် ဆိုင်ထားတဲ့အင်တာဟာအခုပွဲမှာ၃မှတ်အပြည့်ရယူနိုင်ခဲ့ရင်နောက်တစ်ဆင့်တက်ခွင့်ရဖို့သေချာသွားမှာဖြစ်တယ်။နောက်ဆုံးပွဲစဉ်အဖြစ်ရီးရဲလ်ကွင်းမှာသွားကစားရမယ့်အင်တာအတွက်ဒီပွဲဟာအင်မတန်အရေးကြီးတာကြောင့်လူစုံထုတ်ဖောင်ဖျက်ကစားလိမ့်မယ်။ယူကရိန်းလိဂ်မှာဆရာကြီးအသင်းဖြစ်တဲ့ရှက်တာဒိုးနက်ဟာဥရောပအဆင့်မှာတော့ခြေစွမ်းမပြနိုင်တာတွေ့ရတယ်။

ဘရာဇီးကစားသမားများစွပါဝင်တဲ့ရှက်တာဟာချန်ပီယံလိဂ်၄ပွဲမှာ၁ပွဲသာသရေကစားနိုင်ခဲ့ပြီး၃ပွဲရှုံးနိမ့်ခဲ့တယ်။အဲဒီ၄ပွဲမှာ၁ဂိုးသာသွင်းယူနိုင်ခဲ့ပြီး၉ဂိုးပေးခဲ့ရတဲ့အထိရှက်တာစွမ်းဆောင်ရည်ညံ့ခဲ့တာမျိုးဖြစ်တယ်။နောက်ဆုံးချန်ပီယံလိဂ်၂ပွဲမှာရီးရဲလ်ကိုနှစ်ကျော့စလုံးရှုံးခဲ့တဲ့ရှက်တာဟာယူရိုပါလိဂ်ဆင်းကန်ခွင့်ရဖို့မျှော်လင့်ချက်ပါးပါးလေးအတွက်အားစိုက်ကစားဦးမှာဖြစ်ပေမယ့်အင်တာကိုရင်ဘောင်တန်းယှဉ်ကန်နိုင်ဖို့ခက်ပါတယ်။ဒီပွဲမှာအင်တာက၂ဂိုး၉၀နိုင်ဆိုပြီးအကြောပေးထားတယ်။

အင်တာဟာပြီးခဲ့တဲ့စီးရီးအေပွဲမှာခြေစွမ်းအတော်ကိုကောင်းခဲ့ပြီးခံစစ်မာတဲ့နာပိုလီကို၃-၂နဲ့အနိုင်ယူခဲ့တယ်။ချန်ပီယံလိဂ်အိမ်ကွင်းပွဲတွေမှာလည်းအင်တာခြေစွမ်းကောင်းခဲ့တာတွေ့ရတယ်။ရီးရဲလ်ကိုဝ-၁နဲ့ရှုံးခဲ့ပေမယ့်တချိန်လုံးခြေစွမ်းအသာနဲ့ကစားနိုင်ခဲ့တာဖြစ်ပြီး၈၉မိနစ်မှာမထင်မှတ်ဘဲဂိုးပေး လိုက်ရလို့ရှုံးခဲ့တာမျိုးဖြစ်တယ်။နောက်တစ်ဆင့်တက်ခွင့်အတွက်ဗိုလ်လုပွဲလိုမျိုးအားထည့်ကစားမယ့်အင်တာကိုရှက်တာယှဉ်နိုင်ဖွယ်ရာမရှိပါဘူး။အိမ်ရှင်အင်တာဂိုးပြတ်အနိုင်ရသွားပါလိမ့်မယ်။

🔴 မင်းနဒီ (change)

အင်တာမီလန်က ၁-၁၀၀ နဲ့ ၃-၂၀ ပေးထားပါတယ်။ ဒီပေါက်ကြေးကမူလဖွင့်လှစ် ၁-၈၀ နဲ့ ၃-၁၀ ကနေပြောင်းလာတဲ့ကြေးဖြစ်တယ်။ကြေးပြောင်းအနေအထားနဲ့ အင်တာရဲ့နောက်တစ်ဆင့်အတွက်နိုင်ပွဲလိုအပ်ချက်ကိုပြန်လည်နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်အင်းတာရဲ့ကြေးပြောင်းကနုလွန်းနေသေးတယ်ဆိုရမယ်။ဒါပေမဲ့အင်တာဟာပထမအကျော့မှာခြေစွမ်းအသာစီးမရခဲ့ပဲ ၀-၀ သရေကျခဲ့တာကြောင့်အင်တာအနေနဲ့ ကြေးပြောင်းမကြမ်းရဲတာလည်းဖြစ်နိုင်တယ်။ အင်တာဟာအဖွင့်ပွဲမှာရီးယဲလ်ကိုရှုံးပြီးရှက်တာကိုသရေကျခဲ့ပေမဲ့အုပ်စုတွင်းမှာဖျက်မြင်းဖြစ်နေတဲ့ ရှရစ်ဖ်ကို ၂ ကျော့စလုံး ၃-၁ နဲ့အနိုင်ရလိုက်တာကြောင့်အုပ်စုဒုတိယနေရာကိုရောက်လာခဲ့ပြီးနောက်တစ်ဆင့်အတွက်မျှော်လင့်လို့ရသွားခဲ့တယ်။ဒီအတွက်လက်ကျန် ၂ ပွဲစလုံးမှာခြေချော်လက်ချော်မဖြစ်ဖို့တော့လိုအပ်ပါတယ်။

အထူးသဖြင့်ရှက်တာနဲ့ပွဲကနောက်တစ်ဆင့်အတွက်အဆုံးအဖြတ်ဖြစ်နေတာကြောင့်ဒီပွဲကလုံးဝအတိမ်းအစောင်းခံလို့မရဖြစ်နေတယ်။တစ်ဖက်မှာရီးယဲလ်ကလည်းရှရစ်ဖ်နဲ့ထိပ်တိုက်တွေ့နေပြီးနိုင်ပွဲရဖို့လိုအပ်နေတဲ့ ဖိအားတွေရှိနေတာကအင်တာကိုအခြေအနေကောင်းသွားစေပါတယ်။ဒီအနေအ ထားမှာအင်တာရဲ့ကြေးပြောင်းကအခုလက်ရှိအနေအထားထက်ပိုပြီးပြတ်သားနေရမှာပါ။ဒါပေမဲ့အင်တာဟာရှက်တာနဲ့ဆုံတွေ့ခဲ့တဲ့အစဉ်အလာနဲ့ ပေးခဲ့ဖူးတဲ့ကြေးတွေအရ ၁-၁၀၀ ဆိုတာကပုံမှန်ပေးနေကျအနေအထားမျိုးမှာရှိနေတာကိုသွားတွေ့ရတယ်။ပထမအကျော့ခြေစွမ်းမှာရှက်တာကဘော လုံးပိုင်ဆိုင်မှုအသာစီးနဲ့ အင်တာကိုဖိအားပေးနိုင်ခဲ့တာကြောင့်လည်းအင်တာအနေနဲ့ ၁-၁၀၀ လောက်မှာတန့်နေတာဖြစ်နိုင်တယ်။ တကယ်တမ်းဒီရာသီ ရှက်တာရဲ့ခြေစွမ်းကတော်တော်လျော့ပါတယ်။တိုက်စစ်က ၄ ပွဲမှာ၁ဂိုးပဲသွင်းယူနိုင်ခဲ့တဲ့အားထုတ်နိုင်စွမ်းကလည်းလက်ရှိနည်းပြဒီဇာဘီနဲ့ ဥရောပမှာ အလုပ်မဖြစ်တာသေချာနေတယ်။

အင်တာကဆင်မိုနီအင်ဇာဂီလက်ထက်မှာတိုက်စစ်ကစားပုံပိုကောင်းလာပြီးအသင်းကအံ့မခမ်းသွင်းဂိုးတွေသွင်းယူနေတာကြောင့်လည်းမက်မောစရာကောင်းနေပါတယ်။ နာပိုလီနဲ့ပွဲမှာနောက်ကလိုက်ကစားခဲ့ရပေမဲ့တည်ငြိမ်တဲ့ကစားပုံနဲ့အတူမာတီနက်စ်၊ ကော်ရီယာ၊ ပါရီဆစ်၊ ကယ်လ်ဟာနိုဂလူတို့ရဲ့ ထက်မြက်တဲ့တိုက်စစ်ကြောင့်ဂိုးတွေကိုသက်သောင့်သက်သာနဲ့ပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့်လည်းအင်တာအနေနဲ့ ရှက်တာကိုအိမ်ကွင်းမှာဂိုးပြတ်အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေမိတယ်။ ဒါပေမဲ့အင်တာရဲ့အမှတ်လိုအပ်ချက်နဲ့ဖွင့်ကစားလာမယ့်တိုက်စစ်ကိုသဘောကျမိသလိုသူတို့ခံစစ်ကဂိုးပြန်ပေးတတ်တဲ့အလေ့အကျင့်ရှိတာကြောင့်အင်တာနဲ့ ဂိုးပေါ်ကိုတွဲကစားတာကောင်းလိမ့်မယ်လို့ပြောချင်တယ်။

ဒီတစ်ပတ် 3D

🔴ဒီတစ်ပတ်မှာ သူတို့သုံးဦးလုံးအင်တာကိုရွေးခဲ့ကြပါတယ်။ Play Maker 3D Special Choice အဖြစ်အင်တာမီလန်’ကိုပေးပို့လိုက်ရပါတယ်။ 3D နဲ့အတူနှစ်ပေါင်းများစွာအတူဖြတ်သန်းခဲ့ကြတဲ့ပရိသတ်ကြီးကိုကျနော်တို့ကအမြဲလိုသတိတရရှိနေကြတာပါ။ဒါကြောင့်လည်း အရင်ရာသီတွေက EPL 3D ကိုသာအပတ်စဉ်တင်ဆက်ခဲ့ကြတာဆိုပေမယ့် ဒီရာသီမှာတော့ UCL 3D ကိုပါ ထပ်မံပြီးပေးပို့ခဲ့တာဖြစ်ပါတယ်။ မာရသွန်အင်ဇာဂီရဲ့လမ်းကို တစ်ချက်လက်ကမ်းပေးလိုက်ကြပါလားပရိသတ်ကြီး..