ရှိသမျှယူနစ်တွေ ပုံအောကစားပစ်ရမယ်

တနင်္ဂနွေည ယူအီးအက်ဖ်အေ နေးရှင်းလိဂ် တတိယနေရာလုပွဲ ပွဲကြိုသုံးသပ်ချက်

အီတလီ နှင့် ဘယ်ဂျီယံ (ည ရး၃၀)(အိုဇုန်း)

ဆီမီးဖိုင်နယ်မှာပြင်သစ်ကိုအရေးနိမ့်ခဲ့ရပေမယ့်တကယ်တမ်းမှာတော့ခြေစွမ်းအရဆိုရင်ဘယ်ဂျီယံအသင်းဗိုလ်လုပွဲတက်ဖို့ထိုက်တန်ပါတယ်။လူကာကူ၊ ဟာဇက်၊ ကာရက်စ်ကိုတို့ရဲ့တိုက်စစ်ပိုင်းကထိုးဖောက်ဂိုးသွင်းအားမြင့်မားပြီးကွင်းလယ်နဲ့ခံစစ်ကြောင်းကလည်းရှေ့အထိလိုက်ပါကူညီကစားလွန်းကြတယ်။

အီတလီကတော့ဘိုနုချီပွဲပယ်ခံထားရလို့ခံစစ်ကြောင်းအားပျော့နေမယ့်အသင်းဖြစ်ပြီးသူတို့တိုက်စစ်ကြောင်းမှာတော့အင်ဆစ်ဂ်နီ၊ ဘာနာဒက်ချီ၊ ချီဆာ တို့လိုဂိုးသွင်းစွမ်းရည်ထက်မြက်သူတွေကို ပိုင်ဆိုင်ထားပါတယ်။

တတိယနေရာလုပွဲလည်းဖြစ်တာကြောင့်နှစ်သင်းစလုံးဖိအားကင်းကင်းကစားရင်းအပြန်အလှန်သွင်းဂိုးတွေဖြစ်ပေါ်လာနိုင်တယ်။ဂိုးပေါင်းဈေးကို ကြည့်လိုက်တာ၂ဂိုးအရှုံးဆိုတော့ပျော်မိပြီလေ။ ဖြစ်ချင်ရာဖြစ်စမ်းပါစေဂိုးပေါင်းအပေါ်ဘက်ကနေရှိသမျှယူနစ်တွေပုံအောကစားပစ်ရပါမယ်။

zawgyi





