ဗီရိုနာဂိုးပြတ်မရှုံးအောင် ရင်ဆိုင်နိုင်မယ်လို့ ယုံကြည်မိတယ်

တနင်္ဂနွေည အီတလီစီးရီးအေ ပွဲစဉ်-၃၃ ပွဲကြိုသုံးသပ်ချက်

အင်တာမီလန် နှင့် ဗီရိုနာ (ည ရး၃၀)(မြန်မာပြည်ဂုရု)

လက်ကျန် ၆ပွဲသာကျန်ရှိတော့ချိန်မှာဒုတိယနေရာကအေစီမီလန်ကိုတောင်၁၀မှတ်အထိဖြတ်ထားလို့ အင်တာမီလန်အတွက်သရဖူကလက်တစ်ကမ်းအကွာကိုရောက်ရှိနေပြီဆိုရပါမယ်။

နောက်ဆုံး ၂ပွဲဆက်တိုက်သရေရလဒ်တွေပိုင်ဆိုင်ခဲ့တဲ့အင်တာမီလန်အနေနဲ့ ပြိုင်ပွဲမပြီးခင်အရှိန်အဟုန်လျော့ကျသွားမှာစိုးရိမ်လို့အမှတ်အရမ်းမပြတ်အောင်ထိန်းကစားနေသလားထင်ချင်စရာပါ။

ဒီလိုသာဆိုရင်အခုပွဲမှာလည်းဗီရိုနာကိုထိန်းကစားပြီးယှဉ်ပြိုင်ပါလိမ့်မယ်။ ဒီပွဲမှာအင်တာမီလန် ၂ဂိုးပြတ်နိုင်မှပျော်ရွှင်ခွင့်ရရှိမှာပါ။ ဗီရိုနာအမှတ်မလိုအပ်ဘူးဆိုပေမယ့်လည်းအင်တာမီလန်ရဲ့ခပ်အေးအေးကစားမှုကြောင့်ဂိုးပြတ်မရှုံးအောင်ရင်ဆိုင်နိုင်မယ်လို့ယုံကြည်မိတယ်။

zawgyi




