အဇူရီကောင်းကင်အောက်က ဘိုးအေတို့ရဲ့ငိုကြွေးသံ

တနင်္ဂနွေည ယူရို ၂၀၂၁ ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

အီတလီ နှင့် အင်္ဂလန် ( ည ၁း၃၀)(စိုင်းကိုတောင်ကြီး)

ဆီမီးဖိုင်နယ်မှာ ဒိန်းမတ်ကိုဖြတ်ကျော်လာပေမယ့် အင်္ဂလန်ရဲ့ခြေစွမ်းကကောင်းမွန်ခြင်းမရှိခဲ့ဘူး။ဒိန်းမတ်နောက်ခံလူဆိုင်မွန်ကေဂျာကိုယ့်ဂိုးကိုယ်သွင်းလို့သာအင်္ဂလန်ချေပဂိုးရရှိခဲ့တာဖြစ်ပြီးဟာရီကိန်းသွင်းတဲ့အနိုင်ဂိုးကလည်းရရှိတဲ့ပင်နယ်တီကို ကန်သွင်းတာပြန်လျှံထွက်လာတာကတစ်ဆင့်ပိတ်သွင်းယူနိုင်ခဲ့တာပါ။

အင်္ဂလန်ရဲ့မာဂုဏ်ကခံစစ်လုံခြုံမှုသာရှိပြီးကွင်းလယ်နဲ့တိုက်စစ်ကတော့အားရစရာမကောင်းလှဘူး။အီတလီကတော့ ပြိုင်ပွဲတစ်လျှောက်လုံး ချန်ပီယံဖြစ်ထိုက်တဲ့ခြေစွမ်းမျိုးပြသထားနိုင်တဲ့အသင်းဖြစ်တယ်။

အီတလီကွင်းလယ်နဲ့ခံစစ်ကအားကောင်းမောင်းသန်ရှိပြီးတိုက်စစ်ကလည်းဂိုးသွင်းအားမဆိုးလှဘူး။ဒါကိုတောင်သရေဆိုရင်အင်္ဂလန်ခပ်ပါးပါးနစ်နာရဦးမယ်ဆိုတော့အီတလီနဲ့အတူ ရှိနေရပါမယ်။အဇူရီ မိုးကောင်းကင်အောက်ကဘောလုံးဘိုးအေတို့ရဲ့ ငိုကြွေးသံကို နားဆင်လိုက်ကြရအောင်။

zawgyi

အဇူရီေကာင္းကင္ေအာက္က ဘိုးေအတို႔ရဲ႕ငိုေႂကြးသံ

တနဂၤေႏြည ယူ႐ို ၂၀၂၁ ဗိုလ္လုပြဲ ပြဲႀကိဳသုံးသပ္ခ်က္

အီတလီ ႏွင့္ အဂၤလန္ ( ည ၁း၃၀)(စိုင္းကိုေတာင္ႀကီး)

ဆီမီးဖိုင္နယ္မွာ ဒိန္းမတ္ကိုျဖတ္ေက်ာ္လာေပမယ့္ အဂၤလန္ရဲ႕ေျခစြမ္းက ေကာင္းမြန္ျခင္းမရွိခဲ့ဘူး။ဒိန္းမတ္ေနာက္ခံလူ ဆိုင္မြန္ေကဂ်ာ ကိုယ့္ဂိုးကိုယ္သြင္းလို႔သာ အဂၤလန္ ေခ်ပဂိုးရရွိခဲ့တာျဖစ္ၿပီး ဟာရီကိန္းသြင္းတဲ့ အႏိုင္ဂိုးကလည္း ရရွိတဲ့ပင္နယ္တီကို ကန္သြင္းတာ ျပန္လွ်ံထြက္လာတာကတစ္ဆင့္ ပိတ္သြင္းယူႏိုင္ခဲ့တာပါ။အဂၤလန္ရဲ႕မာဂုဏ္က ခံစစ္လုံၿခဳံမႈသာရွိၿပီး ကြင္းလယ္နဲ႔တိုက္စစ္ကေတာ့ အားရစရာမေကာင္းလွဘူး။

အီတလီကေတာ့ ၿပိဳင္ပြဲတစ္ေလွ်ာက္လုံး ခ်န္ပီယံျဖစ္ထိုက္တဲ့ေျခစြမ္းမ်ိဳးျပသထားႏိုင္တဲ့အသင္းျဖစ္တယ္။အီတလီကြင္းလယ္နဲ႔ခံစစ္က အားေကာင္းေမာင္းသန္ရွိၿပီး တိုက္စစ္ကလည္း ဂိုးသြင္းအား မဆိုးလွဘူး။ဒါကိုေတာင္ သေရဆိုရင္ အဂၤလန္ခပ္ပါးပါးနစ္နာရဦးမယ္ဆိုေတာ့ အီတလီနဲ႔အတူ ရွိေနရပါမယ္။အဇူရီ မိုးေကာင္းကင္ေအာက္က ေဘာလုံးဘိုးေအတို႔ရဲ႕ ငိုေႂကြးသံကို နားဆင္လိုက္ၾကရေအာင္။